Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ခေါင်းလောင်းကြီး ရှာတွေ့ပါက လက်တွေ့ပြသနိုင်ရန်လိုအပ်ပြီး ပြည်သူများအညာမခံရစေရန် အစိုးရတွင်တာဝန်ရှိဟု မွန်သမိုင်းသုတေသနအသင်း တွဲဖက်အတွင်းရေးမှူးပြော

$
0
0
http://www.7daydaily.com/
ဓမ္မစေတီခေါင်းလောင်းတွေ့ပြီဟု သတင်းများထွက်ပေါ်နေ၍ ကမ်းစပ်တွင်စောင့်ကြည့်နေသူများကို သြဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

ဓမ္မစေတီခေါင်းလောင်းကိုဆယ်ယူရန် သတ်မှတ်ထား သော နောက်ဆုံးနေ့တွင် ခေါင်း လောင်းကြီးတွေ့ရှိပြီဖြစ်ကြောင်း ဦးဆောင်ရှာဖွေသူ ဦးစံလင်းက ပြောကြားလိုက်သည်။

ခေါင်းလောင်း တွေ့ရှိ ကြောင်း အရိယာဝိဇ္ဇာအပေါင်း ကို ခွင့်ပြုချက်တောင်းခံပြီးမှ အတိ အလင်းကြေညာခြင်းဖြစ်ကြောင်း ဦးစံလင်းက ခေါင်းလောင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေး အဖွဲ့သို့ ဖုန်းဆက်ကာ ပြောကြားပြီး

၎င်း၏ပြောကြားချက်ကို ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နဂါးများမှာ အကြီးဆုံးရွှေ ရောင်နဂါးမင်းကြီးနှင့်တကွ နဂါး အပေါင်းတို့က ဓမ္မစေတီခေါင်း လောင်းတော်ကြီးကို အကြီးအ ကျယ်ဆုံး ခမ်းခမ်းနားနား ဆီမီးပူဇော်နေသည့် အတွက်ကြောင့် သတ်မှတ်ရက်နေ့ကို သတင်း ထုတ်ပြန်ရန် နောက်ကျနေခြင်း ဖြစ်ပါကြောင်း ဦးစံလင်းက ဖုန်းမှတစ်ဆင့် ပြန်ကြားရေးအဖွဲ့သို့ ပြောသည်။

‘‘တွေ့တယ်ဆို ဘယ်လို တွေ့လဲ၊ ပြနိုင်လား။ ပြည်သူလူထုကို လှည့်စားရင်တော့ မကောင်းဘူး။ ပြည်သူတွေ အညာမခံရဖို့ လိုတယ်။ အစိုးရမှာလည်း တာဝန်ရှိတယ်’’ဟု မွန်သမိုင်း သုတေသနအသင်း တွဲဖက်အတွင်းရေးမှူး နိုင်ရဲဇော်က ဆိုသည်။

မွန်ဓမ္မစေတီခေါင်းလောင်း နှင့် နဂါးမင်း မပတ်သက်နိုင်ဘဲ နဂါးမင်း ပူဇော်သည်ဆိုသည်ကို အယုံအကြည်မရှိကြောင်း၊ မွန်ရိုးရာနတ်များတွင်လည်း နဂါးမရှိကြောင်း၊ ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူနိုင်ခဲ့လျှင်လည်း ဦးစံလင်းသည် ယခင်က အကြိမ်ကြိမ် ဆယ်ယူခဲ့သူဖြစ်သဖြင့် တည်နေရာကို သိရှိနေခြင်းကြောင့်သာ ဖြစ်နိုင်ကြောင်း ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်၍ လေ့လာသုံးသပ်သူအချို့က ဆိုသည်။

‘‘ခေါင်းလောင်းအသေးတစ် လုံးတွေ့ရင်တော့ ဇာတ်ကွက်ပဲ၊ သမိုင်းစာအုပ်တွေထဲမှာ ခေါင်း လောင်းအသေးတစ်လုံးမြုပ်တယ် ဆိုတာ မရှိဘူး။ ပုရပိုက်သေတ္တာ တွေ့တယ်ဆိုရင်လည်း လှည့်စား မှုသက်သက်ပဲ’’ဟု မွန်သမိုင်းသု တေသနအသင်း တွဲဖက်အတွင်း ရေးမှူး နိုင်ရဲဇော်က ဆိုသည်။

ခေါင်းလောင်း ရှာဖွေရေး အတွက် စေတနာထားကြသော ရဟန်းရှင်လူပြည်သူများနှင့် အလှူရှင်များကို ကျေးဇူးအထူးတင်ရှိပြီး သတင်းထုတ်ပြန်ရန် နောက်ကျခြင်းကို နားလည်ပေးကြပါရန် တောင်းပန်အပ်ပါသည်ဟု ထုတ် ပြန်ချက်တွင်ပါရှိသည်။ ခေါင်း လောင်းကြီးကို မကြာမီကုန်းပေါ် သို့ အရောက်ဆောင်ရွက်သွား မည်ဟု ဦးစံလင်းက ဆိုသည်။

ဦးစံလင်းက ဓမ္မစေတီခေါင်းလောင်းကို ကုန်းပေါ်သို့တင်မည် ဟု ပြောထားသော နောက်ဆုံးရက်ဖြစ်သည့် သြဂုတ် ၂၆ ရက်တွင် ခေါင်းလောင်း ရှာဖွေနေမှုကို လာ ရောက်ကြည့်ရှုသူ များပြားခဲ့သည်။ ထိုနေ့၌ပင် ဦးစံလင်းက တွေ့ရှိပြီဟု အတိအလင်း ပြောကြားလိုက်ခြင်းကြောင့် နောက်ရက်များ၌ ကမ်းစပ်တွင် လူပိုမိုများလာနိုင်ပြီး လာရောက်ကြည့်ရှုသူများ အန္တရာယ်မဖြစ်ရန်အုပ်ချုပ်ရေးပိုင်းက ပိုမိုလုပ်ဆောင်ရန် လိုအပ်နေသည်။

ခေါင်းလောင်း ရှာဖွေရေး အဖွဲ့ နေထိုင်သည့် သုံးထပ် သင်္ဘောနှင့် လုပ်ငန်းခွင်ဝင်နေ သော သောင်တူးသင်္ဘောတို့ ပိုမို နီးကပ်လာသည်ကို တွေ့ရပြီး သင်္ဘောနှစ်စီး နီးကပ်သွားခြင်းမှာ ခေါင်းလောင်းရှာတွေ့သော ကြောင့်ဟု လာရောက်ကြည့်သူများက ထင်မြင်နေကြသည်။

သြဂုတ် ၂၆ ရက်က ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေ သော သောင်တူးစက်အနားသို့ စက်သမ္ဗန်များဖြင့် သွားရောက်ကြည့်ရှုသူများကို အနီးကပ်ခွင့်မပေးဘဲ ရေကြောင်းရဲများက တားမြစ်ထားကြောင်း သိရသည်။

ဓမ္မစေတီ ခေါင်းလောင်းရှာဖွေဆယ်ယူရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်း ၏
သတင်းထုတ်ပြန်ချက်

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>