နှစ်စဉ်ကြုံတွေ့နေရသော ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှုများ အား ဘဏ္ဍာငွေအမြောက်အမြား မရရှိပါက လာမည့်နှစ်တွင်လည်း ရေကြီးရေလျှံမှုကို ရာနှုန်းပြည့်ကာ ကွယ်နိုင်မည်မဟုတ်ကြောင်း ရန်ကုန် မြို့တော်ဝန်ဦးလှမြင့်က ပြောဆိုလိုက် သည်။
သြဂုတ် ၂၅ ရက်က ပြုလုပ် သော ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း ၏ မေးမြန်းချက်နှင့် ပတ်သက်ပြီး ၄င်း က ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌဖြစ်သူ မြို့ တော်ဝန်ဦးလှမြင့်က ''ရန်ကုန်မြို့ ရဲ့ ရေကြီးရေလျှံမှုပြဿ နာကို ဖြေ ရှင်းဖို့ နည်းပညာနဲ့ဘဏ္ဍာငွေ မြောက် မြားစွာလိုအပ်မယ်။ အဲဒါတွေ မရရှိ ရင် လာမယ့် ၂ဝ၁၅ ရန်ကုန်မြို့ ရေ ကြီးမယ့်ပြဿ နာကို အပြည့်အဝ ကာ ကွယ်နိုင်မှာမဟုတ်ဘူး''ဟု ပြောဆို ခဲ့သည်။
ထို့ပြင် ရန်ကုန်မြို့တွင် ရေကြီး ရေလျှံမှုပြဿ နာ ကြုံတွေ့နေရခြင်း မှာ မြို့တွင်း တည်ဆောက်လျက်ရှိ သော စီမံကိန်းအိမ်ရာများနှင့် လူ နေထူထပ်သော ရပ်ကွက်များတွင် ဆောက်လုပ်လာခြင်းကြောင့် ရေဝပ် ဧရိယာများ နည်းပါရသည့်အတွက် ဖြစ်ကြောင်း သိရသည်။
''ဒီရေတက်ချိန်နဲ့ မိုးရွာချိန် တိုက်ဆိုင်ရင် ရေစွန့်ထုတ်နိုင်တဲ့ ပိုက် ထက် မြစ်ရေကပိုမြင့်တက်နေရင်လဲ ရေစွန့်ထုတ်ဖို့ မလွယ်ဘူး။ အဲဒါတွေ အကုန်ပြန်ပြင်ဖို့ မြောက်မြားစွာသော ဘတ်ဂျက်တွေလိုပါတယ်''ဟု ဦးလှ မြင့်ကပြောသည်။
နိုင်ငံတကာရှိ ရေကြီးရေလျှံ မှု အများဆုံးဖြစ်ပွားရာ မြို့များတွင် မြို့တွင်းလျှံနေသော ရေပမာဏမှ ရေမြောင်းမှ စွန့်ထုတ်နိုင်သော ပမာဏထက် ကျော်လွန်များပြားနေ ပါက သာမန်လုပ်ရိုးလုပ်စဉ်အပြင် ကြိုတင် တည်ဆောက်ထားသော ရေလုံတာတမံများဖြင့် ထိန်းသိမ်း ကာ အချိန်အနည်းငယ်ကြာမှသာ သီးသန့် ပြန်လည် စွန့်ထုတ်မှုပြုလုပ် ကြောင်း နိုင်ငံတကာစံညွှန်းများအရ သိရသည်။
လက်ရှိ ၂ဝ၁၄ ခုနှစ်တွင် ရေ ကြီးရေလျှံမှု ဆိုးရွားစွာဖြစ်ပေါ်ခဲ့ သောမြို့များမှာ ဒဂုံမြို့သစ်အရှေ့ ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့ သစ်မြောက်ပိုင်းနှင့် ဒဂုံဆိပ်ကမ်းမြို့ နယ်များဖြစ်ကြောင်း သိရသည်။
အဆိုပါမြို့နယ်များတွင် ရေ ကြီး ရေလျှံမှု ထပ်မံမဖြစ်ပွားစေရန် အတွက် တိုင်းဒေသကြီးအစိုးရမှ ရေ ကြီးရေလျှံမှုမဖြစ်စေရန် ထိန်းသိမ်း ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက် ခဲ့ပြီး အရှည် ၄၄၈ မိုင်ကျော် ရှည် သော ရေမြောင်း ၁၆၉ မြောင်းတူး ဖော်ပေးခဲ့ကြောင်း စည်ပင်မှထုတ် ပြန်ထားသော စာရင်းများအရသိရ သည်။
ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၃)။