Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပြန်လည်ပြင်ဆင်နေသည့်အိမ်ခြံမြေစံနှုန်းသတ်မှတ်ချက်များ ထွက်ရှိလာပါက ရန်ကုန်အိမ်ခြံမြေဈေးနှုန်းများ လျော့ကျနိုင်ဟုဆို

$
0
0


ရန်ကုန် တိုင်းဒေသကြီးအတွင်း ပြန်လည်ပြင် ဆင်နေသည့်အိမ်ခြံမြေစံနှုန်း သတ် မှတ်ချက်များထွက်ရှိလာပါက လက် ရှိတွင်ဖြစ်ပေါ်နေသည့် အိမ်ခြံမြေ ဈေးနှုန်းမြင့်မားမှုများ လျော့ကျသွား နိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင် အသိုင်းအဝိုင်းက ဆိုသည်။

မကြာမီကသတ်မှတ်လိုက်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ် ခြံမြေစံနှုန်းသတ်မှတ်ချက်များမှာ လက်ရှိဈေးကွက်အတွင်းဖြစ်ပေါ် နေသည့် ပြင်ပပေါက်ဈေးနှင့်များစွာ ကွာဟနေခြင်းကြောင့် ပြန်လည်ပြင် ဆင်မှုများ ပြုလုပ်လျက်ရှိပြီး ယင်း သတ်မှတ်ချက်အသစ်တွင် မြို့သစ် များတွင် အိမ်ခြံမြေဈေးနှုန်းစံပြင်ဆင် သတ်မှတ်ချက်များ ထွက်လာပါက လက်ရှိဖြစ်ပေါ်နေသည့် မြေဈေးမြင့် တက်နေမှုများ ဈေးငြိမ်သွားနိုင် ကြောင်း အိမ်ခြံမြေအကျိုးဆောင် များထံမှ စုံစမ်းသိရှိရသည်။

ပြည်ကြီးတံခွန်အိမ်ခြံမြေ အ ကျိုးဆောင်မှ မငြိမ်းငြိမ်းအောင်က ''သူတို့ သတ်မှတ်ထားတဲ့ဈေးနှုန်းက အပြင်မှာ လက်ရှိပေါက်နေတဲ့ ဈေး နှုန်းနဲ့ အရမ်းကွာနေတယ်။ ဒါ ကြောင့် ပြန်ပြီးသတ်မှတ်တယ်လို့ ထင်တယ်။ ဈေးနှုန်းထွက်လာရင် ဈေးမြင့်တက်နေတာတွေ ဈေးငြိမ် သွားနိုင်တယ်''ဟုပြောသည်။

လက်ရှိပြင်ပပေါက်ဈေးနှင့် ကွာဟနေသော မြို့သစ်များတွင်ဈေး စံနှုန်းသတ်မှတ်ချက်များကို နှစ်ဆ ခန့် တိုးမြှင့် သတ်မှတ်သွားမည်ဖြစ် ကြောင်း၊ကာလစိစစ်တန်ဖိုးသတ်မှတ် ရေးအဖွဲ့မှ ပြီးခဲ့သည့်လပိုင်းအတွင်း က ထုတ်ပြန်ကြေညာထားသည်။

ကျောက်တံတားမြို့နယ်ရှိ အိမ် ခြံမြေအကျိုးဆောင်လုပ်ငန်းတစ်ခု မှ ဦးဝင်းမြင့်ဦးက ''အရင်တုန်းက သတ်မှတ်ထားတဲ့စံနှုန်းတွေက လမ်း အတွင်းနဲ့အပြင်ကို ဈေးတွေကအ ရမ်းကွာတယ်။ အဲဒါကြောင့် ကြိုက် ရောင်းကြိုက်ဝယ်လုပ်ကြတယ်။ ဈေး တွေကို အဆမတန်တင်ပြီး ရောင်း ကျတယ်။ ဒါကြောင့် ဈေးတွေက ဖောင်းပွကုန်တာ''ဟု ဆိုသည်။

ပြောင်းလဲသတ်မှတ်လိုက်သည့် အိမ်ခြံမြေစံနှုန်းသတ်မှတ်ချက်များ ကို ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့ သစ်တောင်ပိုင်းနှင့် ဒဂုံမြို့သစ်အ ရှေ့မြို့နယ်တို့တွင် တိုးမြှင့်သတ်မှတ် ထားပြီး၊ ကျန်မြို့သစ်များကိုလည်း ပြောင်းလဲသတ်မှတ်ထားကြောင်း၊ အဆိုပါမြို့သစ်များရှိ အလျား ပေ ၄ဝxပေ၆ဝ မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ၅ဝဝခန့် ပြင်ပပေါက်ဈေး ရှိသောနေရာများတွင် ယခင်ကကျပ် သိန်း ၁၃ဝသတ်မှတ်ထားရာမှ ယခု ကျပ် သိန်း၂၅ဝအထိ တိုးမြှင့်သတ် မှတ်လိုက်ကြောင်း ကာလစိစစ်တန် ဖိုးသတ်မှတ်ရေးအဖွဲ့မှ သိရသည်။

အလင်းရောင်အိမ်ခြံမြေအကျိုး ဆောင် ကိုတင်ထွန်းနိုင်က ''အရင် သတ်မှတ်ထားတဲ့ဈေးနှုန်းတွေတော့ ရှိတယ်။ ပြောင်းလဲသတ်မှတ်တဲ့ဈေး နှုန်းတော့မရောက်သေးဘူး။ အခွန် ကောက်ဖို့အတွက် ပြန်ပြင်ဆင်တာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဈေးအ ရမ်းမြင့်နေတာတွေ ဈေးငြိမ်သွား နိုင်ပါတယ်''ဟုပြောသည်။

လက်ရှိရန်ကုန်အိမ်ခြံမြေဈေး ကွက်အတွင်း ယခင်က သတ်မှတ် ထားသည့် အိမ်စံနှုန်းသတ်မှတ်ချက် များအတိုင်း အရောင်းအဝယ်ပြုလုပ် မှုနည်းနေပြီး၊ အိမ်ခြံမြေအရောင်း အဝယ်ဈေးကွက်တွင် ကြိုက်ရောင်း ကြိုက်ဝယ်ဈေးဖြင့်သာ ရောင်းချ လျက်ရှိကြောင်း အိမ်ခြံမြေအရောင်း အဝယ် ဈေးကွက်အတွင်းမှ စုံစမ်း သိရသည်။

ပြောင်းလဲသတ်မှတ်မည့် အိမ် ခြံမြေဈေး စံနှုန်းပြင်ဆင်သတ်မှတ် ချက်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရထံသို့ တင်ပြထားပြီးဖြစ် ကြောင်း သိရသည်။

ကာလစိစစ်တန်ဖိုးသတ်မှတ် ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ''အ ပြင်ပေါက်ဈေးနဲ့ အရမ်းကွာနေတဲ့ မြို့သစ်တွေရဲ့ စံနှုန်းတွေကို အရင် သတ်မှတ်ထားတဲ့ဈေးက နည်းနေ တဲ့အတွက် နှစ်ဆလောက်ပြန်ပြီး တိုးမြှင့်လိုက်တာပါ။ မြို့တွင်းနေရာ တွေကတော့ မူလသတ်မှတ်ချက်အ တိုင်းပါပဲ။ ပြောင်းလဲမှုမရှိပါဘူး။ ပြင်ဆင်ထားတဲ့ဈေးနှုန်းတွေကို တော့ ဒီနှစ်ထဲမှာ ထုတ်ပြန်သွားမှာ ပါ''ဟု ပြောသည်။ံ

HH

‪#‎Democracytoday‬

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>