Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အရှင်ဆန္ဒာဓိက၏ ပရဟိတစိတ်ဓါတ်အလှူ

$
0
0
၂၆.၈.၂ဝ၁၄ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ တည်ထားကိုးကွယ် မည့် ပြည်မြို့တစ်ဖက်ကမ်းရှိ ရွှေဘုံသာမုနိနှင့် တစ်မိုင်နှစ်ဖာလုံအကွာ တောင်ကုန်းပေါ်ရှိ "မဟာပဏီတ ပရဟိတအောင်တော်မူစေတီတော်" အတွက် ဆရာတော်အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) နှင့်တပည့် ဒါယိကာ၊ ဒါယိကာမများမှစုပေါင်း၍ အလှူငွေပေးအပ်ပွဲ အခမ်းအနားအား ဆရာတော် ခေတ္တသီတင်းသုံး ရာ လှိုင်မြို့နယ်၊ မြကန်သာလမ်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ လှူဒါန်းပွဲအခမ်းအနားသို့ ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)နှင့် ခမည်းတော်၊ ဆရာတော်၏ တပည့်ဒါယိကာ၊ ဒါယိကာမများ၊ ဒါရိုက် တာ ကြည်ဖြူသျှင်၊ မော်ဒယ်(လ်) သရုပ်ဆောင် ထွန်းကိုကို၊  နေဘုန်းလတ် (ဘလော့ဂါ/ပန်းစကား) တို့ တက်ရောက်ခဲ့ကြသည်။ အခမ်းအနား၌ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ စေတီတော် တည်ထားကိုးကွယ်ရခြင်း၏ ရည်ရွယ်ချက်တို့အား ဆရာတော်နှင့် အလှူရှင်များအား ရှင်းလင်းပြောကြား ခဲ့ပြီး ဆရာတော်မှ “မဟာပဏီတ ပရဟိတအောင်တော်မူစေတီ” တည်ထားခြင်းအပေါ် မုဒိတာသြဝါဒ မိန့် ကြားပေးခဲ့ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်၊ မော်ဒယ်(လ်) သရုပ်ဆောင် ထွန်းကိုကို၊  နေဘုန်းလတ် (ဘလော့ ဂါ/ပန်းစကား) တို့မှ အသီးသီး မုဒိတာစကား ပြောကြားခဲ့ပြီးနောက် ဆရာတော်နှင့် တပည့် အလှူရှင်များမှ အလှူငွေများ ပေးအပ်ရာ ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက် တို့မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပြန်လည်ပေးအပ်၍ သာဓု အနုမောဒနာ ခေါ်ဆိုခဲ့ကြသည်။

"မဟာပဏီတ ပရဟိတအောင်တော်မူစေတီ" တည်ဆောက်ရေးအတွက် ဆရာတော် အရှင်ဆန္ဒာ ဓိက
(ရွှေပါရမီတောရ)မှ အလှူတော်ငွေ (၅၅ဝ) သိန်းနှင့် ရွှေထီးတော်အတွက် အလှူငွေ (၂ဝ) သိန်း၊ ရှိုင်း ဟုတ်ကုမ္ပဏီမှ (၁ဝ) သိန်း၊ ဦးတင်ဝင်းသျှန် + ဒေါ်ခင်လေးသိမ့် (သမီး) ဒါရိုက်တာ ကြည်ဖြူသျှင်၊ မနုရွှေ ရည် (မိသားစု)မှ (၃) သိန်း၊ ဦးအောင်မြတ်သူ + Dr ခင်ဌေးဇော် (၁) သိန်း၊ Dr ဦးတင်မောင်သိန်း + Dr ဒေါ်သီတာအောင် (သား) မောင်ဝင့်ကိုကို၊ (သမီး) မခင်လပြည့် (မိသားစု)မှ (၅) သိန်း၊ Prefect ဆေးခန်း
(မိသားစု) မှ (၁) သိန်း၊ ဦးအောင်ကျော်မြင့် + ဒေါ်သူဇာကြည် (မိသားစု)မှ ၅၅ဝဝဝိ/- (ငါးသောင်းငါး ထောင်)၊ ဒေါ်မြတ်သက်စော (ဒေါ်ရွှေရည်) မိသားစုမှ ၅၅ဝဝဝဝိ/- (ငါးသိန်းငါးသောင်း)၊ ဘိုးဘွားမိဘ
(ဦးဟုတ်ယုံ) + ဒေါ်ကျင်လှ တို့အား ဦးထပ်ထား၍ သား- Capt: ဌေးမြင့် (မိသားစု)မှ  ၅၅ဝဝဝဝိ/-
(ငါး သိန်းငါးသောင်း)၊ ဦးစိုးပိုင် + ဒေါ်ခင်မြတ်ဆွေ (သမီး) ရွှေရည်ရွှန်းမြတ်၊ (သား) မောင်ခန့်ပိုင်စိုး
(ပိုင်-မိသားစုကုမ္ပဏီ)မှ ၅၅ဝဝဝဝိ/- (ငါးသိန်းငါးသောင်း)၊ ကွယ်လွန်သူမိဘများနှင့် ခင်ပွန်းတို့အားရည်စူး၍ ဒေါ်အေးအေးဝင်း၊ (သားကြီး) မောင်မြတ်နိုးရင်၊ (သားငယ်) မောင်မြတ်ဇာနည်ရင်၊ (သမီး) မယုဇနရင်
(မိသားစု)မှ (၃) သိန်း၊ မော်ဒယ်(လ်) သရုပ်ဆောင် ထွန်းကိုကို မှ (၃) သိန်း၊ မဇင်မီမီလွင်၊ မမြတ်ဆုဝင်း၊ မဇင်မွန်မွန်မြတ် တို့မှ (၁) သိန်း၊ ကိုမျိုးဝင်း + မမဉ္ဇူသိန်းဝင်း (မိသားစု) မှ (၁) သိန်း၊ ဦးကိုကိုလှိုင် + ဒေါ် အေးထူး (မိသားစု)မှ (၅) သောင်း၊ ကွန်လွန်သူမိဘများ အားရည်စူး၍ ဒေါ်ချိုချိုဝင်း၊ (သား) မောင်စိုးရာ ဇာ + မခိုင်ဝေနှင်း၊ မောင်ဟိန်းဇော်၊ ဒေါ်တူးမာ၊ ဒေါ်ဆွေဆွေဝင်း၊ (မြေး) Zara (မိသားစု) မှ ၄၂ဝဝဝိ/-
(လေးသောင်းနှစ်ထောင်)၊ ဦးဆွေမြင့်မှူး (မိသားစု)မှ (၃) သောင်း၊ တို့ရာင်ခြည် မှ (၁) သောင်း၊ ဦးစိန်ဝင်း + ဒေါ်ရီရီဝင်း (မိသားစု) မှ (၅) ထောင်ကျပ်တို့အား အသီးသီး ထည့်ဝင်လှူဒါန်းခဲ့ကြသည်။ ယင်းလှူဒါန်း ပွဲ၌ အလှူငွေစုစုပေါင်း ၆၁၆၄၂ဝဝဝိ/- (ခြောက်ရာတစ်ဆယ့်ခြောက်သိန်းလေးသောင်းနှစ်ထောင်) ကျပ် တိတိအား ဝမ်းမြောက်စွာ လက်ခံရရှိခဲ့ပါသည်။

ယခုကဲ့သို့ ဆရာတော်၏ မေတ္တာစွမ်းအား သဒ္ဒါစွမ်းအားတို့နှင့် တပည့်ဒါယိကာ/ဒါယိကာမ များနှင့် အလှူရှင်အပေါင်းတို့ မြတ်ဒါနကြောင့် များမကြာမီ တည်ဆောက်ပြီးစီးတော့မည့် “မဟာပဏီတ ပရဟိတ အောင်တော်မူစေတီ” နှင့်ဆက်စပ်သမျှသော သုံးဆယ့်တစ်ဘုံသားအပေါင်း၊ မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်အ ပေါင်းတို့နှင့် ကျွတ်တမ်းဝင်လိုကြသော အပ္ပါယ်လေးပါး သတ္တဝါအပေါင်းတို့အား ရည်စူး၍ မြင့်မြတ်လှ သော ကုသိုလ်တော်ကြီးအား အမျှအတန်း ပေးဝေနိုင်တော့မည် ဖြစ်ပါသည်။


(မှတ်တမ်း - ဓါတ်ပုံများ)












သတင်း-ဆောင်းပါး နှင့် မှတ်တမ်း ဓါတ်ပုံများ ....  နာရေးကူညီမှုအသင်း(ရန်ကုန်)

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>