Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

“Ice Bucket Challenge” ဦးရဲထွဋ် စိတ်မပါ

$
0
0
နိုင်ငံတကာတွင် ခေတ်စားနေသည့် Ice Bucket Challenge လှုပ်ရှားမှုတွင် ပါဝင်ရန် စိန်ခေါ်ခံရသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ယင်းကို စိတ်မဝင်စားဟု တုံ့ပြန်သည်။ ဓာတ်ပုံ - ဘိုဘို

ရေခဲရေပုံးလိုက်ခေါင်းပေါ်သို့ လောင်းချခြင်းဖြင့် ရန်ပုံငွေရှာသည့် ‘‘Ice Bucket Challenge’’တွင် ပါဝင်ရန် စိန်ခေါ်ခြင်းခံထားရသူ သမ္မတ၏ ပြောခွင့်ရပုဂ်္ဂိုလ် ဦးရဲထွဋ်က အဆိုပါလှုပ်ရှားမှုကို စိတ်ဝင်စားခြင်း မရှိဟု မဇ္ဈိမကို ပြောသည်။

ကမ္ဘာ့နိုင်ငံများတွင် ခေတ်စားနေသည့် ALS အာရုံကြောရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေလှုပ်ရှားမှုတွင် ပါဝင်ရန် လူမှုကွန်ရက်မှတစ်ဆင့် အမျိုးသမီးတစ်ဦးက ကမ်းလှမ်းလာမှုအပေါ် မဇ္ဈိမက မေးမြန်းရာတွင် ယင်းသို့ ပြန်လည်ဖြေဆိုခြင်းဖြစ်သည်။

“ကျွန်တော့်အမျိုးသမီးလည်း အရင်တုန်းက ကင်ဆာဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအတွက် နှင်းဆီဖောင်ဒေးရှင်းမှာ ကျွန်တော်တို့ ပါဝင်ပြီး ရောဂါခံစားနေရသူတွေကို ကူညီပေးနေတာပါ။ နိုင်ငံခြားက သူတွေကို ဒေါ်လာပေး မကူညီနိုင်သလို ရေခဲပုံးအလောင်းခံတာကိုလည်း စိတ်မ၀င်စားပါဘူး”ဟု ပြန်ကြားရေးဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်က ဆိုသည်။

ယင်းလှုပ်ရှားမှုတွင် ပါဝင်သူသည် (အေးစက်နေသော ရေခဲရေပုံးကြီးတစ်ပုံးနှင့် အလောင်းခံရပြီး) မိမိကဲ့သို့အလားတူ ပါဝင်နိုင်မည့် အခြားသူ သုံးဦးကို အမည်တပ် စိန်ခေါ်ခွင့်ရှိသည်။ ထို့ပြင် မိမိရုပ်သံမှတ်တမ်းကိုလည်း လူမှုကွန်ရက်စာမျက်နှာတွင် သက်သေအဖြစ် တင်ပေးရသည်။

အမည်တပ်စိန်ခေါ်မှုကို ငြင်းပယ်ပါက အမေရိကန်နိုင်ငံရှိ ALS ပရဟိတအဖွဲ့သုတေသနလုပ်ငန်းသို့ အမေရိကန်ဒေါ်လာ ၁၀၀ လှူဒါန်းရမည်ဖြစ်ကာ လက်ခံခဲ့ပါက တစ်ဒေါ်လာသာ လှူဒါန်းရန် သတ်မှတ်ထားကြသည်။

အဆိုပါလှုပ်ရှားမှုကို ကမ္ဘာကျော်များဖြစ်သည့် ချယ်လ်ဆီးနည်းပြမော်ရင်ဟို၊ ဘောလုံးအားကစားသမား နေမာ၊ မက်ဆီ၊ ဂျွန်တယ်ရီ၊ ဒေးဗစ်ဘက်ခမ်းတို့အပါအ၀င် အားကစားလောက၊ အနုပညာလောက ကျော်ကြားသူတို့ လက်ခံဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် နိုင်ငံရေးလောက ကျော်ကြားသူများဖြစ်သည့် အင်္ဂလန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ ကမ္ဘာ့အချမ်းသာဆုံးသူဌေးစာရင်းဝင် ဘီလ်ဂိတ်၊ လူမှုကွန်ရက် Facebook တည်ထောင်သူ မာ့ခ်ဇူကာဘာ့ဂ်တို့လည်း ပါဝင်ဆင်နွှဲထားကြသည်။

ALS အဖွဲ့၏ ထုတ်ပြန်ချက်အရ သြဂုတ်လ ၂၂ ရက်အထိ အမေရိကန် ဒေါ်လာ ၂၂ သန်းကျော် ရရှိထားပြီးဖြစ်သည်။

မဇ္ဈိမ

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...