Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တာချီလိတ်က ဧက၃ဝဝ သိမ်းထားမှု ရှမ်းပြည်ဝန်ကြီးချုပ်ကို တရားစွဲမယ်

$
0
0

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်က မြေဧက ၃ဝဝကျော် ၁၄နှစ်ကြာ အဓမ္မသိမ်းယူခံထားရတဲ့ကိစ္စ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်ကို တရားစွဲသွားမယ်လို့ မြေသိမ်းခံရသူတွေက သြဂုတ် ၂၅ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို ဘာ့ကြောင့်တရားစွဲမှာလဲ။

သမ္မတဦးသိန်းစိန် တိုင်းမှူးဘဝ ၁၉၉၉ခုနှစ်က သူတို့ရဲ့ မြေဧက ၃ဝဝကျော်ကို စံပြစိုက်ခင်းအဖြစ် တရားဝင် စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးခဲ့ပြီး တစ်နှစ်အကြာမှာ ဟုန်ပန်းကုမ္ပဏီက ရှီကွမ်နိမ် (ခ) လော်ဆန်တို့အုပ်စုက သူတို့မြေကွက်ပေါ်က ရာဘာပင်တွေကို မီးရှို့ဖျက်စီးခဲ့ပြီး မြေယာတွေ အဓမ္မသိမ်းခဲ့တာလို့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုခဲ့ပါတယ်။

၁၄နှစ်ကြာ အဓမ္မသိမ်းယူခံခဲ့ရတဲ့ မြေယာတွေကို မူလမြေပိုင်ရှင်တွေဆီ ပြန်လည်ပေးအပ်ဖို့ ၂ဝ၁၄နှစ်ဆန်းမှာ သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်က အမိန့်ပေးထားပေမယ့် လန ၃၉ လယ်ယာပိုင်ဆိုင်ခွင့် အထောက်အထား မရှိဆိုတဲ့အကြောင်းပြချက်နဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နဲ့ စိုက်ပျိုးမွေးမြူရေးဝန်ကြီးတို့က အခုထိ ပြန်မပေးလို့ တရားစွဲသွားမှာလို့ ဆိုပါတယ်။


သိမ်းယူခံထားရတဲ့မြေ လာမယ့် စက်တင်ဘာကုန်တဲ့အထိ ပြန်ပေးတာမရှိရင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို တရားစွဲမှာဖြစ်ပြီး ဒီလယ်ယာမြေကိစ္စ ၂ဝ၁၃ခုနှစ်မှာ လယ်ယာမြေသိမ်းယူမှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို တိုင်ကြားခဲ့လို့ ကွင်းဆင်းလေ့လာပြီး မူလပိုင်ရှင်တွေကို ပြန်ပေးဖို့ ဦးစဝ်အောင်မြတ်ကို အကြောင်းကြားခဲ့ပေမယ့် အခုထိ ပြန်မပေးသေးဘူးလို့ ပြောပါတယ်။


အဓမ္မသိမ်းယူခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်လုပ်ခွင့်ရဖို့ သမ္မတရဲ့အမိန့်သြဇာက သက်ရောက်မှုမရှိဖြစ်နေပြီး ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ အဓိကတာဝန်အရှိဆုံးက တိုင်းမှူးဘဝက စံပြစိုက်ခင်းတွေ အကောင်အထည်ဖော်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ပဲဖြစ်တယ်လို့ ဆိုပါတယ်။

Kamayut media

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>