Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အစိုးရမီဒီယာသမားများကို ပိုက်ဆံပေးသည့် ဧရာတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင် ဝေဖန်ခံရ

$
0
0


ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြမြို့နယ် အဝေးပြေးဝင်း ပန္နက်ချပွဲ၌ ၀န်ကြီးချုပ် ဦးသိန်းအောင် က အစိုးရ သတင်းမီဒီယာ သမားများကို ပိုက်ဆံပေးခြင်းနှင့် ပတ်သက်၍ မပြုလုပ်သင့်ဟု ယင်းဒေသခံ ပုဂ္ဂလိက မီဒီယာ သမားများက သြဂုတ် ၁၈ ရက်နေ့တွင် ဝေဖန် ပြောဆိုလိုက်သည်

သြဂုတ်လ ၁၅ ရက်နေ့တွင် ကျင်းပသော မြောင်းမြမြို့နယ် အဝေးပြေးဝင်း ပန္နက်ချပွဲ၌ ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်၊ ကျန်းမာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းတို့တက်ရောက်ခဲ့ပြီး အဆိုပါပွဲ၌ ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်က အစိုးရ သတင်း မီဒီယာသမားများကို ပိုက်ဆံများ ပေးခြင်းကြောင့် ယခုကဲ့သို့ ဝေဖန်ကြခြင်း ဖြစ်သည်။

““အဲဒီနေ့က ပန္နက်ရိုက်တဲ့ အချိန်မှာ ဦးတင့်ဆန်းက ပိုက်ဆံကြဲမယ်ဆိုပြီး လုပ်တယ်။သူ့တပည့် တစ်ယောက်က ကားထဲမှာ ၅၀၀၀ တန် တစ်အုပ် ယူလာပေးတယ်။ ဦးတင့်ဆန်းကနေ ဦးသိန်းအောင် လက်ထဲ ထည့်ပေးတယ်။ ပုဂ္ဂလိက မီဒီယာသမားတွေကတော့ မတောင်းဘူး။ တောင်းရင်ပေးမှာပေါ့။ သူတို့ရဲ့ ပြန်/ဆက်က မီဒီယာ တွေပေါ့။ သူတို့တော့ ပေးတယ်။ ပွဲပြီးလို့ လက်ဖက်ရည်ဆိုင် ထိုင်တော့ သူတို့ရဲ့ မီဒီယာ သမားတွေက ငါတို့မို့လို့ ပေးတယ်ဆိုတဲ့ ဂုဏ်ခံယူသွားတယ်။ကျွန်တော်တို့ကလည်း မယူဘူးလို့ ပြန်ပြော လိုက်တယ်။ ဒါတွေဟာ မီဒီယာ အချင်းချင်း သွေးကွဲစေတယ်လို့ မြင်တယ်””ဟု မြောင်းမြမြို့နယ် ဟစ်တိုင် ဂျာနယ်မှ သတင်းထောက် ဦးဖိုးဇော်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းသို့ လုပ်ဆောင်ခြင်းသည် မီဒီယာသမားများအပေါ် ငွေဖြင့် ထိန်းချုပ်ခြင်းဟု မြင်ကြောင်း၊ မီဒီယာ သမားများအား ငွေကြေးပေး၍ စည်းရုံးရေး ပြုလုပ်ခြင်းလောဆိုသည်ကို မေးခွန်း ထုတ်စရာဖြစ်နေ ကြောင်း တို့ကို““အဲ့ဒီနေ့က တောင်းတဲ့အထဲမှာ ပုဂ္ဂလိက မီဒီယာမပါဘူး။ တောင်းတဲ့ သူတိုင်းကို အကုန်ပေးပါတယ်။ ၀န်ကြီးဌာန မီဒီယာသမားတွေက တောင်းတာ။ ငါးထောင်တန်တွေ ချည်းပဲဆိုတော့ အနည်းဆုံး တစ်ယောက် တစ်ရွက်တော့ ရမှာပေါ့။ ဒီလိုလုပ်တာဟာ သူက ပိုက်ဆံပေးလိုက်လို့ ရှိရင် ဒီလူတွေ ပြီးသွားပြီ ပုံစံနဲ့ပေါ့။ မီဒီယာတွေကို ငွေကြေးပေးပြီး စည်းရုံးတာလား ဒါတွေက မလုပ်သင့်တဲ့ အလုပ်တွေပေါ့”” ဟု မြောင်းမြမြို့နယ်ရှိ ပုဂ္ဂလိက မီဒီယာတစ်ခုမှ သတင်းထောက် တစ်ဦးက သုံးသပ်ပြော ကြားသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ငွေပေးခြင်းသည် မည်သည့် အတွက်ကြောင့် ပေးသည့်အပေါ် မူတည်ကြောင်း၊ ကိုယ်ကျိုးအတွက် ပေးသည်ဆိုလျှင် ကျင့်ဝတ်နှင့် မညီကြောင်း၊ ကျင့်ဝတ်နှင့် ညီမှုရှိ၊ မရှိဆိုသည်မှာ ပေးသည့် ရည်ရွယ်ချက်အပေါ်မူတည်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဒေါက်တာ မျိုးသန့်တင်က မြန်မာသံတော်ဆင့်သို့ပြောသည်။

ဧရာတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင် ပါဝင်သော ဧရာအလှ ထာဝရ ဘောလုံးအသင်းနှင့် ဧရာဝတီတိုင်း အတွင်း၌ သတင်းဌာန အသီးသီးမှ သတင်းမီဒီယာသမားများ ပါဝင်သော ဧရာမီဒီယာ အသင်းသို့ သြဂုတ်လ လဆန်းပိုင်းကလည်း ချစ်ကြည်ရေး ဘောလုံးပွဲ ပြုလုပ်စဉ်ကလည်း ပုဂ္ဂလိက မီဒီယာသမားများအား ငွေကျပ် သုံးသိန်း ပေးခဲ့သေးသည်။ အဆိုပါငွေကြေးအား မီဒီယာရန်ပုံငွေအဖြစ်ဆိုကာ လစဉ်ကြေး ထည့်သွင်း၍ သတင်းသမားများ သာရေး၊ နာရေးအတွက် သုံးစွဲရန် ရည်ရွယ်ထားကြောင်း ငွေကြေးလက်ခံရသူ သတင်းသမားများကမြန်မာသံတော်ဆင့်သို့ ပြောသည်။

မြောင်းမြမြို့နယ်သည် NLD မပါသော ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်ဆန်း (ပြည်ထောင်စုဝန်ကြီး)နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းကိုကို (၀န်ကြီးချုပ် အားထား ရသော တိုင်းဒေသကြီး ဘဏ္ဍာအခွန်ဝန်ကြီး)တို့ ရွေးချယ်ခံခဲ့ရသည့် မဲဆန္ဒနယ် ဖြစ်သည်။

တင်ဇာအောင်

photo- facebook

မြန်မာသံတော်ဆင့်သတင်းဌာန 


Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>