Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပြောင်းလဲခြင်းကား မတူပါလေ (၂) – ထက်မြက်

$
0
0
စစ်အစိုးရမှ အရပ်သားအစိုးရသို့ ပြောင်းလဲလိုက်ခြင်းမှာ “အပြောင်းအလဲ” သာ ဖြစ်ပြီး “ပြုပြင်ပြောင်း လဲခြင်း”မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော သူတို့သည် ပြုပြင်၍ ပြောင်းလဲခြင်း မဟုတ်ဘဲ အရပ်သားဝတ်စုံသို့ ပြောင်းလဲ လိုက်ခြင်းသာဖြစ် . . . အစိုးရသစ် စတက်လာစဉ်က သမ္မတ မိန့်ခွန်းပြောရာ ၌ နိုင်ငံရေးအကျဉ်းသား မရှိဟု ပြောင်ပြောင်တင်းတင်းပင် ပြောဆိုခဲ့ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးမှာ အတိုက်အခံ အင်အားစုနှင့် အာဏာရ စစ်အုပ်စုကြား ညှိနှိုင်းဆွေးနွေးပြီး တူညီသည်များကို အကောင်အထည်ဖော်၊ မတူညီသည်များကို ဆက်လက်ဆွေးနွေးကာ အလျှော့အတင်း သဘောဖြင့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို လျှောက်ခြင်း မဟုတ်ပေ။ မြန်မာနိုင်ငံမှ အတိုက်အခံ အင်အားစုမှာ အောက်ကြေးမှ ဖြစ်ကာ ယခင်စစ်အစိုးရ ယခုစစ်အုပ်စု အစိုးရသစ်မှာ အပေါ်ကြေးဖြင့် သူတို့ ချမှတ်ထားသော မူဝါဒအတိုင်း လျှောက်လှမ်းခြင်းဖြစ်သည်။ စစ်ယူနီဖောင်း နေရာတွင် အရပ်ဝတ်ဝတ် ကာ ပြောင်းလဲ အုပ်ချုပ်ခြင်းသာဖြစ်၏။ အရပ်ဝတ် ပြောင်းလဲဖို့အတွက် ၁၀ နှစ် ၁၀ မိုး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ရေးဆွဲမည်ဟု အမျိုးသားညီလာခံတွင် ပြုလုပ်ခဲ့ခြင်း ဖြစ် သည်။ တောင်အာဖရိကမှ ဒီကလပ်နှင့် မြန်မာပြည်မှ ဗိုလ်သန်းရွှေတို့မှာ လုံးဝ ကွာခြားလှလေသည်။ ဗိုလ်သန်းရွှေနှင့် စစ်ဗိုလ်ချုပ် တစ်စုမှာ သူတို့ အကျိုးစီးပွား ကာကွယ်ရေးကိုသာ စဉ်းစားခဲ့ကြသည်။ … သူတို့၏ တစ်သွေး၊ တစ်သံ၊ တစ်မိန့်မူဖြင့် ကမ္ဘာပေါ်တွင် ဆက်လက် ရပ်တည်၍ မရကြောင်း သဘောပေါက်လာသည်။ တစ်ချိန်တည်းတွင် အာဏာရှင်တို့၏ အရုပ်ဆိုး အကျည်းတန်လှသော ဇာတ်သိမ်းများကို ကျောချမ်းလာပုံရ၏။ ထိုအခါ မြွေမသေ၊ တုတ်မကျိုးလမ်းစဉ်ကို စစ်ဗိုလ်ချုပ်များက အလေးအနက် တိုင်ပင်ခဲ့၏။ လူထုတောင်းဆိုသော ဒီမိုကရေစီလည်း ပါရမည်။ သူတို့လည်း အာဏာ ဆက်ကိုင်စွဲထားရမည်ဟု သူတို့ဘာသာ ကုလားဖန်ထိုးပြီး ညောင်နှစ်ပင် ညီလာခံကျင်းပကာ လမ်းပြမြေပုံ ၇ ချက် ရေးဆွဲခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ ရေးဆွဲခြင်း၊ ကြံ့ဖွံ့အဖွဲ့ကို ပြည်ခိုင်ဖြိုး ပါတီအဖြစ် ပြောင်းခြင်းတို့ကို အစီအစဉ်နှင့် လုပ်ဆောင်ကာ သူတို့ကို ကာကွယ်မည့် စစ်တပ်ကို ထိပ်တန်းတင်ကာ အပြောင်းအလဲဟု ကမ္ဘာသိ ကြွေးကြော်ပြီး အနောက်အုပ်စု၏ ထောက်ခံမှုကို ရယူခဲ့သည်။ စင်စစ်အားဖြင့် စစ်အစိုးရမှ အရပ်သား အစိုးရသို့ ပြောင်းလဲ လိုက်ခြင်းမှာ “အပြောင်းအလဲ”သာဖြစ်ပြီး “ပြုပြင်ပြောင်းလဲခြင်း” မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော သူတို့သည် ပြုပြင်၍ ပြောင်းလဲခြင်း မဟုတ်ဘဲ အရပ်သား ၀တ်စုံသို့ ပြောင်းလဲ လိုက်ခြင်းသာ ဖြစ်လေသည်။

ထိုအနေအထားကို အတိုက်အခံ အင်အားစုများကလည်း အင်နှင့်အားနှင့် ဘက်ပြိုင်ရင်း အန်တုနိုင်စွမ်း မရှိခဲ့ပေ။ တောင်အာဖရိကတွင် အသားအရောင် ခွဲခြားမှုစနစ်ကို ပြောင်းလဲစဉ်က ANC ပါတီနှင့် တောင်အာဖရိက လူမည်းတို့တွင် အားရှိသည့် ခေါင်းဆောင်မှု ကောင်းကောင်း ရှိသလို နောက်လိုက်ကောင်း များများ ရှိကြသည်။ လူဖြူအစိုးရကို ဖြုတ်ချဖို့ အသက်ပင် ပေးရပေးရ အသားအရောင် ခွဲခြားမှုစနစ်ကို တိုက်ဖျက် လိုသော အင်အား ကောင်းကောင်းရှိ၏။ မြန်မာ နိုင်ငံ တွင် အတိုက်အခံ အင်အားဟူ၍ NLD သာရှိသည်။ NLD တွင် လူထု ထောက်ခံသော၊ ဒီမိုကရေစီ ခေါင်းဆောင်မှာ ဒေါ်အောင်ဆန်းစုကြည်သာ ရှိ၏။ NLD စဖွဲ့စည်းစဉ်က ပါဝင်သော ခေါင်းဆောင် အတော်များများမှာ ထောင် ထဲတွင် ကျဆုံး ကုန်ကြသည်။ ဦးဝင်းတင်လို ပုဂ္ဂိုလ်မျိုးမှာလည်း ထောင်နှစ်ရှည် ကျခံနေရသည်။ NLD ပါတီ စထောင်စဉ်က ပထမ မျိုးဆက်မှာ ပြုတ် သလောက် ဖြစ်သွား၏။

ဒုတိယမျိုးဆက် ခေါင်းဆောင်မှုဖြင့် ထောင်မှ လွတ်လာသော သူများနှင့် စုစည်းကာ မျိုးဆက်သစ်များဖြင့် လျှောက်လှမ်းနေ ရသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ အာဏာရဖို့ နိုင်ငံရေး လောကထဲ ၀င်လာခြင်း မဟုတ်ဘဲ သူနှင့် ကင်းကွာနေသော မြန်မာနိုင်ငံမှာ ကုန်းကောက်စရာပင် မရှိအောင် မွဲတေနေပြီး သူနေခဲ့သော အနောက်နိုင်ငံများနှင့်ယှဉ်လျှင် ဒီမိုကရေစီမှာ မူးလို့ပင် ရှူစရာ မရှိသောကြောင့် မြန်မာပြည်သူများကို စာနာစိတ်၊ တိုင်းပြည်ချစ်စိတ်၊ ပြာပုံ ထဲ ရောက်နေသော မြန်မာနိုင်ငံကို ပြန်လည် ထူထောင်လိုစိတ်များဖြင့် လင်လည်းသေ၊ သားများနှင့်လည်း အဆက်ပြတ် သွားသော်လည်း သူ့ဘ၀ကို ဒီမိုကရေစီ တိုက်ပွဲများတွင်သာ မြှုပ်နှံထား လိုက်လေသည်။ တိုက်ပွဲကို မဟာဗျူဟာ နည်းဗျူဟာ များဖြင့် တစ်ဆင့်ပြီး တစ်ဆင့် တိုက်ခိုက်ဖို့ နည်းလမ်းလည်း မရှိခဲ့ပေ။ စစ်အာဏာရှင်တို့ကမူ စစ်တပ်က ဖွဲ့စည်းသော အဖွဲ့အစည်းပီပီ၊ စစ်စည်းကမ်း၊ စစ်မိန့်များဖြင့် ညောင်နှစ်ပင် ညီလာခံမှအစ လမ်းပြမြေပုံ ၇ ချက်၊ ၂၀၀၈ ဖွဲ့စည်းပုံတို့ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် လှမ်းတက်လာသည်။ အရပ်သားအစိုးရတွင် လာဘ်စားမှု၊ ရမ်းကားမှု နည်းသော သို့မဟုတ် မရှိသော သူများကို တာဝန်ပေးလာသည်။

နိုင်ငံတကာမှ အမြင်ကောင်း အောင် ပေါင်းသင်းဆက်ဆံရေး ကောင်းရမည်။ ချိုသာသိမ်မွေ့ရမည်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ လူကြိုက်အောင် ပြောတတ်ရမည်။ မိမိတို့ အာဏာကို မထိခိုက်သရွေ့ တချို့ အနှောင်အတည်းများကို ဖြတ်တောက် ပစ်ရမည်။ ဥပမာ စာနယ်ဇင်း လွတ်လပ်ခွင့်မျိုး၊ စာပေနှင့် စာနယ်ဇင်း လွတ်လပ်ခွင့် ပေးလိုက်ရုံနှင့် စစ်အာဏာရှင် အဟောင်း၊ အသစ်တို့၏ အကျိုးစီးပွားကို ထိပါးသွားမည်မဟုတ်။ သူတို့ ရမ်းကား နှိပ်စက်ခဲ့သည်များကို ရေးသားကြရုံသာရှိသည်။ အရေးယူခွင့် ရှိသည်မဟုတ်။ စစ်တပ်က သူတို့လက်ထဲ၊ ရဲက သူတို့ လက်ထဲ၊ တရားရုံးက သူတို့လက်ထဲတွင် ရှိသည် မဟုတ်ပါလော။ တရားဥပဒေမှာ လွတ်လပ်ပြီး အမှီအခို ကင်းသည့် တရားရေးဌာန အောက်တွင် မရှိသေးပေ။ မကြာခင်က ကန့်ဘလူရှိ လယ်သမားများကို တရားရုံးက ထောင်ဒဏ် ၁ နှစ်၊ ၆ လ စသည်ဖြင့် ထောင်ချလိုက်ရာ တရားသူကြီးကိုယ်တိုင်က စစ်တပ်က ချခိုင်း၍ ချရ ပါသည်ဟု ပြောကြားခဲ့သည်။ တရားဥပဒေ အထက် မည်သူမှ မရှိဟု နားထောင် ကောင်းအောင် ပြောနေ ကြသော်လည်း တရားဥပဒေအထက် မည်သူတွေ ရှိနေသလဲ ဆိုသည်ကို သိနိုင်ပါသည်။ စာနယ်ဇင်း သမားများကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်သည်အထိ နှိပ်ကွပ်လာသည်။ ၁၀ နှစ် ထောင်ဒဏ်ချစရာ အကြောင်းမရှိ၊ သတင်းယူရုံ၊ သတင်းရေးရုံဖြင့် ထိုသို့ထောင်ဒဏ် ချမှတ်သည်မှာ ကမ္ဘာ့စာနယ်ဇင်း လောကတွင် တစ်ခါမှ မရှိဖူးပေ။ တရား ဥပဒေအထက် မည်သူမျှ မရှိဟု သစ္စာရေသောက်ပြီး ပြောလျှင်လည်း ယုံနိုင်စရာမရှိပေ။ အဘယ်ကြောင့်ဆိုသော် မိမိကိုယ်တိုင် အထူးတရားရုံးတွင် ထောင်ဒဏ် ၅ နှစ် ချမှတ် ခံရစဉ်က တရားသူကြီး ကိုယ်တိုင်က ““ကျွန်တော်က ထောင်ဘယ် လောက်ချ၊ ဘယ်လို လွှတ်ခွင့်ပေးဆိုတာ တွေ မဆုံးဖြတ်နိုင်ပါဘူးဗျာ။ ထောက်လှမ်းရေး က ထောင်ဘယ်နှနှစ်ချဆိုရင် ချရပါတယ်။ ဒီမှာ ကြည့်ပါဗျာ””ဟုဆိုကာ စာရွက်တိုလေးကို ပြသည်။ ထိုစာရွက်တွင် ထောင်ဒဏ် ၅ နှစ်ချပါဟု ရေးထားပြီး အောက်တွင် လက်မှတ်တစ်ခု ရေးထိုးထားကြောင်း ကျွန်တော့်ယောက္ခမက ပြောပြပါသည်။ ထိုသို့ အဖြစ် အပျက်များမှာ အဆန်း မဟုတ်တော့ပေ။

ထိုအခြေအနေများမှာ စစ်အစိုးရ ခေတ်ကနှင့် ယခုအပြောင်းအလဲ မရှိသေး။ မြေယာများ အဓမ္မသိမ်းထားမှုကို ဆန္ဒပြနေသော လယ်သမားများကို ထောင်ချနေသည်ကိုပင်ကြည့်။ စာနယ်ဇင်းသမားများကို ဖမ်းဆီး ထောင်ချခြင်း၊ ခေါ်ယူ မေးမြန်းခြင်းများကိုပင်ကြည့်။ ယခင်စစ်အစိုးရနှင့် ဘာများ ကွာခြားပါသလဲ။ စစ်အစိုးရ ကာလနှင့် ယခုကွာခြားသည်မှာ ယခင်လို လက်ရဲဇက်ရဲနှင့် ထင်တိုင်းကြဲခြင်းမျိုး မရှိတော့ခြင်းပင်။ ယခင်လို ထင်တိုင်းကြဲပြီး မည်းမည်းမြင်ရာ ပစ်တာမျိုး မလုပ်တော့ဘဲ သူတို့အကျိုး မထိခိုက်သည်ကို ပစ်ထားပြီး သူတို့ အကျိုး ထိခိုက်လာပါက မညှာမတာ လက်ရဲဇက်ရဲ လုပ်ခြင်းမှာ လက်ပံတောင်းတောင် ဆန္ဒပြမှုကို နပန်းဗုံးသုံး ကာ ဖြိုခွဲလိုက်ခြင်းက သာဓကဖြစ်ပါသည်။ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်သည်ပင်လျှင် ပထမ စစ်အစိုးရခေတ် မဆလ အာဏာရစဉ်က ဥပဒေများအတိုင်း နိုင်ငံရေး အကျဉ်းသားဆိုသည်ကို လက်မခံ။ နိုင်ငံရေး အကျဉ်းသား ဆိုသော အသုံးအနှုန်းကိုပင် လက်မခံခဲ့ပေ။ နိုင်ငံရေး ပြစ်မှုဖြင့် ထောင်ကျသူရှိသည်ကို လက်မခံ။ တည်ဆဲ ဥပဒေကို ချိုးဖောက်သူ၊ အစိုးရ ဆန့်ကျင်သူများမှာ ဥပဒေကို ချိုးဖောက်ခြင်း၊ တည်ဆဲဥပဒေကို မလိုက်နာခြင်း၊ နိုင်ငံတော် အစိုးရကို ဆန့်ကျင်ခြင်းများကြောင့် ပြစ်မှုကျူးလွန်သူများအဖြစ် ခိုးမှု၊ ဓားပြမှု၊ လူသတ်မှု၊ မုဒိမ်းကျင့်မှု၊ ခါးပိုက် နှိုက်မှု စသော ဒုစရိုက်မှု ကျူးလွန်သူများနှင့် တစ်တန်းတည်းဟု သတ်မှတ်ခဲ့သည်။ ထို့ကြောင့် အစိုးရသစ် စတက်လာစဉ်က သမ္မတ မိန့်ခွန်းပြောရာ၌ နိုင်ငံရေးအကျဉ်းသား မရှိဟု ပြောင်ပြောင် တင်းတင်းပင် ပြောဆိုခဲ့လေသည်။ ယခင်နှင့် ထူးခြားသည်ဟု ပြောရမည်မှာ ဗိုလ်သန်းရွှေ အုပ်ချုပ်ခဲ့သော ၂၂ နှစ်တာ ကာလတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိရာမှ ယခုဖွဲ့စည်းပုံ အခြေခံဥပဒေ ထားရှိလာခြင်း၊ စစ်ကောင်စီ တွင် ဗိုလ်ချုပ်မှူးကြီးမှာ စစ်ကောင်စီဥက္ကဋ္ဌအဖြစ် ပါရှိခဲ့ရာမှ ယခု ထိုဗိုလ်ချုပ်ကြီးများ ယူနီဖောင်းချွတ်ကာ အရပ်ဝတ် လဲဝတ်လိုက်ခြင်းသာ အပြောင်းအလဲဟု ဆိုနိုင်ပါတော့သည်။

မြန်မာသံတော်ဆင့်သတင်းဌာန -

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>