Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဖူဂျီတောင်ခြေက ဂျပန်စစ်ရေးလေ့ကျင့်မှု

$
0
0

ဂျပန်စစ်ဘက်က နိုင်ငံပိုင်နက်ကို ကာကွယ်တဲ့နေရာမှာ အသုံးပြုမယ့် နည်းဗျူဟာတွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို အများပြည်သူသိအောင် ပြတဲ့အနေနဲ့ တင့်ကားတွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကနေ လက်နက်ကြီးကျည်တွေ၊ ဒုံးကျည်တွေနဲ့ ဖူဂျီတောင်ခြေကို ပစ်ခတ်ပြီးတော့ ဒီကနေ့ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုမှာ Apache တိုက်ခိုက်ရေးရဟတ်ယာဉ်လို စစ်လေယာဉ် အစီး ၆၀၊ တိုက်ပွဲဝင်တင့်ကား အစီး ၈၀ နဲ့ တခြားတိုက်ခိုက်ရေးယာဉ်တွေ ပါဝင်ပါတယ်။

ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးခဲ့ပြီးကတည်းက ဆယ်စုနှစ်ပေါင်းများစွာကြာအောင် လှုပ်ရှားမှုမရှိခဲ့တဲ့ ဂျပန်စစ်ဘက်ဟာ လက်ရှိမှာ တရုတ်ရဲ့စစ်အင်အားကို စိုးရိမ်မှုကြောင့် စစ်တပ်အနေအထားကို မြှင့်တင်လာနေခဲ့တာပါ။ အာရှဒေသမှာ တရုတ်ရဲ့ ကြီးထွားလာနေတဲ့ အင်အားကို တန်ပြန်ဖို့အတွက် လက်ရှိ ဂျပန်ဝန်ကြီးချုပ် Shinzo Abe လက်ထက်မှာ စစ်ဘက်ကို ပိုပြီး အခိုင်အမာ တည်ဆောက်နေတာဖြစ်ပါတယ်။

ဒီအတောအတွင်း တောင်ကိုရီးယားနိုင်ငံမှာလည်း အမေရိကန် ပြည်ထောင်စုနဲ့ပူးတွဲပြီး Ulchi လွတ်လပ်မှု ကာကွယ်စောင့်ရှောက်သူ UFG လို့ အမည်ပေးထားတဲ့ နိုင်ငံတ၀ှမ်း လေ့ကျင့်မှုရဲ့ တစိတ်တပိုင်းအဖြစ် အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေး လေ့ကျင့်မှုတခုကို ဆိုးလ်မြို့တော်မှာ ဒီကနေ့ လုပ်ခဲ့ကြပါတယ်။

ဆိုးလ်မြို့တော်၊ အမေရိကန်သံရုံးနားက ဂွမ်ဟွာမွန် မြေအောက်ရထားဘူတာရုံကို တိုက်ခိုက်ခံရတဲ့ပုံမျိုး လေ့ကျင့်မှုမှာ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ အရပ်သားတွေ ပါဝင်လေ့ကျင့်ခဲ့ကြပါတယ်။

ဗွီအိုအေ

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>