Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

IS အဖွဲ့၏ လုပ်ရပ်များသည် ဘာသာရေးကို အရှက်ရစေဟု အင်ဒိုနီးရှားသမ္မတ ပြောကြား

$
0
0
ကမ္ဘာ့မူဆလင်ဦးရေအများဆုံးနိုင် ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ယူဒိုယိုနို က အီရတ်နှင့် ဆီးရီးယားရှိ IS စစ်သွေးကြွ များမှာ ဘာသာရေးအား အရှက်ရစေသည်ဟု ပြောကြားခဲ့သည်။ အစွန်း ရောက်ဝါဒအား တိုက်ဖျက်ရေး အတွက် အစ္စလာမ်ခေါင်းဆောင်များ ညီညွတ်ကြရန် ၎င်းက နှိုးဆော်လိုက် သည်။ အီရတ်နှင့် ဆီးရီးယားနိုင်ငံ နေရာအနှံ့အပြားတွင် အစွန်းရောက် များ၏ သတ်ဖြတ်မှုများနှင့် သွေးထွက်သံယို ဖြစ်ရပ်များ၏ ပမာဏမှာ တုန် လှုပ်ခြောက်ခြား စရာဖြစ်သည်ဟု ဆိုသည်။ “ဒါက တုန်လှုပ်စရာပါ။ ထိန်းချုပ် မရတဲ့ အခြေအနေဖြစ်နေပါပြီ”ဟု ယူဒိုယိုနိုက အင်တာဗျူးတစ်ခု တွင် ပြောကြား ခဲ့သည်။

“ကျွန်တော်တို့ ဒါကိုသည်းခံမှာ မဟုတ်ပါဘူး။ အင်ဒိုနီးရှားမှာ ISIS ကို ပိတ်ပင် ထားပါတယ်”ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

IS အဖွဲ့အား ယခင်က ISIS (သို့) IS-IL ဟု ခေါ်ဆိုခဲ့ကြသည်။ ကမ္ဘာ့မူဆလင် ဦးရေ အများဆုံးနိုင်ငံဖြစ်သော်လည်း အင်ဒိုနီးရှားသည် အစ္စလာမ်မစ်နိုင်ငံ မဟုတ်ဘဲ ဘာသာအားလုံးကို လေးစားမှုရှိသည်ဟု ယူဒိုယိုနိုက ဆိုသည်။

အစွန်းရောက် ၀ါဒများအား တိုက်ဖျက်ရန် နိုင်ငံတကာခေါင်း ဆောင်များ ပူးပေါင်းလုပ်ဆောင်ရ မည်ဟု နှိုးဆော်ခဲ့သည်။ IS ၏လုပ်ရပ်များက ဘာသာတရားကို အရှက် ရစေသည့်အပြင် မျက်နှာပျက်စေသည်ဟု ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် မူဆလင် ဦးရေ ၂၂၅ သန်းရှိပြီး အကြမ်းဖက် ၀ါဒနှင့် ကာလရှည်ကြာ ရင်ဆိုင်နေ ရသည်။ အင်ဒိုနီးရှားနိုင်ငံသား ဒါဇင် များစွာသည် ဆီးရီးယားနှင့် အီရတ် သို့ သွားရောက်၍ အကြမ်းဖက်အဖွဲ့ များအတူ တိုက်ခိုက်နေသည်ဟု ခန့် မှန်းထားကြသည်။ ထိုသူများ နိုင်ငံသို့ ပြန် လာမည့် အခြေအနေကို သတိ ထားစောင့်ကြည့်နေသည်ဟု ယူဒိုယို နိုက ပြောကြား ခဲ့ပြီး နိုင်ငံအတွင်း အစွန်းရောက်အယူအဆများ ပြန့်နှံ့ မလာစေရန် ဆောင်ရွက် လျက်ရှိသည် ဟုဆိုသည်။ အင်ဒိုနီးရှားနိုင်ငံသား များအား အဖွဲ့ဝင်အဖြစ် စုဆောင်းရန် IS အဖွဲ့က အကြောင်းကြားစာများ ပေးပို့ထားပြီး အစွန်းရောက် အတွေး အခေါ်များ ထည့်သွင်းဖော်ပြထား သည်ဟု ဆိုသည်။ သမ္မတ ယူဒိုယိုနို သည် အောက်တိုဘာတွင် ရာထူးမှ အနားယူမည်ဖြစ်သည်။

KHTun

The Ladies News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


''ပါဂျောင်မြေမှ အရိုးတွန်သံ'


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>