ရန်ကုန်မြို့သစ်စီမံကိန်းအဖြစ် ရန်ကုန်မြို့ အနောက်ဘက်ကြည့် မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ် နှင့် တွံတေးမြို့နယ်များ တွင်တည်ရှိပြီး ပန်းလှိုင်မြစ်နှင့်တွံ တေးတူးမြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းကြားရှိ မြေနေရာများ၌ အကောင် အထည်ဖော်ရန် နေရာလျာထား ပြီး အဆိုပါစီမံကိန်းကို လူသိနည်းသည့် အများပိုင် ကုမ္ပဏီတစ်ခုဖြစ် သည့် မြန်မာ့စေတနာ မြို့သစ် အများပိုင်ကုမ္ပဏီကို တရားဝင်လုပ် ကိုင်ခွင့်ပေးလိုက်ခြင်းအပေါ် ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိသည်။…
အဆိုပါ ရန်ကုန်မြို့သစ် စီမံကိန်းနှင့်ပတ်သက်၍ သြဂုတ် ၂၂ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး ပထမအကြိမ် န၀မပုံမှန်လွှတ်တော်အစည်းအဝေးသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက သ၀ဏ်လွှာပေး ပို့ခဲ့ပြီး ရန်ကုန် မြို့တော်ဝန်ဦးလှမြင့်က ဖတ်ကြားခဲ့ရာ၌ ““ရန်ကုန်မြို့သစ် စီမံကိန်း လျာထားနေရာအား မြို့ မြေအဖြစ် သတ်မှတ်ပြီးပါက မြေပိုင်ရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စိတ်ဝင် စားသည့် နိုင်ငံသားလုပ်ငန်း ရှင်များ စုစည်းထားသည့် မြန်မာ့စေတနာ မြို့သစ်အများပိုင် ကုမ္ပဏီလီမိတက်အား တာဝန်ပေးအပ်ရန် စီမံ ထားပါတယ်။ စီမံကိန်းအကောင်အထည် ဖော်မည့် အပေါ် ဒေသခံပြည်သူလူထု၏ သဘောတူညီချက်ကိုလည်း ရရှိထားပြီးဖြစ်ပါတယ်။ နည်းစနစ်ကျနမှုနဲ့ ဘဏ္ဍာရန်ပုံငွေ အစီအစဉ် များလည်းခိုင်မာမှုရှိကြောင်း စိစစ် တွေ့ရှိ ရပါတယ်။ ဒီစီမံကိန်းနဲ့ပတ်သက်လို့ ကြိုတင်ပြင်ဆင်မှုပြုလုပ်ရာတွင် မလိုလားအပ်သည့် ရှုပ်ထွေးမှုများ ဖြစ်ပေါ် လာနိုင်တဲ့ အတွက် စီမံကိန်းသတင်းလုံခြုံမှု ကို ကန့်သတ်ခဲ့ရခြင်း ဖြစ်ပါတယ်”” ဟု ပါဝင်သည်။
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က သ၀ဏ်လွှာဖတ်ကြားအပြီးတွင် စီမံကိန်းသ၀ဏ်လွှာအား တရား ၀င်ဝေငှပေး ရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းက လွှတ်တော် ဥက္ကဋ္ဌထံ ကြားဖြတ်အစီအစဉ် တောင်းဆို၍ ယင်းသ၀ဏ်လွှာအား ဝေငှပေးရန် ပြောကြား ခဲ့သည်။
““သ၀ဏ်လွှာ မဝေပါဘူး။ တရားဝင်ဝေပေးပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေ ကို လွှတ်တော်ရဲ့နောက် ဆုံးနေ့မှာ ဆွေးနွေးခွင့်ပေးပါဆိုပြီး အန်တီက ထပြောတယ်။ ဒါပေမဲ့ လွှတ်တော်ဥက္ကဋ္ဌက ဘာမှမပြောဘူး။ ပါး စပ်ပိတ်နေတယ်။ အဲဒီနေ့က ဦးနန္ဒကျော်စွာ တောင် လေ့လာသူအနေနဲ့ တက် တယ်။ အန်တီ ချက်ချင်း ထ ပြော တာတောင် ဥက္ကဋ္ဌကြီးက ဘာမှ မပြောဘူး။ ဒါနဲ့ပတ်သက်ပြီး အရေးကြီးအဆိုတင်သွင်းပြီး ဆွေးနွေးသင့် ပါတယ်။ ဥက္ကဋ္ဌကြီးက ဘာမှမပြောတာတော့ မလုပ်ပေး ချင်လို့ မပြောတာလို့ ထင်တယ်။ ဘာမှမပြောဘဲ နှုတ် ဆိတ်နေပြီး မကြားသလိုနဲ့ နောက်အစီအစဉ် တစ်ခု ဆက်သွားတယ်”ဟု ဒေါက် တာဒေါ်ညိုညို သင်းက အဆို ပါနေ့က အဖြစ်အပျက်ကို မြန်မာ သံတော်ဆင့်သို့ ပြောသည်။
အဆိုပါ မြို့သစ်စီမံကိန်းကို ရန်ကုန်တိုင်းအစိုးရအနေနှင့် အသေး စိတ်တင်ပြစေ လိုကြောင်း တိုင်း ဒေသကြီး လွှတ်တော်အမတ်များက တောင်းဆို တင်ပြခဲ့သော်လည်း လွှတ်တော်ဥက္ကဋ္ဌက တစ်စုံတစ်ရာ ပြန် လည် ဖြေကြားခဲ့ခြင်း မရှိသကဲ့ သို့ ဆွေးနွေးသွားရန်လည်း အစီ အစဉ်မရှိသည့်အပေါ် တိုင်းဒေသ ကြီး လွှတ်တော် အမတ်များက ဝေဖန်ပြောဆိုမှုများရှိနေသည်။ ထို့ ပြင် တိုင်းဒေသကြီးလွှတ်တော်တွင် မြို့တော်ဝန်ဦးလှမြင့်က ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကိုယ်စား သ၀ဏ်လွှာ လာရောက်ဖတ်ကြားခြင်းမှာ လွှတ် တော်၏အကြံပြုချက် တောင်းခံ ခြင်းမဟုတ်ဘဲ အဆိုပါစီမံကိန်း ကို ဆောင်ရွက်ရန် ဆုံးဖြတ်ထား ပြီးဖြစ် ကြောင်း၊ မြို့ပြစီမံကိန်းအကြောင်းကို လွှတ်တော်အား အသိပေးရုံ သက်သက် လာရောက်ပြောကြား ခြင်း သာဖြစ်ကြောင်းလည်း တိုင်းဒေသကြီး လွှတ်တော်အမတ်များ က ဝေဖန်ပြောဆိုကြသည်။
““တချို့စီမံကိန်း ကိစ်္စတွေမှာ ပြည်ထောင်စုအစိုးရကို တင်ပြပြီးဆောင်ရွက်နိုင် တယ်ဆိုရင် သူတို့ အနေနဲ့ လုပ် ပိုင်ခွင့်ရှိတယ်။ သို့ သော်လည်းပဲ ဒေသဖွံ့ဖြိုးရေး ဆိုရင် လွှတ်တော်ကိုလည်း တင်ပြရမယ်။ လွှတ်တော်ဥပဒေ ပုဒ်မ (၆၂) မှာ လွှတ်တော် ကိုယ်စားလှယ်များဟာ ဆိုရင် ပြည်သူက ရွေးချယ်တင် မြှောက်ထားတဲ့ ကိုယ်စား လှယ်များ ဖြစ်တဲ့အတွက်ကြောင့် ညှိနှိုင်းတိုင်ပင်အပ်သော ပုဂ်္ဂိုလ်များဟု မှတ်ယူရမည်လို့ ပြဋ္ဌာန်းထားတယ်။ ဒီပြဋ္ဌာန်းချက်ကို ရန်ကုန်တိုင်းဒေသ ကြီးအစိုးရက လျစ်လျူရှုတယ်လို့ပဲ ပြောရမှာပေါ့။ ဒီကိစ္စဟာ ပွင့်လင်းမြင် သာမှု မရှိတာ ထင်ရှားနေတယ်။ အခုလက်ရှိ စီမံကိန်းနဲပတ် သက်လို့ ဘယ် အတိုင်းအတာထိ ကျယ်ပြန့်လာ မလဲ စောင့်ကြည့်ပြီးတော့ လိုအပ်ရင် အဆိုတင်သွင်း ဆွေးနွေးမယ်ပေါ့””ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဦးမြင့်ဆွေ၏ သ၀ဏ်လွှာတွင် မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ မြန်မာ့စေတနာမြို့သစ်အများပိုင် ကုမ္ပဏီမှ မြန်မာကျပ်ငွေ ဘီလီယံ ၇၀၀၀ (အမေရိကန်ဒေါ်လာ ၈ ဘီလီယံ)အကုန်အကျခံပြီး ၃ နှစ် အတွင်း ၇၀ရာခိုင် နှုန်းပြီးစီးအောင် ဆောင်ရွက်ရန် သဘောတူညီမှုရ ရှိထားကြောင်း၊ အဆိုပါကုမ်္ပဏီက စီမံကိန်းမြေနေရာအတွင်း တန်းဖိုး နည်းတိုက်ခန်း(၂)သောင်း၊ ကျောင်းသား ၁၀၀၀ ဆံ့ စာသင်ကျောင်း(၁)ကျောင်း၊ ဘိုးဘွားရိပ်သာ (၁) ဆောင်နှင့် (၆)လမ်းသွား တံတား (၅)စင်းကို တည်ဆောက်သွားမည် ဟု ပါရှိသည်။ ထို့ပြင် စီမံကိန်း မြေနေရာ အတွင်းရှိ လယ်မြေများကို မြို့မြေအဖြစ် အမိန့်ထုတ်ပြန်နိုင်ရေးကို ဥပဒေအရ ဆောင်ရွက် လျက်ရှိကြောင်း၊ မြို့သစ်စီမံကိန်း မြေနေရာအတွင်းရှိ လယ်မြေပိုင်ရှင်များကိုလည်း နစ်နာမှုမရှိစေရန် ကုမ္ပဏီဘက်မှ လုံးဝ တာ ၀န်ယူ ဖြေရှင်းပေးမည်ဖြစ်ကြောင်း၊ မြို့သစ်နေရာများအတွက် လိုအပ်သော ရေသန့်၊လျှပ်စစ်နှင့် အခြား အခြေ ခံအဆောက်အအုံများကို လည်း တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း ပါရှိသည်။
သို့သော် အဆိုပါစီမံကိန်းကို လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီ၏ ပိုင်ရှင်နှင့် လုပ်ကိုင်ခွင့် မည်သို့ ပေးအပ်ခဲ့သည့် ဆို သည့် အချက်များ မပါရှိပေ။ ထို့ပြင် စီမံကိန်းမြေ နေရာရှိမြေပိုင်ရှင်များနှင့်ညှိနှိုင်းမှု များ၊ မည်သည့်အချိန်က စတင် ဆောင်ရွက်ခဲ့သည့် အသေးစိတ် အချက်အလက်များကို ထုတ်ဖော် ပြောကြားခြင်းမရှိပေ။ ထိုသို့ ပွင့် လင်းမြင်သာမှုမရှိသည့် အခြေအနေများကြောင့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သည့်သတင်းများ မီဒီယာ များ တွင်ဖော်ပြလာချိန်တွင် ပြည် သူများလည်း အံ့အားသင့်ခဲ့ရကာ အဆိုပါ အခြေအနေများအတွက် ရန်ကုန်မြို့ တော်ဝန်ကို သတင်းမီဒီယာများမှ ဆက်သွယ်မေးမြန်းရာတွင်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၏ ပွင့်လင်းရိုးသားမှုမရှိသည့် အပေါ် သတင်းစာ၊ ဂျာနယ်အချို့၏ ပင်တိုင်ဆောင်းပါးရှင် ဆရာစည်သူ အောင်မြင့်က““လွှတ်တော်နဲ့ပြည် သူလူထုအပေါ် မှာ လောက်ပဲ လျှို့ဝှက်ထားပေမယ့် လူပေါင်းများစွာ နဲ့ ကျိတ်ပြီးဆွေးနွေး၊ ကျိတ်ပြီး အခွင့်အရေးပေး၊ ကျိတ်ပြီး သဘော တူညီချက်တွေ လုပ်ခဲ့တာကတော့ ပေါ်လွင်နေ ပါတယ်။ ဒေသခံ ပြည် သူလူထုရဲ့ သဘောတူညီချက် ရရှိ ထားပြီးပြီဆိုကတည်းက လျှို့ဝှက်တဲ့ သဘောလည်း မသက်ရောက်ပါဘူး။ ဦးလှမြင့်ရဲ့ ပြောဆိုချက် သဘာ ၀မကျဘူးလို့ ထောက်ပြ ချင်ပါတယ်။ ဒီစီမံကိန်းတင်ပြမှုနဲ့ ပတ်သက်ပြီး သော့ချက်အကျဆုံး ပြဿနာကြီးတစ်ခု ကတော့ ဒေါ်လာ (၁၅)ဘီလီယံလောက် တန်ကြေး ရှိမယ့် စီမံကိန်းကြီးကို “မြန်မာ့ စေတနာမြို့ သစ်အများပိုင် ကုမ္ပဏီ” ဟုအမည်ပေးထားသည့် ဘယ်သူမှ မသိတဲ့ ကုမ္ပဏီတစ်ခုကို လုပ်ပိုင်ခွင့်ပေးလိုက်တာပါ။ မသိတာမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက စီမံကိန်းကိုရော၊ ကုမ္ပဏီကိုပါ မသိဘူး လို့ ဆိုပါတယ်။ အလားတူ ဘဏ္ဍာရေးဒုဝန်ကြီး ဦးမောင်မောင် သိမ်းကလည်း သူတောင် မသိရဘူးလို့ ပြောပါ တယ်။ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်သည့် တော်ဝင်ကုမ္ပဏီပိုင်ရှင် ဦးကိုကိုထွေးကလည်း ဒီကုမ္ပဏီနာမည် မကြားဖူးပါဘူးလို့ ပြောပါ တယ်။ ဒါပေမဲ့ ၀န်ကြီးချုပ်ဦးမြင့် ဆွေရဲ့သ၀ဏ်လွှာထဲမှာတော့ အဲဒီ ကုမ္ပဏီနဲ့ပတ်သက်ပြီး ““နည်းစနစ်ကျနမှုနှင့် ဘဏ္ဍာရန်ပုံငွေများလည်း ခိုင်မာမှုရှိကြောင်း စိစစ်တွေ့ရှိရပါ သည်”” ဆိုပြီးဖော်ပြထားတယ်။ ရှင်းရှင်းလင်းလင်းဝေဖန်ရရင် ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ အစိုးရ အဖွဲ့ဝင်တချို့ဟာ ယင်း ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ အနီးကပ် ပူးပေါင်းပြီးမှ ဒီစီမံကိန်းကိုလျှို့လျှို့ ၀ှက်ဝှက် ကျိတ်ကြံစည် အကောင် အထည်ဖော်ခဲ့တယ်လို့တောင် ပြော နိုင်ပါတယ်။ ဒါက အလွန်မဖြစ် သင့်တဲ့ကိစ္စပါ”” ဟု ဧရာဝတီသတင်း ဌာနတွင် ဆောင်းပါးရေးသားဝေဖန် ထားသည်။
လတ်တလောတွင် အဆိုပါ မြို့သစ်စီမံကိန်း၏ ပွင့်လင်းမြင်သာ မှုမရှိသည့်အခြေအနေများအတွက် ဝေဖန်မှု များစွာ ထွက်ပေါ်နေသော် လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အနေဖြင့်မူ တစ်စုံတစ်ရာပြန်လည် ရှင်းလင်းမှု ပြုလုပ်ခြင်းမရှိသေးပေ။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လုပ်ရပ်သည် နိုင်ငံတော်၏ အုပ်ချုပ်ရေး မဏ္ဍိုင်ကြီး (၃)ရပ်တွင် အုပ်ချုပ်ရေးမဏ္ဍိုင်က ပြည်သူများရွေး ချယ်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ် စားလှယ်များပါဝင်သည့် ဥပဒေပြုရေးမဏ္ဍိုင်ကို မထီမဲ့မြင်ပြု သည့်အပြုအမူမှာ ဒီမိုကရေစီကျင့် ၀တ်ချိုးဖောက် ခြင်းပင်ဖြစ်သည် ဟူသော ဝေဖန်မှုများ ရှိနေသည်။
ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက ““အစိုးရအဖွဲ့က လွှတ်တော် ကိုယ်စားလှယ်တွေကို ဂရုလည်း မစိုက်ဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထား တဲ့ ရန်ကုန်တိုင်း လွှတ်တော်ကြီးကိုလည်း ဂရုမစိုက်ရာ ရောက်တယ်။ ဒီလွှတ်တော်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက် လာ တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဖွဲ့ စည်းပုံအခြေခံဥပဒေကိုလည်း ချိုး ဖောက်ရာရောက်တယ်။ ဂရုမစိုက် ရာရောက်ပါတယ်”ဟု သုံးသပ်ပြော ကြားသည်။
တင်ဇာအောင်
မြန်မာသံတော်ဆင့်သတင်းဌာန