Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဥရောပ အကောင်းဆုံး ကစားသမားဆု ရော်နယ်ဒို ဆွတ်ခူး

$
0
0

ပြီးခဲ့သည့်ရာသီက ရီးရဲလ်နှင့်အတူချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သည့် ရော်နယ်ဒိုသည် (၂၀၁၃-၁၄)ရာသီ ဥရောပ အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးနိုင်ခဲ့သည်။ ပြင်သစ်နိုင်ငံ မိုနာကိုမြို့ကို ကျင်းပပြုလုပ်သည့် ချန်ပီယံလိဂ် မဲခွဲပွဲမတိုင်မီ ဥရောပအကောင်းဆုံး ကစားသမားဆု ပေးအပ်ခဲ့ရာ ဘိုင်ယန်မြူးနစ် ကစားသမားများဖြစ်သည့် ရော်ဘင်၊ နူအာတို့ကို ကျော်ဖြတ်ကာ အကောင်းဆုံး ကစားသမားအဖြစ် ရော်နယ်ဒို ရွေးချယ်ခံရခြင်းဖြစ်သည်။

ရော်နယ်ဒိုသည် ပြီးခဲ့သည့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲတွင် (၁၁)ပွဲ ကစားပြီး (၁၇)ဂိုး သွင်းယူနိုင်ခဲ့ပြီး လာလီဂါပြိုင်ပွဲတွင်လည်း ပွဲ(၃၀) ကစား၊ (၃၁)ဂိုးသွင်းယူနိုင်ခဲ့သည်။ ဥရောပ အကောင်းဆုံး ဆုရခဲ့ခြင်းနှင့်ပတ်သက်၍ ရော်နယ်ဒိုက '' အရမ်း အရမ်းပျော်ပါတယ်။ အသင်းဖော်တွေ၊ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကု
ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အသင်းဖော်တွေ မကူညီဘူးဆိုရင် ကျွန်တော် ဒီဆု ရမှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ပြတိုက်မှာ ဒီဆု မရှိသေးပါဘူး။ အဲဒီတော့ ကျွန်တော့်အစ်ကိုက ဒီဆုကို သိပ်မကြာမီ ပြတိုက်ပို့ပေးပါလိမ့်မယ် ''ဟု ပြောသည်။ ရော်နယ်ဒိုသည် ယခုရာသီတွင်လည်း ပြိုင်ပွဲအဖြစ် ကစားခဲ့သည့် ပွဲစဉ်(၄)ပွဲတွင် (၃)ဂိုး သွင်းယူနိုင်ခဲ့သည်။

@z (ရိုးရာလေး)
Ref: uefa.com
www.yoyarlay.com


Viewing all articles
Browse latest Browse all 32865

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ကျမသာလျှင် ဗိုလ်ချုပ်နေ၀င်း၏မယားကြီးပါ(ပိတ်စေ အမိန့်မှ သတင်းအစများ)


TTA Oreo Gapp Installer


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...