Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

AGD ဘဏ်ရှယ်ယာရောင်းချသည့်ကိစ္စ စုံစမ်းစစ်ဆေးမှု ပြီးစီးသွားပြီဟု ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့ဆို

$
0
0
AGD ဘဏ် က ရှယ်ယာရောင်းချသည့် ကိစ္စရပ် များနှင့်ပတ်သက်ပြီး ငွေကြေးဆိုင် ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့ မှ လိုအပ်သည့် အထောက်အထား များကို စုံစမ်းစစ်ဆေးမှုပြီးစီးသွားပြီ ဖြစ်ကြောင်း ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးရဲတပ်ဖွဲ့မှ ရဲမှူးကြီး ကျော်ဝင်းသိန်းက ပြောသည်။

ရဲမှူးကြီးကျော်ဝင်းသိန်းက ''AGD ဘဏ်ရှယ်ယာကိစ္စနဲ့ပတ်သက် ပြီး လိုအပ်တဲ့မေးမြန်းစုံစမ်းမှုတွေ ကို ပြုလုပ်ပြီးသွားပြီဖြစ်တဲ့အတွက် အ ထက်ကိုတင်ပြထားပြီဖြစ်ပါတယ်''ဟု ပြောသည်။

AGD ဘဏ်သည် ဘဏ်၏ ရှယ်ယာ ၁၅ရာခိုင်နှုန်းကိုသာ ဗဟို ဘဏ်ခွင့်ပြုချက်ဖြင့် ရောင်းချထား ကြောင်း ထူးဂရု(ပ်)ဥက္ကဋ္ဌဦးတေဇက ကုန်သည် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(၂၃)ကြိမ်မြောက်နှစ် ပတ်လည်အစည်းအဝေးတွင် မီဒီယာ များကို ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး AGD ဘဏ်မှဦးစိုးသူရက ''ဒီကိစ္စတွေနဲ့ ပတ် သက်ပြီး ကျွန်တော်တို့ ဘာမှမသိပါ ဘူး။ အထက်လူကြီးတွေပဲ သိလိမ့် မယ်''ဟု ပြောသည်။

AGD ဘဏ်ကို ယခင်ဗိုလ်ချုပ် ကြီးနေဝင်း၏မြေးဖြစ်သည့် ဦးအေး နေဝင်းမှ အစုရှယ်ယာ ၆ဝ ရာခိုင် နှုန်းကိုဝယ်ယူထားပြီးလာမည့် ခြောက် လအတွင်း ၈၅ ရာခိုင်နှုန်းအထိဝယ် ယူမည်ဖြစ်ကြောင်းလည်း သတင်း များထွက်ပေါ်နေကြောင်း သိရသည်။

KMZ
Yangon Media Group

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...