လာမည့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက် ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်ချက်များအရ သေဆုံးသူများ ၏ မဲစာရင်းများ ပါဝင်နေကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ မဲဆန္ဒရှင်စာရင်း ဖြည့်သွင်းပြု စုခြင်း ရှေ့ပြေးစီမံချက် ဆောက်ရွက်နေသည့် အရပ်ဘက် လူ့အဖွဲ့အစည်းများက ပြောသည်။
သို့သော် ယာယီသန်းခေါင်စာရင်း၊ ဧည့်စာရင်း နှင့် ကျူးကျော်နေထိုင်သူများသည် အဆိုပါမဲစာရင်းတွင် ပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်ဟု ¤င်းတို့ကဆိုသည်။
''သေဆုံးသွားတဲ့သူတွေဟာ မဲစာရင်းမှာ ပါနေ တာတွေ့ရပါတယ်။
ဘာလို့ပါနေတာလဲဆိုတာ စစ်ကြည့် လိုက်တော့ လူတစ်ဦးတစ်ယောက်က သေဆုံးသွားရင် ကျန်းမာရေး ဦးစီးဌာနကနေ သေစာရင်းကို မြို့နယ် လဝကကို သွားပေးရတယ်။ ဒါကို မိသားစုဝင်တွေက မလုပ်ခဲ့တဲ့အခါ ပါနေတာပေါ့''ဟု အဆိုပါလုပ်ငန်း စီမံ ချက်ကိုဆောင်ရွက်ခဲ့သူ new myanmar foundation မှ ဒေါ်မြနန္ဒာ ကပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂ဝ၁၅ ခုနှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သောမဲစာရင်းရရှိရန် ''မဲဆန္ဒရှင် စာရင်းဖြည့်သွင်းပြုစုခြင်း ရှေ့ပြေးစီမံချက်'' ကို အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့်ပူးပေါင်းလုပ်ဆောင်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်နှင့် ချင်းပြည်နယ် တီးတိန်မြို့နယ်တို့တွင် လုပ်ငန်းများဆောင်ရွက်ခဲ့ရာ မဲစာရင်းပြုစုခြင်း လုပ်ငန်းပိုင်း အားနည်းချက်များကိုတွေ့ရှိခဲ့ရကြောင်း သြဂုတ် ၂၆ရက်က မြန်မာနိုင်ငံသတင်း စာဆရာများအသင်းရုံးခန်းတွင် လုပ်ငန်းဆောင်ရွက်ခဲ့သူများက ပြောကြားလိုက် ခြင်းဖြစ်သည်။
သေဆုံးသူများမဲစာရင်းတွင်ပါဝင်နေခြင်းအားပယ်ဖျက်ရန် ကျန်းမာရေး ဝန်ကြီးဌာနမှ သေစာရင်းရယူပြီး လူဝင်မှုကြီးကြပ်ရေးရုံးသို့ စာရင်းပေးသွင်းရန် လိုအပ်သော်လည်း စာရင်းယူရန် ကျန်းမာရေးဝန်ကြီးဌာန သို့ပေးသွင်းရမည့်ကုန်ကျ စရိတ်များကြောင့် မိသားစုဝင်များမှာ သေစာရင်းပယ်ဖျက်မှုမပြုလုပ်သည့်အ တွက် သေစာရင်းများသည် မဲစာရင်းအတွင်းပါရှိနေခြင်းဖြစ်ကြောင်းသိရသည်။
ယင်းအတွက် သေဆုံးစာရင်းများကို မြို့နယ်ကျန်းမာရေးဌာနမှ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်သို့ လစဉ်တိုက်ရိုက် စာရင်းပေးပို့အကြောင်းကြားရန်လိုအပ် ကြောင်း သိရသည်။
''နောက်ထပ်တွေ့ရတာက ဧည့်စာရင်းတွေ၊ ယာယီသန်းခေါင်စာရင်းနဲ့နေ တဲ့သူတွေက မဲစာရင်းမှာပါလာတာမတွေ့ရဘူး''ဟု ဒေါ်မြနန္ဒာက ပြောသည်။
ယခုရှေ့ပြေးစီမံချက်တွေ့ရှိမှုအရ ယာယီသန်းခေါင်စာရင်းဖြစ်သူများမှာ အိမ်ပိုင်သော်လည်း နာမည်လွှဲပြောင်းရန်ကုန်ကျစရိတ်များကြောင့် အမည်ပေါက် မလုပ်နိုင်ကြောင်း၊ ကျူးကျော်များအနေဖြင့် ကျူးကျော်အိမ်များအဖြစ် နှစ်ပေါင်း ၃ဝ ခန့်နေလာသူများဖြစ်နေသည်ကိုတွေ့ရှိရပြီး ယခင်ရွေးကောက်ပွဲတွင် မဲပေး ထားသူများဖြစ်သည်ကိုတွေ့ရှိရကြောင်းသိရသည်။
ယင်းသို့တွေ့ရှိချက်များကို ''မဲဆန္ဒရှင်စာရင်းဖြည့်သွင်းပြုစုခြင်း ရှေ့ပြေးစီမံ ချက်'' ဆောင်ရွက်ခဲ့သောအရပ်ဘက်လူမှုအဖွဲ့အစည်းများက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ တိုက်ရိုက်ပေးပို့ကာ အကြံများပေးသွားမည်ဖြစ်ကြောင်း ထပ်မံသိရသည်။
ယခုကောက်ယူခဲ့သောစီမံချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂ဝ ခန့်ကိုဖိတ်ကြားတာဝန်ယူစေခဲ့ပြီး အလုံမြို့ နယ်နှင့်တီးတိန်မြို့နယ်တို့တွင် ယခုနှစ်ဇွန်လမှ သြဂုတ်လအထိ လုပ်ငန်းဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သော်ဇင်ထက် - ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၃)။