Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဆင်ခြင်ကြပါ-ပုရစ်

$
0
0
ဆင်ခြင်ကြပါ..
=======

အီဘိုလာ သံသယရှိတဲ့ လူနာကို..
သယ်ယူလာတဲ့ မြန်မာနိုင်ငံက ကျန်းမာရေး
ဝန်ထမ်းတွေရဲ့ ၀တ်စားဆင်ယင်မှုတွေကိုကြည့်ပြီး
ဝေဘန်နေကြတာကိုတွေ့ရပါတယ်..၊

ဝေလဲ ဝေဘန်စရာပါပဲ..နိုင်ငံတကာကအဖွဲ့တွေက..
ပိုးမွှားကာကွယ်ရေးဝတ်စုံတွေဝတ်တဲ့အချိန်မှာ
ကျွန်တော်တို့ဆီကကျန်းမာရေးအဖွဲ့တွေဟာ..
ကွမ်းယာဖိုးလောက်ပဲတန်ကြေးရှိတဲ့ Mask ကိုပဲ
စွပ်ထားတာကို တွေ့ရပါတယ်.။

ပြီးရင်..ရောဂါပိုး မှန်မမှန်စစ်ဆေးမှုကိုလဲ
ကျွန်တော်တို့နိုင်ငံမှာ ..
မလုပ်နိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်..

တကယ်ဆိုရင် အီဘိုလာဗိုင်းရပ်စ်ဟာ..
ကမ္ဘာမှာ ၁၉၇၀ ကျော်နှစ်တွေကတည်းက
စတင်တွေ့ရှိခဲ့ပြီး..
၁၉၉၄ လောက်မှာ အာဖရိကတိုက်မှာ
စတင်ကူးစက်ဖြစ်ပွားခဲ့ပြီး ပထမအကြိမ်.
ကမ္ဘာကျော်ခဲ့ပါတယ်..၊

အီဗိုလာကူးစက်တာကို ဇာတ်အိမ်ဖွဲ့ထားတဲ့
Outbreak ဆိုတဲ့ ရုပ်ရှင်တောင်မှ..
1995 ခုနှစ်တုန်းက..ကမ္ဘာကျော်ခဲ့ဖူးပါတယ်...

အဲဒါကိုကြည့်ရင်..
မြန်မာနိုင်ငံရဲ့ကျန်းမာရေးအသိ၊
ကျန်းမာရေးစောင့်ရှောက်မှုဟာ..
ဘယ်အဆင့်အထိရှိလဲ ဆိုတာကို..
တွေ့ရမှာဖြစ်ပါတယ်..

တကယ်တော့...
မြန်မာနိုင်ငံဟာ...
စစ်အာဏာရှင်ခေတ်ကစလို့
ကျန်းမာရေး ပညာရေးနဲ့ပတ်သက်ရင်..
လုံးဝ...အားပေးခြင်းမခံရတဲ့တိုင်းပြည်ဖြစ်ခဲ့ပါတယ်။

-----------------

နိုင်ငံတော်ဘတ်ဂျက်တွေခွဲဝေမှုစာရင်းတွေမှာလဲ
ကျန်းမာရေးနဲ့ ပညာရေးဟာ..
တခြားဆည်မြောင်းတာတမံ ၊
ရေအားလျှပ်စစ် ၊လမ်းတံတားစတဲ့
ဘတ်ဂျက်တွေတွေနဲ့ ယှဉ်ရင် ..
စာကလေးနဲ့ ဆင်လောက်ကို
ကွာခြားခဲ့ပါတယ်...၊

အဲဒီရဲ့ဆိုးကျိုးတွေအဖြစ်...
စားရိတ်မျှပေးကျန်းမာရေး စနစ်တွေ
ပေါ်ပေါက်လာပြီး...၊ ဆေးရုံတစ်ခုမှာ..
ဆေးဖိုးလုံးဝမပေးနိုင်ရင် ၊ ဆေးလုံးဝမ၀ယ်ပေးနိုင်ရင်.
လူနာကို ...သာမန်ထက်ပိုပြီး ဂရုမစိုက်တော့တဲ့အတွက်
သေတဲ့အထိ ဖြစ်ခဲ့တာတွေက ဒုနဲ့ဒေးပါပဲ.

ပုဂ္ဂလိက ဆေးရုံတွေမှာလဲ အဲဒီအတိုင်းပါပဲ..

အဲဒီနည်းနဲ့ သေဆုံးခဲ့တဲ့ လူနာတွေ..
ဘယ်နှစ်ယောက်ရှိသလဲဆိုတာကို...
ရေတွက်နိုင်လိမ့်မယ် မထင်ပါဘူး..။

AIDS ရောဂါလဲအဲဒီလိုပါပဲ..
ထိထိရောက်ရောက် ပညာပေးတာတွေမရှိလေတော့
ကေတီဗီ မာဆပ် ကလပ် တွေမှိုလိုပေါက်ပြီး..
နာမည်မခံ ပြည့်တန်ဆာတွေ ပေါများလွန်းတဲ့
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ..
လူငယ် ၊ လူလတ်ပိုင်းအများစုဟာ.
HIV မစစ်ရဲတဲ့ အနေအထားကိုရောက်နေကြပါတယ်.။

ဒါဟာ ကျန်းမာရေးဝန်ထမ်းတွေရဲ့
အပြစ်မဟုတ်ပဲ..ကျန်းမာရေးစောင့်ရှောက်မှုအတွက်..
တာဝန်အရှိဆုံးဖြစ်တဲ့ အစိုးရရဲ့အပြစ်သာ
ဖစ်ပါတယ်..။

မြန်မပြည်ရဲ့အကြီးမားဆုံးရန်ကုန်ဆေးရုံကြီးဟာ..
နှစ်ပေါင်း (၂၀)လောက်စုတ်ပြတ်သတ်ခဲ့သလို..
ဦးနေ၀င်းခေတ်အထိ နာမည်ရခဲ့တဲ့..
BPI ဆေးဝါးတွေဟာလဲ..စုတ်ပြတ်သတ်ခဲ့ပါတယ်..

ကျန်းမာရေးကိစ္စကို အလေးအနက်မထားခြင်း..ဟာ..
ပြည်သူကို ပညာသားပါပါနဲ့ သတ်ဖြစ်နေခြင်း..လား.
ဆိုတဲ့အထိတောင် တွေးလို့ရပါတယ်..။

ပြည်သူကိုကျတော့ ဒီလိုလုပ်ထားပေမဲ့...
အာဏာရှင်အနွယ်တွေကတော့..
နှာစေးချောင်းဆိုးကအစ...
နိုင်ငံခြားကဆေးရုံတွေမှာ..
ဒေါ်လာသိန်းချီအကုန်ခံပြီး..
သွားရောက်ပြသခဲ့ကြပါတယ်..

ကိုယ်လွတ်ရုန်းတယ်ပေါ့ဗျား...

------------------------------------

အဲဒီလိုအနေအထားကို..စတင်သတိထားမိတာက..
တခြားသူမဟုတ်ပဲ ..ဒေါ်စုဖြစ်ပါတယ်..။

ဒေါ်စုဟာ..မြန်မာနိုင်ငံရဲ့ကျန်းမာရေး
ပညာရေးစတဲ့ ဘဏ္ဍာငွေတွေကို ပိုမိုသုံးစွဲဖို့အတွက်..
အစိုးရကို ဖိအားပေးနိုင်ခဲ့ပြီး.

ရန်ကုန်ဆေးရုံကြီးကိုကမ္ဘာ့အဆင့်မီဆေးရုံဖြစ်အောင်
အဆင့်မြှင့်ဖို့အတွက် စပြီး.. ကြိုးစားခဲ့သူဖြစ်ပါတယ်..။

နှစ် နှစ်ဆယ် လုံးလုံး အာဏာရှင်တွေဂရုမစိုက်ခဲ့တဲ့
တစ်နိုင်ငံလုံးရဲ့ ကျန်းမာရေး ဘတ်ဂျက်ကို တိုးပေးဖို့
လွှတ်တော်မှာ ဆွေးနွေးခဲ့ပြီး ...
ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးကို
အဆင့်မီဆေးရုံအဖြစ် အသစ်ဆောက်လုပ်ပြီး
အဆင့်မြှင့်ဖို့ စီမံကိန်းတွေ အကောင်အထည်ဖော်လာသလို
ဂျာမနီနဲ့ ဂျပန်တို့ရဲ့ နည်းပညာနဲ့
ငွေကြေးအထောက်အပံ့ ရရှိခဲ့ပါတယ်။

ဂျပန်ကဆိုရင် ဒေါ်စုလက်ထဲကို
ဒေါ်လာသန်း(၁၀၀)တိုက်ရိုက်လာပေးခဲ့တာတောင်..
ဒေါ်စုက..လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်စေခဲ့ပါတယ်..။

နှစ် ၂၀ လောက် ပြည်သူတွေအရမ်းလိုအပ်နေတဲ့
အရေးကိစ္စတစ်ခုကို အာဏာငန်းဖန်းနေတဲ့သူတွေ..
မေ့လျော့နေခဲ့ချိန်မှာ စတင်လုပ်ကိုင်ပေးခဲ့တဲ့ဒေါ်စုကို..
ဖွတ်လော်ဘီတွေက..ဒေါ်စုဘာလုပ်ပေးလိုလဲ လို့..
အခုထက်ထိ မေးနေတာကိုက...
နွားဘေးမှာ လိဒ် ဂစ်တာ တီးပြနေသလိုဖြစ်နေပါတယ်..

ကျန်းမာရေး.ဘတ်ဂျက်တွေနည်းပါးရတဲ့
အကြောင်းရင်းကတော့..

အာဏာရှင်တွေဟာ ရေအားလျှပ်စစ်၊
ဆည်မြောင်း ၊ လမ်း တံတား ၊ စွမ်းအင်...စတဲ့
ခရိုနီတွေနဲ့ဆက်စပ်လုပ်ကိုင် ခိုးဝှက်နိုင်တဲ့..
စီမံကိန်းတွေဘက်ကိုပဲစိတ်ပါဝင်စားကာ
တိုင်းပြည်ဘတ်ဂျက်မျှစား ဖို့အတွက်ပဲ
စိတ်အားထက်သန်ခဲ့ပြီး..ပြည်သူတွေရဲ့
ကျန်းမာရေးကို.မေ့လျှော့ခဲ့ကြပါတယ်..

အဲဒီမေ့လျော့မှုတွေရဲ့အကျိုးဆက်ကတော့
ကျန်းမာရေးအသိတွေအားနည်းပြီး..
အီဘိုလာလိုရောဂါဆိုးကြီးအတွက်..
ရှိသင့်ရှိထိုက်တဲ့ အသိတွေ..
အထောက်အကူပစ္စည်းတွေ မရှိခဲ့တာပါပဲဗျာ..

ဒီကြားထဲမှာ..တော်တယ်၊ ထက်မြက်တယ်ဆိုတဲ့
ကျန်းမာရေးဝန်ကြီးတစ်ယောက်ကို ဖြုတ်ပြီး..
ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့သမားတော်ကြီးကို..
ကျန်းမာရေးဝန်ကြီးခန့်အပ်လိုက်တာကလဲ..
အစိုးရအတွက်..ပြောစရာတစ်ခု ဖြစ်ခဲ့ပြန်ပါတယ်..။

ဘာပဲဖြစ်ဖြစ်..
ပြည်သူများအနေနဲ့...

ဒီရောဂါနဲ့ပတ်သက်ပြီး..
အသိရှိရှိနဲ့ လေ့လာဆင်ခြင်သွားကြဖို့
အကြံပြုလိုပါတယ်..

( Pa Yit )
(ဓာတ်ပုံ- ယူဂန္ဓာနိုင်ငံမှာရှိတဲ့ WHO ကကျန်းမာရေး
ဝန်ထမ်းတွေရဲ့ ပိုးမွှားဒဏ်ကာကွယ်ရေးဝတ်စုံများ..).

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>