Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် တရားခွင်၌ နှလုံးရောဂါဖောက်လာ၍ စစ်ဆေးမှု ချက်ချင်းရပ်ဆိုင်းခဲ့ရ

$
0
0
မဇ္ဈိမ။           ။ လေးရက်အတွင်း ရုံးချိန်းနှစ်ကြိမ်ဆက် စစ်ဆေးခံရသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်သည် သြဂုတ်လ ၂၂ ရက် ဒဿ     မအကြိမ် ရုံးထုတ်စစ်ဆေးစဉ် တရားခွင်၌ အသက်ရှုမွန်းကြပ်လာသဖြင့် စစ်ဆေးမှု ချက်ခြင်းရပ်ဆိုင်းခဲ့ရသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ဆိုသည်။
22aug3
ဦးဆန်းဆင့်၏ ရှေ့နေအဖြစ် ဆောင်ရွက်နေသူ ဦးတင်ထွန်းက “ဒီကနေ့ နေ့လည် ၁၁း၅၅ နာရီလောက်မှာ အန်ကယ်တို့ဘက်က Cross လုပ်ဖို့ အချိန်မှာ ဝန်ကြီးက အသက်ရှုကြပ်ပြီး နေလို့မရတော့ဘူး” ဟု မဇ္ဈိမကို အတည်ပြု ဖြေကြားသည်။

ပုဒ်မ ၁၂၄(က) အတွက် လိုပြသက်သေအဖြစ် သာသနာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဆွေ (ဘဏ္ဍာရေးဌာန) အား စစ်ဆေးနေစဉ် ဦးဆန်းဆင့်၏ ရှေ့နေများမှ ပြန်လည် ချေပရန် အချိန်၌ ဦးဆန်းဆင့်မှာ တရားခွင်တွင် ဆက်လက်နေနိုင်ရန် မဖြစ်နိုင်တော့သဖြင့် တရားသူကြီးက နားနေခန်း စီစဉ် ပေးခဲ့ရသည်။
ယင်းကဲ့သို့ တရားသူကြီးမှ နားနေခန်းစီစဉ်ပေးခဲ့သော်လည်း “ဒါပေမယ့် မထိုင်နိုင်တော့ဘူး၊ လဲလှောင်းနေရတယ်၊ အဲ့ဒီအချိန်မှာပဲ ကုတင် တစ်ထောင်က ပရော်ဖက်ဆာ နှစ်ယောက်လာတယ်၊ ဆေးဝါး ကုသမှုပေးတယ်” ဟု ဦးတင်ထွန်းက မဇ္ဈိမကို ပြောသည်။
သြဂုတ်လ ၁ဝရက်ကလည်း ဦးဆန်းဆင့်ကို ဒက္ခိဏခရိုင်တရားရုံး၌ ခုနှစ်ကြိမ်မြောက် ရုံးထုတ်မစစ်ဆေးမီ ရမည်းသင်းအကျဉ်းထောင်တွင် အသက်ရှုမဝသဖြင့် အောက်ဆီဂျင်ပေးခဲ့ရသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ဆိုသည်။

ဦးဆန်းဆင့်၏ ကျန်းမာရေးအခြေအနေသည် အထူးစောင့်ရှောက်ရန်လိုအပ်သည့်အတွက် ပဉ္စမအကြိမ်ရုံးချိန်း၌ ရှေ့နေမှတဆင့် ကျန်းမာရေးအာမခံလျှောက်ထားသော်လည်း ဒက္ခိဏခရိုင်တရားရုံးက ပယ်ချခဲ့သည်။

Viewing all articles
Browse latest Browse all 32865

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>