Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရန်ကုန်မြို့တော်သစ်နဲ့ ဦးမြင့်ဆွေ …၂ဝ၁၅အတွက် ဝှက်ဖဲလား

$
0
0

၂ဝ၁ဝရွေးကောက်ပွဲမှာ ဆိပ်ကြီးခနောင်တိုမြို့နယ်ကနေ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီး ဝန်ကြီးချုပ်ဖြစ်လာတဲ့ စစ်တိုင်းမှူးဟောင်း ဦးမြင့်ဆွေတစ်ယောက် သူ့ရာထူးသက်တမ်း တစ်နှစ်ကျော်လောက်ပဲ ကျန်တော့တဲ့အချိန် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ မျက်လှည့်ပြပွဲကြီးတစ်ခုကို ရန်ကုန်လွှတ်တော်ထဲမှာ ပြခဲ့ပါတယ်။ သြဂုတ် ၂၂ရက်နေ့မှာ ထုတ်ပြောခဲ့တဲ့ ရန်ကုန်မြို့တော်သစ် စီမံကိန်းဟာ ဦးမြင့်ဆွေရဲ့ ဝှက်ဖဲတစ်ခုလား။

ရန်ကုန်တိုင်းအစိုးရဟာ ပွင့်လင်းမြင်သာမှုရှိရှိ တင်ဒါခေါ်ယူတာမရှိဘဲ ကြည့်မြင်တိုင်တစ်ဖက်ကမ်း အေးရွာဘက်၊ ဆိပ်ကြီးခနောင်တိုနဲ့ထိစပ်နေတဲ့ မြေဧက ၃သောင်းကျော်မှာ မြို့တော်သစ်ကြီးတစ်ခု တည်ဆောက်ဖို့ အများပိုင်ကုမ္ပဏီတစ်ခုရဲ့လက်ထဲ ထိုးထည့်ခဲ့တဲ့ကိစ္စ လိုအပ်ရင် အစိုးရက စုံစမ်းစစ်ဆေးမှုတွ စတင်သင့်ပြီလို့ လွှတ်တော်အမတ် ဦးသိန်းညွန့် ကမာရွတ်မီဒီယာကို ပြောဆိုခဲ့ပါတယ်။

ပြည်ထောင်စုအစိုးရအနေနဲ့ မြို့တော်ဝန်ဦးလှမြင့်ဖတ်ကြားခဲ့တဲ့ ဦးမြင့်ဆွေရဲ့ သဝဏ်လွှာနဲ့ပတ်သက်ပြီး အလေးအနက်သုံးသပ်ပြီး အဂတိတစ်ပါးပါးနဲ့ ငြိစွန်းနေတယ်ဆိုရင်တော့ သမ္မတအနေနဲ့ လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ လုပ်သင့်တယ်လို့ ဦးသိန်းညွန့်က ဆိုပါတယ်။

ရန်ကုန်လူထုအတွက် အရေးကြီးတဲ့စီမံကိန်းတစ်ခုကို သဝဏ်လွှာဖတ်ပြရုံနဲ့ ပြီးစတမ်းပုံစံမျိုးဟာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မဲဆန္ဒရှင်ပြည်သူတွေကို မထီမဲ့မြင်ပြုရရောက်ပြီး ဘယ်သူမှ မသိလိုက်ရဘဲ ကုမ္ပဏီတစ်ခုတည်းကို လုပ်ပိုင်ခွင့်ပေးခဲ့တာဟာ အာဏာရှင်ဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ရန်ကုန်တိုင်းလွှတ်တော်အမတ် ဒေါ်ညိုညိုသင်းက ပြောပါတယ်။

ရန်ကုန်တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တိုမြို့နယ်ပါဝင်တဲ့ တွံတေးတူးမြောင်းနဲ့ လှိုင်သာယာနဲ့ထိစပ်နေတဲ့ ပန်းလှိုင်မြစ်ကြားက ဧက ၃သောင်းကျော်ပေါ်မှာ ၃နှစ်အတွင်း ရန်ကုန်မြို့တော်သစ်ကိုတည်ဆောက်ဖို့ မြန်မာ့စေတနာအများပိုင်ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးထားပြီး ဒေသခံပြည်သူတွေက သိနားလည်ပြီး ကျေနပ်တဲ့အကြောင်း၊ မြေဈေးကစားမှာစိုးလို့ အသိမပေးဘဲ စီမံကိန်းကို လုပ်ခဲ့ပြီး ပြည်သူတွေနဲ့ ညှိနှိုင်းထားတယ်လို့ ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ သဝဏ်လွှာမှာ ဖော်ပြခဲ့ပါတယ်။

ရန်ကုန်မြို့သစ်တည်ဆောက်မယ့် ဧက ၃သောင်းမှာ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တို၊ တွံတေးမြို့နယ် ၃ခုပါဝင်ပြီး လူဦးရေ တစ်သိန်းကျော် နေထိုင်ကာ အများစုဟာ လယ်ယာနဲ့ရေလုပ်ငန်းအဓိက လုပ်ကိုင်သူတွေ ဖြစ်ပါတယ်။ မြို့သစ်စီမံကိန်းကိစ္စ ဘယ်အာဏာပိုင်ကမှ အကြောင်းကြား အသိပေးတာမရှိဘဲ အခုလို အကောင်အထည်ဖော်မယ်ဆိုရင် ဒေသခံတွေ ဒုက္ခရောက်မယ်လို့ ဆိုပါတယ်။

အမေရိကန်ဒေါ်လာ ၁၅ဘီလီယံကုန်ကျမယ့် ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းလွှတ်တော်ကို တင်ပြခဲ့ပေမယ့် လွှတ်တော်အနေနဲ့ ပြန်လည်ဆွေးနွေးခဲ့တာမရှိခဲ့သလို အများပြည်သူကြားမှာ ပွက်လောရိုက်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ဦးမြင့်ဆွေ စစ်တိုင်းမှူးအဖြစ် တာဝန်ယူခဲ့စဉ်က ရန်ကုန်တိုင်းအတွင်း အဓမ္မမြေသိမ်းမှုတွေ ရာပေါင်းများစွာပေါ်ပေါက်ခဲ့ပြီး စီးပွားရေးကုမ္ပဏီတွေကို လက်သိပ်ထိုး လုပ်ပိုင်ခွင့်ပေးခဲ့လို့ မိသားစုပေါင်း သိန်းနဲ့ချီ ဘဝပျက်ခဲ့ရပါတယ်။

ဒလမြို့နယ်မှာ မြို့သစ်ချဲ့ဖို့နဲ့ တံတားတစ်စင်းတည်ဆောက်ဖို့ တောင်ကိုရီးယားအစိုးရရဲ့ အဆိုပြုချက်ကို ဦးမြင့်ဆွေက သီလဝါအထူးစီးပွားရေးဇုန် ထိခိုက်မှာစိုးတယ်ဆိုပြီး ပယ်ချခဲ့ပြီး တစ်နှစ်အကြာမှာ တံတားကြီး ၅စင်းပါမယ့် ရန်ကုန်မြို့တော်သစ် စီမံကိန်း ဘွားခနဲပေါ်လာတာဖြစ်ပါတယ်။

Kamayut Media

Viewing all articles
Browse latest Browse all 32865

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


အဆိပ်ပင်လော ဆေးပင်လော ( ကိုယ်ရံကြီးဂမုန်းပင်​)


TTA Oreo Gapp Installer


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>