အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ( NLD ) မှ ပြည်သူ့လွှတ်တော် ဒေါ် စန္ဒာမင်း၏ မဲဆန္ဒနယ်ဖြစ်သော ဇမ္ဗူ သီရိမြို့နယ်အတွင်းရှိ မူလတန်းကျောင်း ကို နို့တိုက်မည့် အစိအစဉ်မှ မြို့နယ် ပညာရေးမှူးက ချန်လှပ်ခဲ့သည်ဟု ၎င်းင်းက The Ladies သို့ပြောသည်။
“အကွက်ကြီး ၅ ဆိုတဲ့ အမက ကျောင်းလေးကို ဒီနှစ်တော့ နို့တိုက် မယ့် အစီအစဉ်မှာ မပါတော့ဘူး။ နို့ခွဲတမ်း မပေးတော့ဘူး။ ကျောင်းအုပ်ဆရာမ ကြီးက မြို့နယ်ပညာရေးမှူးကို သွား မေးတယ်၊ ဘာဖြစ်လို့ နို့မတိုက်တာ လဲဆိုတော့ သူ့မှာ အဖြေလည်း မရှိဘူး။ ပေးစရာ အဖြေလည်း ဘာမှ မရှိဘူး။ မရှိဘဲနဲ့ ကျွန်မတို့ကို ဖြတ်ချ လိုက်တယ်”ဟု သူမက ပြောသည်။
မူလတန်းကျောင်းများတွင် နို့တိုက်ကျွေးသည့် အစီအစဉ်ကို သမ္မတ၏ စီမံချက်ဖြင့် ၂၀၁၃ ခုနှစ် တွင် စတင်ခဲ့ပြီး ယခုနှစ်အတွက် နို့ခွဲတမ်းမှ ချန်လှပ်ခံရခြင်းဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ပြော သည်။
နိုင်ငံတော် သမ္မတက လုပ်သည့် စီမံချက်ဖြစ်သောကြောင့် ကျောင်း များအားလုံးကို အလှူရှင် တစ်ဦးရှိပြီး သားဟုလည်းဆိုသည်။ အစိုးရ၏အ စီအစဉ်ဖြင့် ကျောင်းများကို တိုင်းမှ မြို့နယ် သို့ ပြန်ချပေးခြင်းဖြစ်နိုင်သည် ဟု လည်းဆိုသည်။
ပညာရေး ၀န်ကြီးဌာနနှင့် အလှူရှင် ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။
“ဇမ္ဗူသီရိမြို့ နယ်ထဲမှာ ကျောင်း လေး ဆယ်ကျောင်းပဲရှိတာ ပြီးတော့ သမ္မတကြီးရဲ့ နယ်မြေမှာ ရှိတဲ့ဟာလေ။ နေပြည်တော် ၊ ရန်ကုန်အပြင် မန္တလေးကိုတောင် သမ္မတက တိုးချဲ့ မယ် လို့ ပြောနေတာ၊ ဘာဖြစ်လို့ နေ ပြည်တော် မြို့နယ်အတွင်းမှာရှိတဲ့၊ နေပြည်တော်တောင် သမ္မတကြီးရဲ့ မြို့နယ် ထဲမှာ ရှိတဲ့ ကျောင်းလေး ဆယ်ကျောင်းက မူလတန်းကလေးတွေ ကိုတောင် ကျောင်းစေ့ မတိုက်နိုင်ဘဲနဲ့ ဘာလို့ မန္တလေးတိုင်းကိုတောင် တိုးချဲ့ပြီး လုပ်နေမှာလဲ။ သမ္မတကြီး ကိုယ်တိုင် ဒီစီမံချက်ကို ဦးဆောင်ပြီး လုပ်ထားတဲ့ အခါမှာ ဘာဖြစ်လို့ တစ်ကျောင်းတည်း ကွက်ချန် ဖြတ်ရတာလဲ” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
အဆိုပါကျောင်းမှာ ဒေါ်စန္ဒာမင်းမှ မကြာခဏဆိုသလို အကူအညီပေး လှူ ဒါန်းသည့် စာသင်ကျောင်းဖြစ်သည် ဟုလည်း သိရသည်။
သမ္မတကြီး၏ ပညာရေးဝန်ကြီးဌာနကို နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှု တတိယ အဆင့်မြှင့်တင်ရန် အရာထမ်းများကို စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းဟူ၍ ၀န်ကြီးရုံး များက ပေးနေသည်ဟုလည်း သိရ သည်။
“စွမ်းဆောင်ရည်မြှင့်တင်မှုသင် တန်းတွေပေးနေမဲ့အစား အဲ့ဒီအရာ ထမ်းတွေရဲ့ ခေတ်ဟောင်း က နောက် ပြန်ဆွဲနေတဲ့ အတွေးတွေကို အရင်ဆုံး ûပပြင်ပြောင်းလဲဖို့ လိုအပ်တယ်။ အဲ့ဒီ စိတ်ဓာတ်တွေကို အရင်ဆုံးပြု ပြင်ပြောင်းလဲပြီးတော့မှ သမ္မတကြီး ရဲ့ တတိယလှိုင်း ကိုအောင်မြင်အောင် ဆောင်ရွက်နိုင်မယ်။ သူတို့မှာ ဒီလို ဟောင်းနွမ်းနေတဲ့ မကောင်းတဲ့ စိတ်ဓာတ်တွေ ကိုပေါ့။ လူထုကို ဖိနှိပ်ချင် တဲ့စိတ်ဓာတ်တွေရှိနေသရွေ့ သမ္မတ ကြီးရဲ့ တတိယလှိုင်း ဆိုတဲ့ဟာကို မ အောင်မြင်နိုင်ဘူးလို့ ကျွန်မတို့ ပြောချင်တယ်” ဒေါ်စန္ဒာမင်း က The Ladies သို့ ပြောကြားခဲ့သည်။
စစ်ထက်အောင်
အတွဲ ၂ အမှတ်စဉ် ၂၆၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။