Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တိုင်းပြည်အတွက် တကယ်လိုအပ်လို့ ပရဟိတလုပ်ငန်းတွေ လုပ်ဖြစ်နေတာပါ

$
0
0
စစ်ဘေးဒုက္ခ သည်အပါအဝင်လိုအပ်တဲ့နေရာတွေ အတွက် ဂစ်တာတီးသီချင်းဆိုပြီးအလှူ ငွေတွေရှာပေးနေတဲ့ မဇ္ဈိမလှိုင်းတေး ဂီတဝိုင်းက ဂစ်တာတီးခတ်သူဦးရဲ လွင်က တိုင်းပြည်အတွက်တကယ်လို အပ်လို့ ပရဟိတလုပ်ငန်းတွေလုပ် ဖြစ်သွားတာလို့ ဆိုပါတယ်။

''အရင်ကတည်းက တစ်ကောင် ကြွက်လိုနေခဲ့တယ်။ ပြီးတော့သူငယ် ချင်းတွေနဲ့ပဲ နေတယ်။ အဲဒီလိုနဲ့ပဲ ကျွန်တော်ဂစ်တာတီးတာလဲ နှစ် ပေါင်း ငါးဆယ်ကျော်ပြီဆိုတော့ တိုင်း ပြည်မှာလဲ တကယ်လိုအပ်တဲ့ ပရဟိ တလုပ်ငန်းတွေ လုပ်မယ်ဆိုပြီး စစ် ဘေးဒုက္ခသည်တွေအတွက် သီချင်း ဆိုပြီး စလုပ်ဖြစ်တယ်။ လက်ဖက် ရည်ဆိုင်တွေမှာ စဆိုတာပေါ့။ အဲလို လိုက်ဆိုရင်းနဲ့ပဲ ပရဟိတတွေလုပ် ဖြစ်သွားတာပါ'' လို့သူကပြောပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်လောက်ကစပြီး လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းဆိုတဲ့ အမည်နဲ့ စစ်ဘေးဒုက္ခသည်တွေ အတွက် ရန်ကုန်မြို့ရဲ့လက်ဖက်ရည် ဆိုင်တွေမှာ ဂစ်တာတီးပြီးသီချင်းတွေ ဆိုခဲ့တာဖြစ်ပါတယ်။ ယခုအခြေ အနေမှာတော့ သူတို့အဖွဲ့ကစစ်ဘေး ဒုက္ခသည်တွေအပြင် ဘာသာရေး ပဋိပက္ခဒုက္ခသည်တွေ သဘာဝဘေး အန္တရာယ်ကြုံတွေ့ရသူတွေနဲ့ NLD ဖွင့်လှစ်ထားတဲ့ အခမဲ့ပညာဒါန ကျောင်းများအတွက်ပါ ဂီတနှင့်အလှူ ခံပေးတဲ့ ပရဟိတအဖွဲ့အစည်းတစ် ခုအဖြစ် ရပ်တည်နေပါတယ်။

သြဂုတ်၂ဝနဲ့၂၁ရက်နေ့မှာတော့ ပြည်မြို့မှာရှိတဲ့ အောင်ဆန်းပညာ ဒါနကျောင်းသား၊ ကျောင်းသူတွေ အတွက် ဂီတနဲ့လိုက်လံအလှူခံပေး နေပြီး အဲဒီပွဲအတွက် ရန်ကုန်မြို့က နေ ပြည်မြို့ကိုအလာကားပေါ်မှာ တော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အဆိုတော်ခင်ဝမ်းအကြောင်းစဉ်းစား မိတယ်လို့ ဆိုပါတယ်။

''ကျွန်တော် ဒီလာကတည်းက လမ်းမှာ စဉ်းစားလာတယ်။ ကိုးတန်း တုန်းက အဆိုတော် ခင်ဝမ်းရယ်၊ ကျွန်တော်ရယ်၊ ရုပ်ရှင်မင်းသားကျော်ဟိန်းပေါ့။ တစ်တန်းတည်း အဲဒါတွေ ပြန်တွေးနေမိတယ်။ ဝမ်းနည်းတာ တော့ မဟုတ်ဘူးပေါ့။ သူငယ်ချင်း တွေ ပြန်သတိရတယ်။ အတိတ်ကို သတိရစရာအကြောင်းတွေ ပေါ်လာ တယ်''လို့ ဦးရဲလွင်ကပြောပါတယ်။

အဆိုတော်ခင်ဝမ်းနဲ့သူက ကိုးတန်းပြီးကတည်းက ကွဲသွားပြီး တက္ကသိုလ်ရောက်မှ ပန်းချီပြပွဲတွေနဲ့ သီချင်းတွေဆိုရင်း ခင်ဝမ်းနဲ့ပြန် ဆုံခဲ့ရပြီး မဇ္ဈိမလှိုင်းတေးဂီတဝိုင်း အဖြစ် ဖြတ်သန်းလာခဲ့ကြတယ်လို့ သူကဆိုပါတယ်။

''ကျွန်တော်တို့က ငြိမ်းချမ်းရေး အတွက် လုပ်တာဆိုတော့ မေတ္တာနဲ့ ပဲ လှည့်လည်တာပေါ့နော်။ မေတ္တာနဲ့ ပဲသွားမှ ငြိမ်းချမ်းရေးရမယ်လို့ ယုံ ကြည်တယ်။ မေတ္တာဓာတ်ကို တတ် နိုင်သလောက်သွင်းပါတယ်။ တတ် နိုင်သလောက် ပွားများပါတယ်''လို့ သူက ပြောပါတယ်။

လက်ရှိသူလုပ်နေတဲ့ ပရဟိတ တွေက ငြိမ်းချမ်းရေးအတွက်ဖြစ် ပြီးတော့ အဲဒီအလုပ်တွေလုပ်မယ်ဆို ရင် မေတ္တာတရားက အရေးကြီးတယ် လို့သူမြင်တယ်လို့ ဆိုပါတယ်။

UYL (MZMH)
THL (MMK)
Yangon Media Group

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>