စမ်းသပ်ဆေးဝါးတစ်မျိုးသည် မားဘက်ဗိုင်းရပ်စ် ၃ ရက်ကြာ ကူး စက်ခံထားရသည့် မျောက် များတွင် ရောဂါပိုးပြန့်ပွားခြင်းအား အောင်မြင် စွာ ဟန့်တားနိုင်ခဲ့သည်ဟု ဆိုသည်။
မားဘက်ဗိုင်းရပ်စ်မှာ အီဘိုလာဗိုင်းရပ်စ်နှင့် ဆက်နွှယ်မှုရှိသည့် မျိုးစုတူ ဗိုင်းရပ်စ်ဖြစ် သည်။ ဆေးသိပ္ပံပညာရှင် များ၏ စမ်းသပ်မှုတွင် မားဘက်ဗိုင်း ရပ်စ် ကူးစက်ခံမျောက် များအနက် စမ်း သပ်ဆေး အသုံးပြုကုသခဲ့သည့် မျောက် ၁၆ကောင်မှာ အသက်ရှင် ခဲ့ပြီး ကုသမှုမခံယူခဲ့သည့် မျောက် ၅ ကောင်မှာ ၉ ရက်အတွင်း သေ ဆုံးခဲ့သည်။
အန်ဂိုလာနိုင်ငံတွင် မားဘက် ဗိုင်းရပ်စ် ပျံ့နှံ့မှု ဖြစ်ပွားခဲ့ပြီးနောက် ပထမဆုံး အကြိမ် အဖြစ် တိရစ္ဆာန်များ အား ဆေးဝါးဖြင့်ကာကွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုကုသနည်းက အီဘိုလာ ကူးစက်ခံလူနာများတွင်ပါ အောင်မြင်မှုရနိုင်သည်ဟု ဆရာဝန်များက အကြံပြုထား သည်။ ဗိုင်းရပ်စ် ၏ အခြေအနေအဆင့်ဆင့်တွင် ကုသရန် ထိုဆေးအား ZM app ကဲ့သို့ အခြား စမ်းသပ်ဆေးဝါးများဖြင့် ပေါင်း စပ်အသုံးပြုနိုင်မည်ဟု ဆိုသည်။
အီဘိုလာနှင့်မားဘက်ဗိုင်းရပ်စ် တို့သည် ဖီလိုဗိုင်းရပ်စ်မိသားစုဝင်များ ဖြစ်ပြီး လူ၊ မျောက်နှင့် အခြားတိရစ္ဆာန် များတွင် ပြင်းထန်သည့် အဖျားရော ဂါနှင့် ကိုယ်တွင်းသွေးယိုစီးမှု များ ဖြစ်ပေါ်စေသည်။ ဖီလိုဗိုင်းရပ်စ်များ သည်ရောဂါရှိသူ၏ ခန္ဓာကိုယ်မှထွက် ရှိသည့် အရည်များဖြင့် ထိမိရာမှ ကူး စက်လေ့ရှိသည်။
ဗိုင်းရပ်စ်ပိုးသည် ခန္ဓာကိုယ်တွင်းဝင် ရောက်ပြီးချိန်တွင် ဆဲလ်တစ်ခု၏ မျက်နှာပြင်ကို တွယ်ကပ် ၍ ဗိုင်းရပ်စ် RNA အား ဆဲလ်အသွင် ထိုးသွင်းတတ်သည်။ ထိုအခါ လက်ခံဆဲလ် တွင် ဗိုင်းရပ်စ် များပွားများလာကာ အခြားဆဲလ်များသို့ ထပ်မံကူးစက် လေ့ရှိသည်။
ရောဂါကူးစက်ခံရပြီး ၂ ရက်မှ ၂၁ ရက်အတွင်း ဖျားနာခြင်း၊ခေါင်း ကိုက်ခြင်း၊ ကြက်သားများ နာကျင် ခြင်းကို ဖြစ်ပေါ်ကာ ၀မ်းသွားခြင်း၊ အော့အန်ခြင်းများ ထပ်မံဖြစ်ပေါ်စေ သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။ ဖျားနာပြီး ၅ ရက်မှ ၇ ရက်အတွင်း နှာခေါင်းနှင့် အခြားအ စိတ်အပိုင်းများမှသွေးယိုစီးခြင်းဖြစ် ပေါ်ကာ သတိလစ်ခြင်း၊သေဆုံးခြင်း များ ဖြစ်စေနိုင်သည်။
မားဘက်ဗိုင်း ရပ်စ်သည် ရောဂါဖြစ်ပွားသူ ၈၈ ရာ ခိုင်နှုန်းအထိ သေဆုံးစေသဖြင့် ဇီဝလက်နက် အဖြစ် အသုံးပြုရန် ကြံ စည်မှုများ ရှိသည်။ ဖီလိုဗိုင်းရပ်စ် များအတွက် အတည်ပြု ထားသည့် ကုသဆေးမရှိသော်လည်း ဆေးအချို့ အား ဆဲလ်များအတွင်း ဗိုင်းရပ်စ်ဝင်ရောက်မှု ကို ကာကွယ်ရန် စမ်းသပ်လျက်ရှိသည်။
KHTun
အတွဲ ၂ အမှတ်စဉ် ၂၇၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။