Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

“ ဘယ်လောက် ဆန့်ကျင် ဆန့်ကျင် တစ်တိုင်းပြည်လုံးကို PR လုပ်မယ်” စည်သူအောင်မြင့်

$
0
0
အခုဖြစ်နေပုံက စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ အမတ်နေရာ ၃၄ ရာခိုင်နှုန်းလေး ရလောက်အောင်တောင် ပြည်သူလူထု ထောက်ခံမှု ရအောင် မစွမ်းဆောင်နိုင်ဘူး လို့ သူတို့ဖာသာ သူတို့ ယူဆ ပြီး အမတ်နေရာ ပိုရနိုင်မယ့် PR စနစ်နဲ့ ရွေးကောက်ပွဲလုပ်ဖို့ အသည်းအသန် ကြိုးပမ်းလာခြင်းပဲ ဖြစ်ပါတယ်။

“ ဘယ်လောက် ဆန့်ကျင် ဆန့်ကျင် တစ်တိုင်းပြည်လုံးကို PR လုပ်မယ်”
စည်သူအောင်မြင့်
မြန်မာပို့စ် ဂျာနယ်၊ ၂၆-၈-၁၄။

အမျိုးသားလွှတ်တော် က ဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပတဲ့ခါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွေကလွဲပြီး မြန်မာတစ်နိုင်ငံလုံးမှာ PR လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးသင့်တယ်လို့ ဆွေးနွေးဆုံးဖြတ်လိုက်ပါပြီ။ ဒါဟာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ အပြင်းအထန် ကန့်ကွက်နေတဲ့ကြားက၊ ကော်မရှင်ကနေ အင်န်အယ်လ်ဒီ ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ နှုတ်ထွက်သည် အထိ ဆန္ဒပြမှုတွေ လုပ်ခဲ့တဲ့ကြားက အဲဒီ ဆုံးဖြတ်ချက် ချခဲ့တာဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ရဲ့ အသေးစိတ် အချက်အလက်တွေက ဘာလဲ၊ ပြည်ခိုင်ဖြိုးပါတီက ဘာကြောင့် ရွေးကောက်ပွဲမှာ PR စနစ်ကျင့်သုံးဖို့ အသည်းအသန် ဖြစ်နေရတာပါလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

တကယ်တော့ အမျိုးသားလွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ အဲဒီ ကော်မရှင်အနေနဲ့ ဘာတွေ ဆွေးနွေးတယ်၊ ဘာတွေ ဆုံးဖြတ်သလဲ ဆိုတာကို တရားဝင် ထုတ်ဖော်ပြောဆိုခွင့် ရှိတာတော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ဘာတွေ ဆုံးဖြတ်သလဲ အသေးစိတ် အချက်အလက် တိတိကျကျ ဘယ်သူမှ သိရတာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကော်မရှင်ထဲ ပါဝင်တဲ့ ဦးဖုန်းမြင့်အောင်နဲ့ ဦးဗညားအောင်မိုး တို့ရဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကို ဖြေကြားချက်တွေအရ တစ်စွန်းတစ်စ သိကြရတာ ဖြစ်ပါတယ်။

ဒီဇတ်လမ်း အစကို ပြန်ကောက်ရရင် ကျင်းပပြီးခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အမတ် ဒေါ်ခင်ဝိုင်းကြည်က PR လို့ ခေါ်တဲ့ ရွေးကောက်ပွဲ စနစ်နဲ့ ပါတ်သက်ပြီး အဆို တစ်ခု တင်ပါတယ်။ အဆို အပြည့်အစုံက ဒီလိုပါ။ “ လာမည့် ပါတီစုံ မည်သည့် ရွေးကောက်ပွဲများတွင်မဆို အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးရန် လွှတ်တော်က အဆုံးအဖြတ် ပေးပါရန်နှင့် ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို လိုအပ်သလို ဆက်လက်ဆောင်ရွက် ပေးပါရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား တိုက်တွန်းကြောင်း” ဆိုတာပဲ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် အတွင်း အဲဒီ အဆိုနဲ့ ပါတ်သက်လို့ ဆွေးနွေးငြင်းခုံ မဲခွဲဆုံးဖြတ်ပြီးနောက် အဆို အနိုင်ရ အတည်ဖြစ်လာပါတယ်။ ဒီလို အနိုင်ရ အတည်ဖြစ်လာပြီးတဲ့နောက် ဘယ်လို PR စနစ်မျိုးကို ကျင့်သုံးရင် သင့်မလဲ ဆိုတာ လေ့လာဖို့ ကော်မရှင် တစ်ရပ် ဖွဲ့စည်းပေးခဲ့ပါတယ်။ အဲဒီကော်မရှင်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးပြီးနောက် လာမယ့် ရွေးကောက်ပွဲတွေမှာ အမျိုးသားလွှတ်တော် အတွက် ကိုယ်စားလှယ်တွေ ရွေးချယ်ရာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက လွဲပြီး တစ်တိုင်းပြည်လုံးမှာ PR စနစ်ကျင့်သုံးမယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံးမှာ PR စနစ် ကျင့်သုံးမယ် ဆိုပေမယ့် တိုင်းနယ်ပြည်နယ် ၁၄ ခု စလုံးကို ရောသမမွှေ ပေါင်းပြီး PR စနစ်နဲ့ မဲပေး၊ အချိုးကျ ခွဲယူဆိုတဲ့ စနစ်မျိုး လုပ်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ တိုင်းတစ်ခုချင်း၊ ပြည်နယ် တစ်ခုချင်းစီမှာပဲ PR စနစ် ကျင့်သုံးမယ်လို့ သိရပါတယ်။ ဥပမာအားဖြင့် မွန်ပြည်နယ် ဆိုရင် အရင်ကလို မဲဆန္ဒနယ် ၁၂ ခု ခွဲပြီး တစ်နယ်စီကနေ အမတ် တစ်ယောက် ရွေးချယ်ပေးတဲ့ ပုံစံမျိုး မလုပ်တော့ပါဘူး။ မွန်ပြည်နယ် တစ်ခုလုံးက ပြည်သူတွေရဲ့ မဲတွေ ကောက်ခံပြီး အဲဒီ ရလာတဲ့ မဲရလာဒ်တွေကို ပေါင်းစု၊ အချိုးကျ ခွဲပြီး အမတ် ၁၂ ယောက် ရွေးချယ် တင်မြှောက်မယ့် နည်းလို့ သိရပါတယ်။

နောက်တစ်ခု အခု ကျင့်သုံးမယ့် စနစ်ဟာ ပါတီအလိုက် PR စနစ်နဲ့ ပြိုင်ဆိုင်တာမျိုး မဟုတ်ပဲ Open List လို့ ခေါ်တဲ့ အမတ်တွေရဲ့ နာမည်စာရင်း ဖော်ပြပြီး ရွေးချယ်ခံခိုင်းမယ့် စနစ်မျိုး အသုံးပြုမယ်လို့လည်း ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ Open List ဆိုတာဟာ ဘယ်လို ပုံစံလဲ ဆိုတာ သတင်းမီဒီယာတွေကို ဖြေတဲ့ ကော်မရှင် အဖွဲ့ဝင်တွေကိုယ်တိုင် တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ဥပမာအားဖြင့် ပါတီတစ်ခုဟာ သူတို့ပါတီ နာမည်တစ်ခုထဲနဲ့ မဟုတ်ပဲ သူတို့ ပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကိုပါ ပြည်သူတွေ သိအောင် ကြေငြာမယ် လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ အင်န်အယ်လ်ဒီဟာ မွန်ပြည်နယ်မှာ အမတ် ၁၂ ယောက် စာရင်း တင်ရမှာဖြစ်သလို ပြည်ခိုင်ဖြိုး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနဲ့ ပြိုင်မယ့် ပါတီတွေအားလုံး အဲလို ၁၂ ယောက်စီ တင်နိုင်ပါတယ်။ အဲဒီ စာရင်းကိုကြည့်ပြီး ပြည်သူတွေက မဲပေးကြရမှာ ဖြစ်ပါတယ်။ အမတ်စာရင်းကို ကြည့်ပြီး ပါတီတစ်ခုခုကို မဲပေးရမလား၊ ဒါမှမဟုတ် အမတ်လောင်း တစ်ယောက်ယောက်ကိုပဲ ရွေးချယ်ပြီး မဲပေးရမလား၊ ဒါမှမဟုတ် အမတ် စုစုပေါင်း ၁၂ ယောက် ခဲခြစ်ရွေးချယ် မဲပေးရမလား၊ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါ့အပြင် အဲဒီ နည်းနဲ့ ရွေးကောက်ပွဲလုပ်ရင် ရှည်လျားတဲ့ များပြားလှတဲ့ အမတ်လောင်း စာရင်း ထွက်ပေါ်လာမှာဖြစ်ပါတယ်။ တိုင်း သို့မဟုတ် ပြည်နယ် တစ်ခုမှာ ပါတီတစ်ခုက အမတ်လောင်း ၁၂ ယောက် တင်မယ် ဆိုရင် ပါတီ ၁၀ ခုက ၀င်ပြိုင်ရင် အမတ်လောင်း ၁၂၀ ပါ။ ပါတီ ၂၀ ၀င်ပြိုင်ရင် အမတ်လောင်း ၂၄၀ ပါ။ ပါတီတွေ ဒီထက် ပိုများရင် အမတ်လောင်းစာရင်းလည်း ဒီထက် ပိုများမှာ ဖြစ်ပါတယ်။ ပြည်သူတွေက အဲဒီ စာရင်းကိုကြည့်ပြီး မဲပေးကြရပါမယ်။ အဲလို မဖြစ်အောင် လုပ်မယ်လို့ ကော်မရှင် အဖွဲ့ဝင်တွေက ဆိုပေမယ့် ဘယ်လို လုပ်ကြမလဲ ရေရေရာရာ မသိကြသေးပါဘူး။ နောက်ထပ် အသေးစိတ် ဆက်ဆွေးနွေးကြဦးမယ်လို့ ဆိုပါတယ်။

ပြောရရင် ရွေးကောက်ပွဲ မလုပ်ခင် ရှုတ်ကို ရှုတ်နေတဲ့ PR စနစ်ပါ။ တကယ်တော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ နဲ့ ဝေးကွာနေခဲ့တာ ရာစုနှစ် တစ်ဝက်ကျော်နေပါပြီ။ ၁၉၈၈ စစ်တပ်က အာဏာသိမ်းပြီး ဒီကနေ့ အချိန်ထိ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကြီး နှစ်ကြိမ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲ တစ်ကြိမ် ကျင်းပခဲ့ဖူးပါတယ်။ သုံးကြိမ်လုံး မဲဆန္ဒနယ်မြေ တစ်ခုမှာ မဲအများဆုံးရသူ အမတ်အဖြစ် အရွေးခံရတဲ့ နည်းနဲ့ ရွေးကောက်ပွဲ လုပ်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ အောင်မြင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရက ကြိုးကိုင် ကျင်းပပေးခဲ့လို့ ပြသနာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် မဲအများဆုံးရသူ အမတ်ဖြစ်တဲ့ FPTP စနစ်ကြောင့်တော့ မဟုတ်ခဲ့ပါဘူး။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဆိုရင်လည်း ဒီ စနစ်နဲ့ပဲ အပစ်အနာအဆာ နည်းနည်းနဲ့ ကျင်းပနိုင်ခဲ့ပါတယ်။ အခုလို ဘာမှ ပြသနာမရှိတဲ့ စနစ်တစ်ခုကို စစ်ဗိုလ်ချုပ်ဟောင်းတွေ ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီက PR စနစ်နဲ့ အစားထိုးဖို့ အသည်းအသန် လုပ်လာပါတယ်။
တကယ်ဆို လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေက အဲဒီ စစ်ဗိုလ်ချုပ်ဟောင်းတွေကို အသာစီး ပေးထားပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အမတ် နေရာ ၃၄ ရာခိုင်နှုန်း လောက်နိုင်ရုံနဲ့တင် လွှတ်တော်ထဲမှာ တပ်မတော်သား အမတ်တွေနဲ့ ပေါင်းပြီး သမ္မတ တစ်ယောက် တင်မြှောက်နိုင်၊ အစိုးရဖွဲ့နိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။ အင်န်အယ်လ်ဒီသာဆို အမတ် ၆၇ ရာခိုင်နှုန်းလောက်နိုင်မှ အဲလို သမ္မတ တင်၊ အစိုးရဖွဲ့နိုင်မှာပါ။ အခုဖြစ်နေပုံက စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ အမတ်နေရာ ၃၄ ရာခိုင်နှုန်းလေး ရလောက်အောင်တောင် ပြည်သူလူထု ထောက်ခံမှု ရအောင် မစွမ်းဆောင်နိုင်ဘူး လို့ သူတို့ဖာသာ သူတို့ ယူဆ ပြီး အမတ်နေရာ ပိုရနိုင်မယ့် PR စနစ်နဲ့ ရွေးကောက်ပွဲလုပ်ဖို့ အသည်းအသန် ကြိုးပမ်းလာခြင်းပဲ ဖြစ်ပါတယ်။ ဒီ ကြိုးပမ်းမှုဟာ တိုင်းပြည် တည်ငြိမ်ရေးကို ပျက်ပြားစေနိုင်သလို၊ ပြည်သူတွေနဲ့ နိုင်ငံတကာက မျှော်လင့်တောင့်တ နေတဲ့ ၂၀၁၅ မှာ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲ ကျင်းပ၊ အဲဒီ ရွေးကောက်ပွဲကမှ တဆင့် ပြည်သူ့ဆန္ဒကို ထင်ဟပ်တဲ့ သမ္မတ နဲ့ အစိုးရသစ် ပေါ် ဆိုတဲ့ အခြေအနေမျိုးကို ပျက်ယွင်းသွားစေနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။


Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>