
မန္တလေးတိုင်းဒေသကြီး၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက် ရှိ သပိတ်ကျင်းမြို့နယ် အမှတ် ၁၃ လေ့ကျင့်ရေး သင်တန်းကျောင်း ၏ လေ့ကျင့် ပစ်ခတ်မှုကြောင့် တစ်မိုင် အကွာရှိ ယာခင်းအတွင်းမှ အမျိုး သမီးတစ်ဦး ၏ခေါင်းကို ကျည်ဆန် ထိမှန်ခဲ့ကြောင်း ဒေသခံများထံမှ သိ ရသည်။
သပိတ်ကျင်းမြို့နယ် ကျောက် ဖျာရွာနှင့် လေးမိုင်ခန့်အကွာရှိ လေ့ ကျင့်ရေး ကွင်းတွင် သြဂုတ် ၂၃ ရက် နေ့က လေ့ကျင့်ပစ်ခတ်မှုများပြုလုပ် မည့် အကြောင်း ကို ၎င်းတို့ရွာသို့ လေ့ ကျင့်ရေးသင်တန်းကျောင်းမှ ကြိုတင် အကြောင်းကြားမှုမရှိခဲ့ဟု ကျောက် ဖျာရွာအုပ်ချုပ်ရေးမှူး ဦးဇော်နိုင် က ပြောသည်။
“အရင် ၂၀၁၂ လောက်တုန်းက လည်းဖြစ်ဖူးတယ်။ အဲဒီတုန်းကတော့ လူကို ထိတာမ ဟုတ်ဘူး။ ယာတွေကို ပစ်တာ။ အဲ့နောက်ပိုင်း လေ့ကျင့်ရေး လုပ်တော့မယ် ဆိုရင် ကြိုတင်အ ကြောင်းကြားတယ်။ အခုတစ်ခေါက် တော့ ကြို အကြောင်းမကြားဘဲနဲ့ ဖြစ် ပြီးနောက်နေ့မှ တွင်းငယ်၊ ရေညောင် ဦး၊ ခဒူးဒင်း တစ်မိုင်ပတ်လည် လေ့ ကျင့်ရေးလုပ်မယ်ဆိုပြီးတော့ စာလာ ပို့တယ်” ဟု ကျောက်ဖျာရွာ အုပ်ချုပ် ရေးမှူး ဦးဇော်နိုင်က သြဂုတ်လ ၂၄ ရက်နေ့ ကပြောသည်။
အဆိုပါ အမှတ် ၁၃ လေ့ကျင့် ရေးတပ်သည် သြဂုတ် ၂၀ ရက်မှ ၂၇ ရက်အထိ အတန်းမြင့်သင်တန်း လက်နက်ငယ် ပစ်ခတ် လေ့ကျင့်မှု ပြုလုပ်မည့် အကြောင်း ကို သြဂုတ် ၂၄ ရက်မှသာ သက်ဆိုင်ရာကျေးရွာ အုပ်စုများသို့ လာရောက် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ကျည်ဆန်ထိမှန်ခံခဲ့ရသည့် အ မျိုးသမီးကို ခုနှစ်မိုင်လေ့ကျင့်ရေး သင်တန်း အမှတ် ၂ ကုတင် ၁၀၀ ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး သြဂုတ် ၂၄ ရက်နေ့ နေ့လည်ပိုင်းက ခွဲစိတ် ကုသခဲ့ကြောင်း သိရသည်။
“ဒီနေ့ခွဲစိတ်ပြီးပြီးချင်းတော့ မေ့ လိုက် သတိရလိုက်ဖြစ်နေ ပါတယ်။ အခြေအနေ ကိုတော့ အတိအကျ မသိရသေးပါဘူး။ ဆေးရုံလိုက်သွား တဲ့ သူတွေဆီက ပြန်သိရတာပါ။ ဒီ ကိစ္စနဲ့ပတ်သက်ပြီး အမှုဖွင့်ဖို့ကို ဘယ် သူက လုပ်ပေးမလဲ ဆိုတာ မသိရသေး ဘူး။ သူ့ရဲ့အစ်မကလည်း စကားမ ပြောနိုင်ဘူး” ဟု ကျောက်ဖျာရွာ ဒူး ဒင်းရပ်နေ ဦးမင်းမင်းထွန်း က ပြော သည်။
သပိတ်ကျင်းမြို့မရဲစခန်းမှ စခန်း မှူးထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တွင် သြဂုတ်လ ၂၅ ရက်နေ့ နေ့ လယ်ပိုင်းထိ အဆိုပါဖြစ်စဉ်နှင့်ပက် သက်၍ လာရောက်အမှုဖွင့်ထားခြင်း မရှိသည့်အပြင် တိတိကျကျမသိရ သေးသဖြင့် စုံစမ်းလျက်ရှိဆဲဖြစ် ကြောင်း သိရသည်
သတင်း - MMK
The Ladies News Journal