Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကမ္ဘာ့ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်ရဲ့ အဓိပတိ သီတဂူဆရာတော်ကြီး..-Pa Yit

$
0
0
တစ်ချိန်တုန်းက...

ထေရ၀ါဒ ဘာသာတရားကို ..
For Show ပဲလုပ်တတ်ပြီး..
ဓာတ်ရိုက်ဓာတ်ဆင် ၊ အောက်လမ်း ၊
ဗေဒင် ၊ ယတြာ ၊အစီအရင်
စတဲ့...လောကီ အကျိုးစီးပွားကိုပဲ
စိတ်ဝင်စားတဲ့ ..
အာဏာရှင်သန်းရွှေဟာ..

ထက်ထက်မြက်မြက်ရှိပြီး...
အရည်အသွေးရှိတဲ့ ..
သာသနာ့အာဇာနည်ကိုယ်တော် တစ်ပါးကို..
လူဝတ်လဲပေးချင်တဲ့အတွက်.
.သာသာနာ့ဥသျှောင်ဖြစ်တဲ့..
မင်းကွန်းတိပိဋကဆရာတော်ကြီးကို
လျှောက်တင်ပါတယ်၊

ဘယ်လောက်အထိအောက်တန်းကျတဲ့ ..
မိစ္ဆာဒိဌိတွေလဲ..ဆိုတာကို ...
ဒီလိုလုပ်ဝံ့တာနဲ့ ကိုတွေ့နိုင်တယ်..

မင်းကွန်းဆရာတော်ကြီးက...
အာဏာရှင်တွေကို ပြန်မိန့်တဲ့စကားကတော့..

သပိတ်အိုင်ဆရာတော်ကို...
လူဝတ်လဲမယ်ဆိုရင်...
သူ့အတွက်ပါ လူဝတ် တစ်စုံအပိုယူလာခဲ့..
ဆိုတဲ့စကားပါ..

အဲဒီလို မိန့်ကြားလိုက်တော့...
အာဏာရှင်တွေဟာ..
မျက်စိမျက်နှာပျက်ပြီး..လက်လျှော့သွားပါတယ်..

အဲဒီ သပိတ်အိုင်ဆရာတော်..
(ခ) သီတဂူဆရာတော် (ခ)
သဲကုန်းဆရာတော်ဟာ..

အခု ကမ္ဘာ့ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်ရဲ့ အဓိပတိ
သီတဂူဆရာတော်ကြီး..

" ဒေါက်တာအရှင်ဥာဏိဿရ"ဆိုပြီး...ထင်ရှား လာခဲ့ပါတယ်...

------------------------

ဆရာတော်ကြီးဟာ..
ထေရ၀ါဒဗုဒ္ဓသာသနာထွန်းကားရေး အတွက်
ယခုအချိန်ထိကို ...
စိုက်ထုတ်ဆောင်ရွက်ခဲ့ပါတယ်..။

ထေရ၀ါဒရဲ့ အနှစ်သာရတွေအတိုင်း
ကျင့်ကြံခဲ့တဲ့.ဆရာတော်ကြီးဖြစ်ပါတယ်။

ဆရာတော်ကြီးဆောင်ရွက်ခဲ့တဲ့ ..
နာပြုလုပ်ငန်းတွေကတော့

(၁) သီတဂူရေအလှုတော်-
ဧရာဝတီမြစ်ရေကို..မြင်းကောင်ရေအား ( ၃၀ )ရှိတဲ့
ရေပိုက်လိုင်း (၁၀)လိုင်းဖြင့်
ရေလှောင်ကန်ကြီးများဆီသို့သယ်ယူပြီး
စစ်ကိုင်းတောင်ရိုး တစ်လျှောက်
(၈)မိုင်ဧရိယာအထိ နေ့စဉ်ရေဂါလံ
၅သိန်း ကျော်ပေးဝေလှူဒါန်းခဲ့တယ်၊

(၂) သီတဂူအာယုဒါန ဆေးရုံတော်များ-
အဲဒီဆေးရုံတွေကိုလည်း ..
အထွေထွေရောဂါကုဆေးရုံအဆင့်အထိလုပ်ဆောင်ခဲ့တယ်..
နိုင်ငံခြားက ဆရာဝန်တွေကို
ဖိတ်ကြားကုသစေခဲ့တယ်..။

(၃) သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်-
အဲဒီတက္ကသိုလ်ကလည်း ရန်ကုန်နဲ့ စစ်ကိုင်းမှာရှိတယ်.၊
ကမ္ဘာအနှံ့က သံဃာတော်တွေတောင်
လာရောက်သင်ကြားကြတယ်၊

(၄) သီတဂူ ဓမ္မ၀ိဟာရများ-
ထေရ၀ါဒ ဗုဒ္ဓသာသနာကိုပြည်ပမှာ စနစ်တကျ သိရှိကျင့်ကြံ
နိုင်ရန်အတွက် လမ်းညွန်ပြသပေးရာ နေရာတစ်ခုအဖြစ်
သီတဂူဓမ္မ၀ိဟာရကို ၁၉၉၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ
Austin, Texas တွင်တည်ထောင်ခဲ့တယ်
(၁၅)ဧကကျယ်တဲ့နေရာမှာ
စေတီတွေ သာဿနိကအဆောက်အဦးတွေ..
ဆောက်သာသနာပြုခဲ့တယ်၊
Maple Wood မှာ သီတဂူ ဓမ္မဝိဟာရတစ်ခုနဲ့ ၊..
လ်ာရီဒါမှာ ဓမ္မာလောက
ဗုဒ္ဒဘာသာအသင်းတို့လည်းရှိတယ်..။

------------------

နောက်ပြီး အထင်အရှားဆုံးကတော့ ..
နာဂစ်ကာလအတွင်းဖြစ်ပါတယ်..

စစ်အစိုးရဟာ..နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကို .
.ခေါင်းမာမာနဲ့ လက်မခံပဲ ရေမြုပ်ဒေသကပြည်သူတွေကို..
အခြေခံဥပေဒအတွက် စတေးလိုက်ချိန်မှာ..

သီတဂူဆရာတော်ကြီးဟာ..
နာဂစ်ဒေသကို အခေါက်ခေါက်အခါခါရောက်ပြီး
ကယ်ဆယ်ရေးလုပ်ငန်းပေါင်းများစွာကို
အံ့သြကြည်ညိုလောက်အောင်ကို
လုပ်ဆောင်ခဲ့ကြတယ်..၊
ဆရာတော်ကြီးရဲ့ သီတဂူအမှတ်အသားပါတဲ့
ကယ်ဆယ်ရေးကားတန်းကြီးတွေကို
ဧရာဝတီတိုင်းက လမ်းမတွေမှာ ..
ဥဒဟိုသွားလာခဲ့တာတွေကို
မြင်ဖူးကြတဲ့သူတွေအများကြီးပါ.၊

မုန်တိုင်းကြောင့် ပြိုကျပျက်စီးသွားတဲ့
စေတီပေါင်း (၁၇၀) ကျော်ကို ပြုပြင်ပြီး
ရွှေထီးတော် အသစ်များ တင်လှူပူဇော်ခဲ့တယ်၊
အလယ်တန်း၊ မူလတန်းကျောင်းပေါင်း (၂၇)ကျောင်းတို.ကို
အသစ်ဆောက်လုပ်လှူဒါန်းတယ်၊ ဧရာဝတီတိုင်းက
ဆေးရုံပေါင်း (၁၂)ရုံကို ဆေးရုံသုံးပစ္စည်းတွေလှူဒါန်းခဲ့တယ် ၊
မုန်တိုင်းဒဏ်သင့် ပြည်သူတွေကိုလည်း ဆန် အပါအ၀င်
ကယ်ဆယ်ရေးပစ္စည်းတွေလှူဒါန်းခဲ့တယ်..

ဒုက္ခသည်တွေအတွက် အလှုခံဖို့ရည်ရွယ်ချက်နဲ့
နိုင်ငံအချို့မှာ တရားပွဲတွေခဏခဏ
ကျင်းပခဲ့တယ် ..၊ ဆရာတော်ကြီးနဲ့
အတူ ပြည်သူတွေကပါ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်..။

အခုထက်ထိ နာဂစ်ပြန်လည်ထူထောင်ရေးအတွက်
လုပ်ကိုင်ဆောင်ရွက်ဆဲပါ။

-----------------

ထူးခြားတာတစ်ခုက..

သီတဂူဆရာတော်ကြီးဖွင့်လှစ်ပေးထားတဲ့..
ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဆေးရုံတွေမှာ..
ဗုဒ္ဓဘာသာဝင်တွေကိုသာမက..
အစ္စလာမ် ၊ ခရစ်ယန် စတဲ့...
ဘာသာစုံလူမျိုးစုံကိုပါ ကုသပေးခဲ့တာဖြစ်သလို..

သီတဂူဆရာတော်ကြီးကိုယ်တိုင်ကလည်း..
ပါကစ္စတန်နိုင်ငံသား အစ္စလာမ်ဘာသာဝင်..
မျက်စိအထူးကုဆရာတော်ကြီးရဲ ခွဲစိတ်မှုကို
ခံယူပြီး မျက်စိအကြည်ဓာတ်ပြန်လည်ကောင်းမွန်ခဲ့ပါတယ်.၊

ထပ်ပြီး အတုယူစရာဖြစ်ရပ်ကတော့..

အစ္စလာမ်ဘာသာဝင် ကိုမြအေး ရဲ့..နှလုံးကို
သေချာစွာခွဲစိတ်ပေးခဲ့တာဟာလဲ
ဗုဒ္ဓဘာသာဝင်ရိခိုင်လူမျိုးတစ်ဦးဖြစ်သလို..

လွန်ခဲ့တဲ့ လအနည်းငယ်က..မန္တလေးမြို့မှာ
အစ္စလာမ်ဘာသာဝင်..
မိန်းကလေးငယ်တစ်ယောက်ကို..တိုက်ပြီး
ထွက်ပြေးတဲ့ တရုတ်လိုမျိုးတစ်ယောက်ရဲ့ကားကို
မီအောင်လိုက်ပြီး ကိုယ့်ကားကို
ခေါင်းပိုင်းစုတ်ပြတ်သွားတဲ့အထိ အနာခံပြီးရှေ့ကပိတ်ရပ်လို့
တရားခံကို ရအောင်ဖမ်းဆီးပေးခဲ့တဲ့သူဟာလဲ..
ဗုဒ္ဓဘာသာ ဆရာဝန်တစ်ဦးဖြစ်နေတာပါပဲ..

------------------

ဘာပဲပြောပြော..ကိုယ်ကျင့်တရားနဲ့ စိတ်ဓာတ်ဟာ
အဓိကဖြစ်ပါတယ်..

ပြောချင်တာကတော့...

သီတဂူဆရာတော်ကြီးအကြောင်းကို
သေချာသိမြင်နာလည်မှ ဝေဘန်ကြရင်..
ပိုကောင်းမယ်ထင်ပါတယ်..၊

ကမ္ဘာ့ဘာသာပေါင်းစုံညီလာခံကြီးတွေမှာ
မဖြစ်မနေ တက်ရောက်ဖို့ဖိတ်ကြားခံခဲ့ရတဲ့
ဘာသာတိုင်းကိုလေးစားတဲ့ ဆရာတော်ကြီး
တစ်ပါးကို..

ဝေဘန်စရာလိုအပ်မယ်လို့ မထင်ပါဘူး..

ဘယ်ကိစ္စကိုပဲဖြစ်ဖြစ်..
ဆူလွယ်နပ်လွယ် ဖြစ်လေ...
ဖြေရှင်းရခက်လေလေ...

စိတ်ကိုထိန်းသိမ်းပြီးဖြေရှင်းရလေ..ဆိုတာ

သဘောပေါက်ကြစေချင်ပါတယ်..

( Pa Yit)

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>