Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

NLD ကို အပုတ်ချရေးသားထားသော လက်ကမ်းစာစောင်ဖြန့်ဝေ မှုကြောင့် ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးတစ်ဦး ကို တရားစွဲဆို

$
0
0
NLDပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အပုတ်ချရေးသားထားသော လက်ကမ်းစာစောင်ကို ဖြန့်ဝေခဲ့မှုကြောင့် မကွေးတိုင်းပေါက်မြို့နယ်အတွင်းရှိ
ပြည်ခိုင်ဖြိုးပါတီဝင် စည်းရုံးရေးမှူးတစ်ဦးကို မြောက်ဘက်ကျေးရွာအုပ်စု NLDပါတီဥက္ကဌ ဦးထွန်းသိန်းက သြဂုတ်၁၈ရက်နေ့တွင် မြို့နယ်တရားရုံးသို့
ဦးတိုက်လျှောက်ထား တရားစွဲဆိုမှု ပြုလိုက်ကြောင်း သိရသည်။

“ကျွန်တော်တို့ပါတီ ကိုဘာသာရေးနဲ့ခုတုံးလုပ်ပြီး ၄၃၆နဲ့၅၉စတွေကို ပြင်ဖို့ကြိုးစားနေတယ်၊ ဒီ့ပြင် လက်ကမ်းစာစောင်ထဲမှာ အခြားဘာသာရေးဆိုင်ရာအပုတ်ချမှုတွေလည်း အများကြီးပါပါတယ်” ဟု ယင်းကပြောဆိုသည်။

အဆိုပါ လူပုဂ္ဂုလ်နှင့် ပါတီကို အပုတ်ချရေးသားထားသော စာများကြောင့် မြောက်ဘက်ကျေးရွာအုပ်စု NLD ပါတီဥက္ကဌအနေဖြင့် ရဲစခန်းသို့တိုင်းကြားခဲ့ပြီးပေါက်မြို့နယ်ရဲစခန်းမှ ပုဒ်မ၅၀၀ဖြင့် အမှုဖွင့်ပေးပြီး မြို့နယ်တရားရုံးသို့ ဦးတိုက်တရားစွဲဆိုရာတွင်လည်း ပြစ်မှုကြီးအမှတ်၂၂၅/၁၄ဖြင့် အမှုကို လက်ခံပြီး
တရားလိုဦးထွန်းသိန်းကို သြဂုတ်လ ၁၈ရက်နေ့တွင် စတင်စစ်ဆေးနေပြီးဖြစ်ကြောင်းလည်း တရားလိုကပြောဆိုသည်။

ယင်းသို့အပုတ်ချလက်ကမ်းစာစောင် ဖြန့်ဝေမှုကို ပေါက်မြို့နယ်၊ မြောက်ဘက်ကျေးရွာအုပ်စု NLDပါတီဥက္ကဌအနေဖြင့် တရားစွဲဆိုခြင်းအပြင်
ရွေးကောက်ပွဲကော်မရှင်ထံသို့လည်း တိုင်းကြားမှုပြုလုပ်ထားပြီး နောက်နောင်ယခုကဲ့သို့ မဖြစ်စေရန်သာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး တရားရုံးသို့အမှုဖွင့်တိုင်းကြားရာတွင်လည်း NLDပါတီဝင်၁၅ခန့် လိုက်ပါလာကြောင်းလည်း သိရသည်။

ထိုလက်ကမ်းစာစောင် ဖြန့်ဝေမှုကို သြဂုတ်လ၁၀ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး ယင်းလက်ကမ်းစာစောင်ကြောင့် မြောက်ဘက်ကျေးရွာ အုပ်စုအတွင်းNLDပါတီကိုထောက်ခံသူများအကြား သံသယဖြစ်စေခဲ့ပြီး ပြန်လည်စည်းရုံးသိမ်းသွင်း ရာတွင်ပင် အခက်အခဲများစွာကြုံတွေ့ခဲ့ရကြောင်းလည်း သိရသည်။

စောကျော်ဝင်း(စလင်း)
မြန်မာ့ခောတ်

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>