Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သတင်းထောက် ၅၀ အား ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားခြင်းကို ပယ်ဖျက်

$
0
0
သမ္မတဦးသိန်းစိန်ကို ဆန္ဒပြခဲ့သည့် သတင်းထောက်များအား ကမာရွတ်မြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အရေးယူထားမှုကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ကမာရွတ်မြို့နယ် ရဲတပ် ဖွဲ့မှူး ဒုရဲမှူး မောင်မောင်ဦးက ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်အား ဆန္ဒပြမှုကြောင့် သတင်းထောက် ၅၀ ခန့်ကို ကမာရွတ်မြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အရေးယူထားသည်ဟု ဇူလိုင်လအတွင်းက ပြောဆိုထားသည်။

‘‘ဆန္ဒပြတဲ့ သတင်းထောက် တွေကို အရေးယူထားတာ မရှိ တော့ပါဘူး။ ပယ်ဖျက်လိုက်ပါပြီ။ ဘာကြောင့် ပယ်ဖျက်လိုက်တယ်ဆိုတာ လုပ်ထုံးလုပ်နည်းအရ ပြောလို့မရပါဘူး။ သတင်း ထောက်တွေကို အရေးယူထား တာ မရှိတော့ပါဘူး’’ဟု ဒုရဲမှူး မောင်မောင်ဦးက 7Day သတင်း ဌာနသို့ အတည်ပြုပြောကြားသည်။

ဇူလိုင်လ ၁၂ ရက်တွင် MPC၌ အနုပညာရှင်များနှင့် သမ္မတ တွေ့ဆုံသော ပွဲကို သတင်း ထောက်အများစုက ၀င်ရောက် သတင်းယူခြင်းမပြုလုပ်ဘဲ MPC ခန်းမရှေ့၌ ရပ်နေကြသည်။ ထို အချိန်တွင် သတင်းထောက် ၂၀ ခန့်က ‘‘မီဒီယာဖိနှိပ်မှုရပ်’’စာတန်းပါ အင်္ကျီများဝတ်ဆင်၍ သတင်းယူရန် လာရောက်သောကြောင့် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်း မှူး မောင်မောင်ဦးက အဆိုပါ သတင်းထောက်များကို MPC ရှိရာရွှေလီလမ်းထဲသို့ ၀င်ရောက်ခွင့် မပေးဘဲတားဆီးခဲ့သည်။ ထိုသို့ တားဆီးခဲ့သောကြောင့် ၎င်းသတင်းထောက်များက ပါးစပ်တွင် တိပ်အမည်းများ ကြက်ခြေ ခတ်ကပ်၍ ကင်မရာများအောက်ချကာ ငြိမ်သက်စွာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

http://www.7daydaily.com/

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...