Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရေအောက်ရှိ နဂါးများကိစ္စ ခေတ်လူငယ်များအကြား ရယ်စရာဖြစ်နေ

$
0
0
ရန်ကုန်မြစ်ကမ်းတွင် လာရောက်ကြည့်ရှုနေသူများကို သြဂုတ်၂၇ရက်က တွေ့ရစဉ် (ဓာတ်ပုံ−ရဲအောင်သူ/အေအက်ဖ်ပီ)

ဓမ္မစေတီ ခေါင်းလောင်း ကြီးကို နဂါးမင်းများက ရေ အောက်တွင် ဆီမီးပူဇော်ခြင်းနှင့် ပတ်သက်၍ လူမှုကွန်ရက် အသုံးပြုသူများနှင့် ခေတ်လူကြီး၊ လူငယ်များအကြား ရယ်စရာတစ်ခု သဖွယ် ပြောဆိုဝေဖန်နေကြ သည်။

နဂါးများကို ယုံကြည်သူနှင့် မယုံကြည်သူများ နှစ်ဖွဲ့ကွဲနေပြီး ကမ်းနားတွင် လာရောက်ကြည့်ရှု သူ အများစုက ခေါင်းလောင်းကြီး ပြန်တွေ့မည်ဟု ယုံကြည်လက်ခံ နေကြကာ လူမှုကွန်ရက်အသုံးပြု သူ ခေတ်လူငယ်အချို့က ဦး ဆောင်ရှာဖွေသူ ဦးစံလင်း၏ ရေအောက်တွင် နဂါးရှိသည်ဟု ပြောဆိုခြင်းကို လက်မခံလိုကြခြင်း ဖြစ်သည်။

ခေါင်းလောင်းကြီးကို သြဂုတ် ၉ ရက်မှစ၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြု ချက်ဖြင့် ဦးစံလင်းခေါင်းဆောင် သော အဖွဲ့က မြန်မာ့နည်း၊ မြန်မာ့ဟန်(ဂမ္ဘီရနည်း) ဖြင့် ရှာ ဖွေနေခြင်းဖြစ်ပြီး သြဂုတ် ၂၆ရက်နောက်ဆုံးထား ဆယ်ယူမည်ဟု ပြောကြားထားသော်လည်း ၂၇ ရက်အထိ ဆက်လက်တိုးချဲ့ရှာ ဖွေနေခြင်းဖြစ်သည်။

‘‘နဂါးတွေကို မယုံဘူး။ ရေ အောက်မှာ ဒီနဂါးတွေက ကုန်း ပေါ်တက်ပြီး လူယောင်ဖန်ဆင်း နိုင်တယ်ဆိုတာကိုလည်း မယုံဘူး။ နဂါးတွေ အောက်မှာရှိရင် လူတွေ ဒုက္ခရောက်ကုန်မယ်။ တံငါသည်တွေ၊ ပင်လယ်ကူးသင်္ဘော၊ ငါးဖမ်းလှေတွေ ဒီနားမှာ အမြဲဖြတ်နေတာ’’ဟု ရန်ကုန်မြစ်အတွင်း လုံခြုံရေးတာဝန်ယူ နေသူတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။

အကြီးဆုံး ရွှေရောင်နဂါး မင်းကြီးနှင့်တကွ နဂါးအပေါင်းတို့ က ဓမ္မစေတီခေါင်းလောင်းကြီး ကို အကြီးအကျယ်ဆုံး ခမ်းခမ်း နားနား ဆီမီးပူဇော်နေသည့်အ တွက်ကြောင့် သတ်မှတ်ရက်နေ့ ကို သတင်းထုတ်ပြန်ရန် နောက် ကျနေခြင်းဖြစ်ပါကြောင်း ဦးစံ လင်း၏ပြောဆိုမှုအပေါ် မယုံ ကြည်သူများက ဝေဖန်ခြင်းဖြစ် သည်။

နှစ်ပေါင်း ၄၀၀ ကျော်က တည်းက နစ်မြုပ်နေသော ဓမ္မစေတီခေါင်းလောင်းကြီး ရှိခြင်း၊ မရှိခြင်းထက် ဦးဆောင်ရှာဖွေသူ ဦးစံလင်း၏ ဂမ္ဘီရဆန်ဆန် ပြောဆိုချက်များကို လက်မခံဘဲ ခေါင်းလောင်းကြီး ပြန်ရှာတွေ့လိုသော ပြည်သူများ ဂမ္ဘီရအတွေးအခေါ် မှိုင်းမိမည်ကို စိုးရိမ်ကြောင်း သုံးသပ်သူအချို့ကဆိုသည်။

ခေါင်းလောင်းရှာဖွေသည့် ကုန်ကျစရိတ်ကို ကျပ်သိန်းနှစ်ထောင်နီးပါး မှန်းထားပြီး ဆက်လက် တိုးချဲ့ရှာဖွေမည့် ၁၇ ရက်အတွက် ကုန်ကျစရိတ်များအား မည်သူက တာဝန်ယူမည်ကို ပြန်ကြားရေးအဖွဲ့က ထုတ်ဖော်မပြော ကြားသေးပေ။

ပြန်ကြားရေးအဖွဲ့သို့ လာ ရောက်လှူဒါန်းသူ ၈၀ ကျော်ရှိပြီး အလှူငွေများကို အများပြည်သူ သိအောင် လက်တလောကြေညာ ပေးခြင်း မရှိဘဲ ဘဏ်တွင် အပ် ထားကြောင်းသာ ဖြေကြားထား သည်။ ဓမ္မစေတီခေါင်းလောင်းနှင့် နဂါးမင်းမပတ်သက်နိုင်ဘဲ နဂါး မင်းပူဇော်သည်ဆိုသည်ကို အယုံ အကြည်မရှိကြောင်း၊ မွန်ရိုးရာ နတ်များတွင်လည်း နဂါးမရှိ ကြောင်း မွန်သမိုင်းသုတေသနအ သင်း တွဲဖက်အတွင်းရေးမှူး နိုင်ရဲ ဇော်က ဆိုသည်။

‘‘နဂါးဆိုတာ တရုတ်နဂါး ကို ပြောတာမဟုတ်ဘူး။ မြွေက ကြီးသွားရင် နဂါးဖြစ်တယ်။ လူ တွေငါးပါးသီလလုံလား၊ လော ကမှာ လူတွေမမြင်နိုင်တဲ့ အရာ တွေ ရှိတယ်’’ ဟု ကမ်းစပ်တွင် လာရောက်ကြည့်ရှုသူ သံဃာတော်တစ်ပါးက မိန့်ကြားသည်။

သောင်တူးစက်မှ သဲမှုတ် ခြင်းများ ပြုလုပ်နေပြီး ရေငုပ် သမား ငါးဦးအဖွဲ့ကလည်း နှစ်ဖွဲ့ ခွဲ၍ ရေငုပ်ရှာဖွေနေမှုများကို သြဂုတ်၂၇ ရက်တွင် ပိုမိုလုပ်ဆောင်နေကြောင်း သဲသမ္ဗာန်သမားများကပြောသည်။

‘‘ပေါ်တူဂီငဇင်ကာ သင်္ဘော ပျက်တယ်။ ခေါင်းလောင်းတွေ ယူသွားတယ်ဆိုတဲ့ အထောက် အထားရှိတယ်။ ခေါင်းလောင်း ကျတယ်။ မကျဘူးဆိုတာတော့ ခိုင်မာတဲ့ အထောက်အထား မတွေ့သေးဘူး။ အဲဒီအချက်ကို သမိုင်းပညာရှင်တွေအကြား အငြင်းပွားနေဆဲပဲ’’ဟု သမိုင်းသုတေသနပညာရှင် ဒေါက်တာထွန်းထွန်းဦးက မှတ်ချက်ပေးဖူးသည်။

‘‘နတ်မေး၊ ဘာမေးနဲ့ဆိုရင် တွေ့မှာတောင် မဟုတ်ဘူး။ သမိုင်းအထောက်အထားတောင် တစ်မျိုးစီဖြစ်နေတော့ သေချာ လေ့လာရဦးမှာ။ သုတေသနလုပ် ရဦးမှာ’’ဟု စာရေးဆရာ ချစ်စံ ၀င်းက ပြောဆိုဖူးသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီး ဟု ယူဆရသော အရာကိုဆလုံ လူမျိုး ရေငုပ်သမားများက စမ်း မိထားပြီး သံမဏိကြိုးဖြင့် ချည် တုပ်နေသည့် သတင်းများ ကမ်းစပ်တွင် လာရောက်ကြည့်ရှု သူများအကြား ထွက်ပေါ်နေပြီး ညနေ ၄ နာရီနောက်ပိုင်း ကမ်း လုံးညွှတ်မျှ လူများလာရောက် ကြည့်ရှုနေကြသည်။

ဧရာဝတီမြစ်၏ အနည်ပို့ချ မှု နှုန်းမှာ နှစ် ၁၀၀ ကြာတိုင်း မြစ် ၏အရှေ့ဘက်သို့ သုံးမိုင်တိုး၍ ပို့ချနေ၍ ယခုနှစ် ၄၀၀ ရှိသွား သောအခါ မြစ်၏ပို့ချမှုမှာ ၁၂ မိုင် ဖြစ်သွားသဖြင့် ခေါင်းလောင်း ကြီးမှာ ကုန်းပေါ် (သို့မဟုတ်) မြေကြီးထဲ (သို့မဟုတ်) ရေထဲ တွင်လားဆိုသည်မှာ အလွန်ပင်မှန်းရခက်ကြောင်း ဦးချစ်စံဝင်းက ပြည်တွင်းမီဒီယာတစ်ခုအား ယခု ရက်ပိုင်းအတွင်း ပြောကြားထား သည်။

http://www.7daydaily.com/

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>