Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

“ စည်သူအောင်မြင့် အဖမ်းခံဖို့ အဆင်သင့် ရှိနေပါတယ် -၂ ”-စည်သူအောင်မြင့်

$
0
0
မဇ္ဈိမ သတင်းစာ၊

မိသားစုနဲ့အတူ မော်လမြိုင်ကို ပြန်ရောက်တော့ ပထမ ဦးဆုံး လုပ်ရတာက နေရေးထိုင်ရေး စားဝတ်နေရေး။ နောက်တော့ သမီးသုံးယောက်ရဲ့ ပညာရေးပါ။ ပက်ပ်စီ ဖျော်ရေ လက်ကားရောင်းသူ၊ လမ်းဘေးမှာ ဖျော်ရည် လက်လီရောင်းသူ၊ ဗီဒီယိုရုံထောင်သူ၊ စတိုးဆိုင် ထောင်သူ၊ လဖက်ရည်ဆိုင်ထောင်သူ၊ ဘီယာဆိုင် ထောင်သူ စသဖြင့် အလုပ်မျိုးစုံ လုပ်ကိုင်ခဲ့ပါတယ်။ စစ်ထောက်လှမ်းရေးတွေကတော့ အမြဲမပြတ် စောင့်ကြည့်နေပြီး တစ်ခါတစ်ရံ စစ်ထောက်လှမ်းရေးရုံး ခေါ်ယူစစ်မေးတာမျိုး ခံရပါတယ်။ မော်လမြိုင်မြို့ဟာ ဇာတိမြို့ဖြစ်တဲ့အတွက် မိဘမောင်ဘွား အသိုင်းအ၀ိုင်းလည်း ရှိနေတာမို့ စားဝတ်နေရေး စီးပွားရေး လုပ်တာ ဘာအခက်အခဲမှ မကြုံရပါဘူး။
၁၉၉၇ ခုနှစ်မှာ စာပေနဲ့ သတင်းရေးသားတဲ့ လုပ်ငန်းနဲ့ အသပ်မွေးဝမ်းကျောင်း လုပ်ဖို့ ရန်ကုန်ကို တက်ပါတယ်။ မိသားစုက မော်လမြိုင်မှာမို့ သွားလိုက်ပြန်လိုက်ပါပဲ။ စာပေနဲ့ သတင်းရေးသား အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ အဓိက ကူညီလမ်းပြသူတွေကတော့ ဆရာလူထု ဦးစိန်ဝင်း၊ ဆရာမျိုးမြတ်သူ (လက်ရှိ MRTV-4) နဲ့ မောင်သစ်ဆင်း (လက်ရှိ RFA သတင်းဌာန၊ အမေရိကန်နိုင်ငံ) တွေဖြစ်ပါတယ်။ အခြား ဆရာတွေလည်း အများကြီးပါ။ ဒီလိုနည်းနဲ့ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၊ Living Color စီးပွားရေး မဂ္ဂဇင်း၊ သင့်ဘ၀ မဂ္ဂဇင်း၊ မြန်မာ့ဓန စီးပွားရေး မဂ္ဂဇင်း နဲ့ အခြား မဂ္ဂဇင်း၊ ဂျာနယ်ပေါင်းများစွာမှာ စည်သူအောင်မြင့်၊ စောကျော်မြတ်ငြိမ်း အပါအ၀င် ကလောင်နာမည်မျိုးစုံနဲ့ မျက်နှာဖုံးဆောင်းပါး၊ သတင်းဆောင်းပါး၊ သုတေသန ဆောင်းပါး နဲ့ သတင်းပေါင်းများစွာ ရေးသားခဲ့ပါတယ်။ (မော်လမြိုင်က စစ်ထောက်လှမ်းရေးတွေက မေးတဲ့အခါ ရန်ကုန်မှာ ထက်ထက်မိုးဦးအကြောင်း၊ နန္ဒာလှိုင်တို့အကြောင်းတွေ ရေးနေတယ်လို့ ဖြေပါတယ်။ နောက်ပိုင်း ရေးတာတွေ သူတို့ တပ်မှူးကို တင်ပြပါ၊ ခွင့်ပြုမှ မဂ္ဂဇင်းဂျာနယ်တွေကို ပို့ပါလို့ ပြောတဲ့အခါ စာရေးတာကို စိတ်ကုန်လို့ မရေးတော့ဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ နောက်ဆုံးအချိန်ထိ ဘာစာမူမှ တစ်ကြိမ်မှ စစ်ထောက်လှမ်းရေးတွေကို မပြခဲ့ပါ။)
၂၀၀၃ ခုနှစ်မှာ ပထမ ဦးဆုံး ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ နိုင်ငံတကာ က ပို့ချတဲ့ သတင်းစာပညာသင်တန်း တက်ရပါတယ်။ ၃ လကြာသင်တန်းပါ။ သင်တန်းကအပြန် ချင်းမိုင် ဧရာဝတီ သတင်းဌာနမှာ တစ်လကြာ အလုပ်သင် လုပ်ပါတယ်။ ဘန်ကောက်မှာ ခေတ်ပြိုင် သတင်းစာ ထုတ်ဝေသူနဲ့ တွေ့ပြီး မြန်မာပြည်ထဲကနေ သတင်းရေးသား ပေးပို့ဖို့ ဆွေးနွေး သဘောတူခဲ့ပါတယ်။ ပြည်တွင်းမှာ စာပေနဲ့ သတင်းလွတ်လပ်ခွင့် ဖိနှိပ် ပိတ်ပင်ထားလို့ ပြည်ပ မီဒီယာတွေကို သတင်းရေးသား ပေးပို့ဖို့ လိုအပ်တယ်လို့ ယူဆပြီး အလုပ်လက်ခံ လုပ်ကိုင်ခဲ့တာပါ။ အစိုးရက တစ်ကြိမ်ပဲဖြစ်စေ ဖမ်းမိရင် ထောင်နှစ်ရှည် ကျနိုင်တယ် ဆိုတာ သိပေမယ့် လုပ်သင့်တယ်ထင်လို့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် ဇွန်လကနေစပြီး ထောက်ပံ့ကြေးတွေ ရပ်ဆိုင်းခံရလို့ ခေတ်ပြိုင်မီဒီယာ ရပ်ဆိုင်းခံရတဲ့ ၂၀၁၀ အောက်တိုဘာ လ အထိ ပြည်တွင်းကနေ နေ့စဉ် သတင်းနဲ့ သတင်းဓာတ်ပုံတွေ မပျက်မကွက် သတင်းပေးပို့ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာ နော်ဝေအခြေစိုက် ဒီဗွီဘီ သတင်းဌာန ဒုညွှန်ကြားရေးမှူး ကိုခင်မောင်ဝင်းနဲ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံပါတယ်။ ရေဒီယို သတင်းဆောင်းပါးတွေ အပါတ်စဉ် ရေးသား ပေးပို့ဖို့ သဘောတူညီချက်ရပြီး ပြည်တွင်းကနေ ပုံမှန် ရေးသားပေးပို့ပါတယ်။ ဒီဗွီဘီ ရေဒီယိုကနေ အပါတ်စဉ် ကြာသပတေးညပိုင်းမှာ လွှင့်ထုတ်ပါတယ်။ အစပိုင်းမှာ “ခေတ်လူ” ဆိုတဲ့ ကလောင်နဲ့ ဖြစ်ပြီး နောက်ပိုင်း “ တိုင်းကျော်” ဆိုတဲ့ ကလောင်နဲ့ ထုတ်လွှင့်ပါတယ်။ ဆောင်းပါးကို ဒီဗွီဘီ ၀က်ဘ်ဆိုက်မှာလည်း ပုံမှန်တင်ပါတယ်။ (၉ နှစ်အတွင်း ဆောင်းပါး ပုဒ်ရေပေါင်း ၄၀၀ ၀န်းကျင် ရှိနိုင်ပါတယ်။) နောက်ပိုင်း ဒီဗွီဘီ သတင်းဌာနအတွက် နေ့စဉ် သတင်းကောက်နှုတ်ချက်တွေ ပို့ပေးပါတယ်။ အဓိကကတော့ ပြည်ပက ဒီဗွီဘီ သတင်းထောက်တွေ သတင်းလိုက်ရာမှာ လွယ်ကူအောင် ပြည်တွင်း ဂျာနယ်၊ မဂ္ဂဇင်း နဲ့ အခြားရင်းမြစ်တွေမှာ ဖြစ်ပေါ်နေတဲ့ သတင်းတွေကို ဒီဂျစ်တယ်ဖိုင်ပြောင်း၊ မှတ်ချက်နဲ့ တကွ ပေးပို့ရတာပါ။ ဒါကိုကြည့်ပြီး ပြည်ပ သတင်းထောက်တွေ သတင်းလိုက်ရာမှာ အဆင်ပြေစေဖို့ပါ။

ဒီဗွီဘီ ရုပ်သံလွှင့် လုပ်ငန်း စတဲ့အခါ ကိုခင်မောင်ဝင်းကို ပြည်တွင်းက ကူညီပါတယ်။ နောက် “ဂျာနယ်တွေက ဘာပြောနေလဲ” အစီအစဉ်ကို အယ်ဒီတာ ကိုခင်မောင်စိုးနဲ့ ပူးတွဲ တင်ဆက်ပါတယ်။ ပြည်တွင်းက တစ်ပါတ်အတွင်း ဖော်ပြထားသမျှ ဂျာနယ်တွေထဲက ပရိသတ် သိချင်မယ့် သတင်းတွေကို ရွေးနှုတ်၊ ဒီဂျစ်တယ်ဖိုင်ပြောင်း၊ ဘာကြောင့် ဒီ သတင်းတွေ ပြောပြရသလဲ၊ သတင်းရဲ့ နောက်မှာ ဘာရှိနေသလဲ စ တဲ့ မှတ်ချက်တွေနဲ့အတူ အပါတ်စဉ် ဒီဗွီဘီကို ပို့ပါတယ်။ ဒီဗွီဘီက ကိုရွှေအောင်၊ ကိုခင်မောင်စိုး၊ ကိုပီတာအောင် တို့က အလျဉ်းသင့်သလို တည်းဖြတ်၊ ကောက်နှုတ်၊ ဖြည့်စွက်ပြီး ရုပ်သံအဖြစ် ရိုက်ကူး လွှင့်ထုတ်ပါတယ်။ ဒီအစီအစဉ် သုံးခု ၂၀၁၃ ခုနှစ်ထဲမှာ ဌာနက ရပ်ဆိုင်းပါတယ်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလ၊ ၂၀၀၈ နာဂစ် နဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ သတင်းတွေ ဒီဗွီဘီ ကို ပေးပို့ခဲ့ပါတယ်။ (လက်ရှိလည်း ဒီဗွီဘီ အတွက် အလုပ်လုပ်ဆဲပါ)ဒီအလုပ်တွေ လုပ်နေစဉ်တုန်းက ပြည်တွင်းမှာ သတင်းမီဒီိယာ ဖိနှိပ်မှု အလွန်ကြီးမားတဲ့အတွက် လုပ်သင့်လုပ်ထိုက်တယ် ဆိုပြီး လုပ်ခဲ့တာပါ။ အဖမ်းခံရမှာ အလွန် ကြောက်ပါတယ်။ ဒါကြောင့် အမေရိကန် စီအိုင်အေ တွေ လိုက်နာရတဲ့ စည်းကမ်းတွေ (ဘာသာပြန် ၀တ္တုထဲ ဖတ်ဖူးတာ) ထဲက တစ်ခုကို ကိုယ့်စည်းကမ်းဆိုပြီး လိုက်နာခဲ့ပါတယ်။ အဲဒါကတော့ “ သင့်ကို ဘယ်တော့မှ ဖမ်းမမိစေရ” ဆိုတဲ့ စည်းကမ်းပါ။ စစ်အစိုးရ လက်အောက် ကျွန်တော်ဟာ အဲဒီ စည်းကမ်းအတိုင်း နေထိုင်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။

နောက်ပိုင်း အားလုံးသိကြတဲ့အတိုင်း တိုင်းပြည်မှာ အပြောင်းအလဲ ဖြစ်ပါတယ်။ ရေဒီယို ရုပ်သံ လွတ်လပ်ခွင့်မရပေမယ့် စာနယ်ဇင်း လွတ်လပ်ခွင့်ရလာပါတယ်။ တကယ်ကို လွတ်လပ်ပါတယ်။ အခု စည်သူအောင်မြင့် သတင်းတွေ၊ ဆောင်းပါးတွေ ရေးသားနေတာတွေဟာ အရင် ခေတ်ပြိုင်နဲ့ ဒီဗွီဘီ ကို သတင်းရေးသားပေးပို့ပုံ အတိုင်းပါပဲ။ ဘာမှ မထူးပါဘူး။ ဒီလို လွတ်လပ်မှုလည်း ရလာ၊ သမ္မတ ဦးသိန်းစိန် အစိုးရ ကိုယ်တိုင်ကလည်း ဒီမိုကရေစီ တံခါးဝ ဆီ သွားနေတယ် ဆိုတာကို ယုံကြည်တဲ့အတွက် ကိုယ့်စည်းကမ်းချက်ကိုလည်း ကိုယ် ပြောင်းလိုက်ပါတယ်။ သတင်းတွေ၊ သတင်းဝေဖန်ချက် ဆောင်းပါးတွေ၊ Investigative Reporting တွေကို ဥပဒေနဲ့ အညီ၊ စာနယ်ဇင်း ကျင့်ဝတ်နဲ့ အညီ ရေးသားတင်ပြမယ်၊ တရားစွဲလာရင် ရင်ဆိုင်ဖြေရှင်းမယ်၊ ဖမ်းဆီးလာရင် ဥပဒေကြောင်းအရ ရင်ဆိုင်သွားမယ် ဆိုတဲ့ မူပဲ ဖြစ်ပါတယ်။ အရင် စစ်အစိုးရခေတ်ကလို တစ်ခုခု သံသယ ဖြစ်တာနဲ့၊ ကိုယ်နဲ့ နီးစပ်သူ တစ်ယောက်ယောက် အဖမ်းခံရတာနဲ့ လူမသိ သူမသိ ကိုယ့်ဖာသာ ပြည်တွင်း ပြည်ပ ပါတ်ပြီး ထွက်ပြေးပုန်းရှောင် နေတာမျိုးမလုပ်တော့ပဲ တရားဥပဒေအရ ရင်ဆိုင်မယ်၊ အာဏာပိုင်အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်မယ်၊ “အဖမ်းခံမယ်”၊ လို့ ဆိုလိုရင်းဖြစ်ပါတယ်။ စည်သူအောင်မြင့် အဖမ်းခံဖို့ အဆင်သင့်ရှိနေတယ် ဆိုတာဟာ ပြည်ထဲရေးဝန်ကြီးဌာန အက်စ်ဘီ သတင်းရဲတပ်ဖွဲ့ကို စိန်ခေါ်တာမျိုး မဟုတ်ပဲ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ရှင်းပြတာသာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>