Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အီဘိုလာရောဂါပိုးကို မိနစ် ၃၀ အတွင်း စမ်းသပ်ရှာဖွေနိုင်သော နည်းလမ်းသစ် ဂျပန် သုတေသီများတွေ့ရှိ

$
0
0
အီဘိုလာဗိုင်းရပ်စ် ရှိနေကြောင်း မိနစ် ၃၀ အတွင်း စမ်းသပ်သိရှိနိုင်မည့် နည်းလမ်းသစ် တစ်ခုကို ရှာဖွေ တွေ့ရှိထားကြောင်း ဂျပန်သုတေသီများက အင်္ဂါနေ့ က ပြောကြားခဲ့သည်ဟု စက်တင်ဘာ ၂ ရက်က အေ အက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။ 460
ရောဂါကူးစက်မှု ရှိ မရှိကို ဆရာဝန်များအနေဖြင့် ထိုနည်းပညာကို သုံးကာ လျင်မြန်စွာ စမ်းသပ်စစ်ဆေး နိုင်တော့မည် ဖြစ်သည်။
နာဂါဆာကီ တက္ကသိုလ်မှ ပါမောက္ခ ဂျီရိုယာဆုဒနှင့် ၎င်း၏အဖွဲ့က ယင်းနည်းစနစ်မှာ အနောက်အာဖရိက တွင် လက်ရှိ သုံးနေသည့် စနစ်ထက်လည်း ကုန်ကျ စရိတ်နည်းကြောင်း ဆိုခဲ့သည်။ အနောက် အာဖရိက တွင် အီဘိုလာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၁,၅၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်။

“နည်းလမ်းသစ်ဟာ လက်ရှိ နည်းလမ်းထက် ပိုရိုးရှင်းပြီးတော့ ဈေးနှုန်းကြီးမြင့်လှတဲ့ စမ်းသပ်ရေးကိရိယာ တွေ မရရှိနိုင်တဲ့ နိုင်ငံတွေမှာ သုံးနိုင်ပါတယ်” ဟု ယာဆုဒက ပြောကြားခဲ့သည်။ “မေးခွန်းတွေနဲ့ တောင်း ခံမှုတွေတော့ အခုထိ ကျွန်တော်တို့ လက်ခံရရှိခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ အသင့်ဖြစ်နေပြီဖြစ်တဲ့ ဒီစနစ် ကို ကမ်းလှမ်းရတာ ကျွန်တော်တို့ ၀မ်းသာပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။

“ပရိုင်မာ” ဟု ၎င်းတို့က ခေါ်ကြသော နည်းစနစ်ကို ဂျပန်သုတေသီအဖွဲ့က တီထွင်ခဲ့ကြခြင်းဖြစ်ပြီး သွေး နမူနာထဲတွင် သို့မဟုတ် ခန္ဓာကိုယ်မှထွက်သော အခြား အရည်များထဲတွင် တွေ့ရသည့် အီဘိုလာ ဗိုင်း ရပ်စ်နှင့် ဆက်နွယ်သော မျိုးရိုးဗီဇများကိုသာ တိတိကျကျ ရွေးချယ်ချဲ့ထွင် စမ်းသပ်ခြင်း ဖြစ်သည်။

လက်ရှိ နည်းစနစ် များအရမူ ရိုင်ဘိုနူ ကလီယစ် အက်ဆစ်ဗိုင်း ရပ်စ်ပိုး ရှိမရှိ စမ်းသပ် စစ်ဆေးခြင်း ဖြစ်သည်။ ယခုနည်းစနစ် အရဆိုလျှင် ဗိုင်းရပ်စ် ဆိုင်ရာဒီ အင်အေကို ဓာတုဗေဒနည်းဖြင့် ပေါင်းစပ်ရမည်ဖြစ်ပြီး ထို့ နောက်တွင် အပူချိန် ၆၀ မှ ၆၅ ဒီဂရီ စင်တီဂရိတ်အထိ ပေးရမည် ဖြစ်သည်။ အကယ်၍ အီဘိုလာ ဗိုင်း ရပ်စ်ရှိနေပါက ဗိုင်းရပ်စ်နှင့် ဆက်နွယ်မှုရှိသော ဒီအင်အေအား “ပရိုင်မာ” များ၏ ဓာတ်ပြုမှုဖြင့် မိနစ် ၃၀ အတွင်းချဲ့ပေးမည် ဖြစ်သည်။

ထိုဖြစ်စဉ်မှ ဘေးထွက်ပစ္စည်းများက အရည်အား နောက်သွားစေမည်ဖြစ်ရာ အမြင်အားဖြင့်လည်း သိသာမည် ဖြစ်ကြောင်း ယာဆုဒက ဆိုသည်။
လက်ရှိကာလ၌ အီဘိုလာရှိမရှိ စမ်းသပ်စစ်ဆေးရာတွင် PCR နည်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပြီး၊ ထိုနည်းစနစ်အရဆိုလျှင်ဆရာဝန်များ အနေဖြင့် သွေးနမူနာများကို အပူပေးလိုက်၊ အအေးခံလိုက် အကြိမ် ကြိမ်ပြုလုပ်ရန် လိုအပ်ပြီး အချိန် နှစ်နာရီအထိ ကြာမြင့်နိုင်သည်။

“ဒီ နည်းသစ်သုံးမယ်ဆိုရင် ဘက်ထရီ နဲ့ ဓာတ်အားပေးနိုင်တဲ့ အပူပေးစက် သေးသေးတစ်ခုပဲ လိုမှာဖြစ် ပြီးတော့ ဒီနည်း စနစ်ကြီးတစ်ခုလုံးအတွက် ယန်းငွေသောင်း ဂဏန်း (ဒေါ်လာရာဂဏန်း) လောက်ပဲ ကုန် ကျမှာမို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ တတ်နိုင်လောက်မယ့် ပမာဏပါ” ဟု ၎င်းက ဆိုခဲ့သည်။

Mizzzima

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>