"(၃၃)နှစ်ကြာမှပေါ်ပေါက်လာသည့်အမှု တွဲ"
လွန်ခဲ့သော(၃၃)နှစ် သြဂုတ်လ(၃၁) ရက်နေ့ ၊နံနက်(၁၀း၃၀) အချိန်တွင် အီကိုကျောင်းဆောင်ဘေးပေါက်၊အင်းယားလမ်းကန်ဘောင်အကြော်ဆိုင်ဝင်ပေါက် အနီးရှိ သရက်ပင်ကြီးအောက်တွင်ကျွန်ုပ်ကျော်သူ သည် သူမအား
ကျွန်ုပ်ဧ။်ဘော်ဘော်များနှင့်လက်မှဆွဲ၊ခြေထောက်အားမပြီး
အလိုမတူဘဲနှင့်"ကား"တင်ပြေးမိပါကြောင်းရဲရဲကြီးဝန်ခံလိုက်ရပါပေသည်။
ထိုသူမသည်ကား.....
ယခု ပရဟိတသူရဲကောင်းမယ်ဖြစ်လာသည့်" ရွှေဇီးကွက် "ပင်ဖြစ်ပေတော့လေသတည်း။(ကျော်သူ)
Photo..Ko Myo Myanmarsar
နောက်ကွယ်မှအင်အားများ...။

လိုက်ဖက်ခြင်းဂုဏ်ဒြပ်တွေနဲ့ 
နှစ်လွှာပေါင်းမှတစ်ရွက်
စွယ်တော်ရွက်သဏ္ဌန်
အစ်ကိုကျော်သူ
အစ်မ ရွှေဇီးကွက်တို့ မောင်နှံ
မင်္ဂလာသက် ၃၃နှစ် အတွင်း
ပရဟိတသက်က
ထက်ဝက်မျှ
ဝင်ရောက်ချင်းနင်းနေလေတော့
စံပြ ပရဟိတမောင်နှံ လို့ ပင်
ရည်ညွှန်းဂုဏ်တင်လိုက်ချင်စရာ...
သေချာတာပေါ့ဗျာ
တစ်ဘ၀လုံးစာ ပါရမီဖြည့်ဖက်
စံပြ ပရဟိတ တွဲလက်တစ်စုံဆိုတာ...
အပြာရောင်
မိုးသားကောင်းကင်တစ်ဝန်းဆီ
ငြိမ်းချမ်းရေးစပါးနှံကိုက်ချီပျံတက်သွားတဲ့
ဗြဟ္မစိုရ် ချိုးငှက်ဖြူရဲ့ 
တောင်ပံနှစ်ဖက်ဟာလည်း
စံပြပရဟိတမောင်နှံရဲ့ 
တွဲလက်တစ်စုံဆိုတာအသေအချာပါပဲ..။
မယ်က
ဘယ်ဘက်မှတောင်ပံခတ်မယ်ဆိုရင်
မောင်လည်း
ညာဘက်ကတောင်ပံအသင့်ပြင်
မောင်က တောင်ပံတစ်ချက်ခတ်ခဲ့ရင်
မယ်လည်းမပျက်ကွက်
လိုက်ပါတောင်ပံခတ်
ဘက်ညီညီတောင်ပံနှစ်ဖက်ဟာ
တဖျတ်ဖျတ်အသံပေး
ပြည်သူလူထုအရေး
မနှေးပေးဆပ်ခရီးဆက်ခဲ့ကြရာမှာ
အခက်အခဲတွေ ကြုံတွေ့ လည်း
နောက်မဆုတ်စတမ်း
ကျော်ဖြတ်ပျံသန်း
မုန်တိုင်းလည်း
အခါခါ
မီးပင်လယ်မှာလည်း
အကြိမ်ကြိမ်
ဖီးနစ်ငှက်အသွင်
အသက်ဆက် ပြန်ရှင်သန်ခဲ့ကြ
ငှက်ခတ်သမားတို့ 
လေးညို့ မောင်းတင်
ကျော့ကွင်းဆင်လည်း
ဆန်ရာလမ်းမှာအရှိန်ကိုမြှင့်တင်ခဲ့ကြ
အဆီးအတားလေအဟုန်ဟာ
တောင်ပံတစ်စုံကို
ပိုမိုသန်မာနိုင်စေခဲ့ကြတာသေချာပေမယ့်
ခရီးကြမ်းမမောမပန်းဆက်ခဲ့ရတဲ့
ဗြဟ္မစိုရ်ခရီးသွားငှက်ရဲ့ 
ပရဟိတတောင်ပံနှစ်ဖက်ကိုတော့ဖြင့်
ခြေကုန်လက်ပန်းကျလာမှာ
အစိုးရိမ်ကြီးစိုးရိမ်မိတာပေါ့ခင်ဗျာ။
ပရဟိတစံပြမောင်နှံရဲ့ တွဲလက်
ဗြဟ္မစိုရ်ခရီးသွားငှက်ရဲ့ တောင်ပံနှစ်ဖက်မှ
စည်းချက်ညီတောင်ပံခတ်တေးသံကို
မရပ်တန့် လိုက်စေလိုတာမို့ 
မညှာတာမစာနာဆန္ဒပြုတယ်ဆိုဆို
ယုံကြည်ကိုးစားမှုနဲ့ ကို
တောင်းဆိုလိုက်ချင်တာက
(ပြည်သူလူထုဘဝ
လူမူဒုက္ခအသီးသီးမှ
မလွတ်မြောက်သေးသမျှ)
အစ်ကိုနဲ့ အစ်မ
တွဲလက်တောင်ပံဆက်ခတ်ပေးနေပါဦး...လို့ ။ ။
ကိုမျိုး(မြန်မာစာ)
သြဂုတ် ၃၁ ရက်နေ့ သို့ ...။ ။
Photo..Ko Myo Myanmarsar
နောက်ကွယ်မှအင်အားများ...။
အောင်မြင်ကျော်ကြားသူတွေရဲ့ နောက်ကွယ်မှာ သူတို့  ဒီလိုလုပ်နိုင်ဘို့  အားအင်တွေနဲ့ လူမသိ သူမသိ ဖြည့်ဆီးပေးနေတဲ့သူတွေ အမြဲရှိပါတယ်။
အနုပညာရှင် မင်းသားကျော်သူ
ပရဟိတ ဖခင်ကြီး ဦးကျော်သူ
ဒီလိုအမည်တွေနဲ့  အမည်ရလာတာ ဦးကျော်သူကို နောက်ကွယ်ကနေ နွေးထွေးမှုတွေ နားလည်မှုတွေ အကြင်နာတွေနဲ့ ပံ့ပိုးကူညီနေတဲ့သူရှိလို့ ဆိုတာ ဒီပုံလေးက သက်သေပြလိမ့်မယ် ထင်ပါရဲ့ ။
ဒီပုံလေးကို အရှေ့ က ရိုက်မယ်ဆိုရင် မတွေ့ နိုင်တဲ့ နောက်ကွယ်ကအားဆေးတွေပါ။်(Thida သီတာ)