Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဆယ့်ကိုးနှစ်အရွယ် မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရ

$
0
0



မော်ဒယ်အေးချမ်းမြတ်မိုးကို ဓားဖြင့် ထိုးသတ်ခဲ့သူမှာ ၎င်းနှင့် ထူးခြားသည့် ပတ်သက်မှု မရှိကြောင်း မိသားစုဝင်များက ပြောသည်။
သြဂုတ်လ ၂၅ ရက် ညနေက အံ့ဖြိုးပိုင်ဆိုသော လူငယ်တစ်ဦးက အေးချမ်းမြတ်မိုး၏ လည်ပင်းကို ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ် သည်။
ပြစ်မှုကျူးလွန်သည့် အသက်(၂၂)နှစ်အရွယ် အံ့ဖြိုးပိုင် ဆိုသူကို ညတွင်းချင်းပင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
‘‘ကောင်လေးကိုတော့ မိတယ်။ အစ်မတို့က ကယ်ကြပါဦး အော်လိုက်တော့ သူထွက်သွားတာ မြင်လိုက်တဲ့ ရပ်ကွက်တစ်ခုလုံးကလည်း ၀ိုင်းဖမ်းပေးကြတယ်’’ ဟု သေဆုံးသူ၏အစ်မဖြစ်သူ မအေးချမ်းမြတ်ဖြိုးက ပြောသည်။
မောင်နှမများ အတူစားရန် ခေါက်ဆွဲထုပ်သွားဝယ်ပြီး အပြန် တိုက်ခန်း ဒုတိယအလွှာတွင် အသတ်ခံရခြင်းဖြစ်ပြီး ၎င်းတို့မိသားစုမှာ တတိယအလွှာတွင် နေ ထိုင်ခြင်းဖြစ်သည်။
ဓားဖြင့် ထိုးသည့် သံသယတရားခံမှာလည်း ဦးဝိစာရအိမ်ရာဝင်းထဲတွင် နေထိုင်သူ ဖြစ်သည်။
‘‘ကျွန်မရုံးကပြန်လာတော့ အိမ်ကအမေကပြောတယ်။ ညီမလေးနဲ့ မတွေ့ဘူးလား။ ညီမလေးလည်း ပြန်လာနေပြီလို့ ပြောတယ်။ မတွေ့ဘူးပြောပြီး အိတ်ကိုချလိုက်ပြီး အပြင်ထွက်လာ တော့ ညီမလေးက ၀ုန်းဝုန်းနဲ့တံခါးခေါက်တယ်။ ‘မားမားရေကယ်ပါဦး’ လို့ အော်တယ်။ သူထိုးခံ လိုက်ရပြီ။ သွေးတွေအရမ်းထွက်aနတယ်။ တံခါးသွားဖွင့်တဲ့အခါ သံပန်းတံခါးရှိတော့ တံခါးဖွင့်လို့ မရဘူးဖြစ်နေတော့ မောင်လေးက ၀ရန်တာပေါ်ကနေခုန်ချပြီးတော့ သူ့ကိုသယ်ထုတ်တဲ့အခါကျတော့ သွေးကအရမ်းလွန်နေပြီ။ အရေးပေါ်လည်းရောက်ရော သူ ဆုံးသွားတာပဲ’’ဟု သေဆုံးသူ၏အစ်မဖြစ်သူ မအေးချမ်းမြတ်ဖြိုးကပြောသည်။

အေးချမ်းမြတ်မိုးကို သတ်သည့် အမျိုးသားမှာ ၎င်း၏ချစ်သူဖြစ်သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသော်လည်း ၎င်းတို့မှာ ချစ်သူမဟုတ်ဘဲ မိတ်ဆွေအဆင့်သာရှိကြောင်း ၎င်း၏အစ်မဖြစ်သူက ပြောသည်။
‘‘အမှန်တော့ ညီမလေးကို ကောင်လေးက သဘောကျတဲ့ပုံ ပါ။ ညီမလေးက ဒါကိုသိပ်စိတ်မ၀င်စားဘူး။ အစ်မတို့ဘက်ကလည်း သိပ်သဘောမတူဘူးလို့ ပြောထားတယ်။ သူနဲ့အသိမိတ် ဆွေတွေပါ။ ဟိုးအရင်ကတော့ မိတ်ဆွေတွေပေါ့။ အခုနောက်ပိုင်းတော့ သိပ်အဆက်အသွယ်မလုပ်ကြတော့ဘူး’’ဟု မအေးချမ်းမြတ်ဖြိုးကပြောသည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ သြဂုတ် ၂၆ ရက် ည ၇ နာရီခန့်တွင် အေးချမ်း မြတ်မိုးနှင့် ၎င်း၏ရည်းစားဖြစ်သူ အံ့ဖြိုးပိုင်တို့ စကားများရန်ဖြစ်ရာမှ အံ့ဖြိုးပိုင်က ဓားဖြင့်ထိုးရာ လည်ပင်းကို ထိုးသွင်းခဲ့၍ သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
သေဆုံးသွားသော မော်ဒယ်အေးချမ်းမြတ်မိုးသည် ဒုတိယနှစ် အင်္ဂလိပ်စာမေဂျာဖြင့်တက်ရောက်နေသည့် ကျောင်းသူတစ်ဦးဖြစ်သည်။ ၎င်းသည် Laurel Art Academy အနုပညာသင်တန်းကျောင်းမှရိုက်ကူးသည့် ရုပ်သံဇာတ်လမ်းတွင် ပါဝင်ရိုက်ကူးထားပြီး အနုပညာလှုပ်ရှားမှုများအဖြစ် ဗီစီဒီရိုက်ကူးခြင်း၊ မဂ္ဂဇင်းမျက်နှာဖုံး ဓာတ်ပုံရိုက်ကူးခြင်းများပြုလုပ်ခဲ့သည်။
သေဆုံးသူ၏ဖခင်မှာ စစ်တက္ကသိုလ်အပတ်စဉ်(၂၉)ဆင်း တပ်မတော်အရာရှိတစ်ဦး ဖြစ်သည်။  အေးချမ်းမြတ်မိုး၏ ရုပ်အလောင်းကို သြဂုတ် ၃၀ ရက်မွန်းလွဲတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်သည်။


http://www.7daydaily.com/

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>