Quantcast
Viewing all articles
Browse latest Browse all 32865

MPT လာတော့ Ooredoo ငုတ်တုပ်မေ့

မြန်မာနိုင်ငံတယ်လီကွန်းလောက အပြောင်းအလဲအစဖြစ်သော (၂၀၁၄)ခုနှစ် အတွင်း အစိုးရမှ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်အပြိုင် နိုင်ငံတကာဆက်သွယ် ရေးလုပ်ငန်းကြီးများကိုပါ နိုင်ငံတွင်း ရင်း နှီးမြှုပ်နှံခွင့်ပြုခဲ့ရာ ကာတာအခြေစိုက် ဆက်သွယ်ရေး ကုမ္ဗဏီ Ooredoo နှင့် နော်ဝေ အခြေစိုက်ဆက်သွယ်ရေး ကုမ္ဗဏီ Telenor တို့က လုပ်ငန်းလိုင်စင် ရရှိခဲ့သည်။ အဆိုပါ ကုမ္ဗဏီနှစ်ခုလုံးလည်း အစိုးရခွင့်ပြုသည်နှင့် တပြိုင်နက် အရင်းအနှီးများစွာဖြင့် မြန်မာ့ဆက်သွယ်ရေးဈေးကွက်ကို ဖြန့်ကြက်ခဲ့ပြီး လူထုစိတ်ဝင်စားမှုလည်း ရရှိခဲ့သည်။ စက်တင်ဘာ ၂ ရက်ကစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ကလည်း ဂျပန်စီးပွားရေးလုပ်ငန်းကြီး ၂ ခုဖြစ်သော Sumitomo၊ KDDI တို့နှင့် ပူးပေါင်းပြီး ၁၅၀၀ ကျပ်တန် ဆင်းကဒ်များ စတင်ဖြန့်ချိခဲ့ရာ ရောင်းမလောက်ဖြစ်ခဲ့ပြီး Ooredoo ဆင်းကဒ်ရောင်းချရမှုအား သိသိသာသာ ကျဆင်းသွားကြောင်း သိရသည်။

“အစ်ကိုတို့ ဆိုင်တောင်မဖွင့်ရဲဘူး၊ ဒီလူအုပ်ကြီးနဲ့ ဆိုင်ထဲတိုးဝင်လာရင် ဆိုင်ကပစ္စည်းတွေ ပျောက်ဆုံးသွားမှာ ကြောက်လို့”ဟု ရန်ကုန် ပန်းဆိုးတန်းလမ်းပေါ်ရှိ ဖုန်းဆိုင်ပိုင်ရှင်တဦးက သူ၏ဆိုင်အရှေ့တွင် MPT ဆင်းကဒ်ဝယ်ယူရန် စောင့်ဆိုင် တိုးဝှေ့နေသော လူအုပ်ကို ညွှန်းပြ ပြောဆိုသည်။ တချိန်တည်းမှာပင် သူ့ဆိုင်နှင့် ကိုက် ၁၅၀ လောက်အကွာတွင်ရှိသော Ooredoo အရောင်းကိုယ်စားလှယ်ဆိုင်တွက်မူ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။

သြဂုတ်လ ၂ ရက်တွင် ကာတာ ကုမ္ဗဏီ Ooredoo က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့် မြို့ကြီး(၃)မြို့တွင် ဖုန်းဆင်းကတ်များကို (၁၅၀၀)ကျပ်ဖြင့် ဖြန့်ချိခဲ့ပြီး သြဂုတ်လ (၂) ရက်မှ (၁၅) ရက်နေ့အထိ စမ်းသပ်ကာလအဖြစ် သတ်မှတခဲ့ကာ အခွင့်အရေးများစွာဖြင့် ပြည်သူလူထုကို စတင်ဆွဲဆောင်ခဲ့သည်။

“Ooredoo အနေနဲ့ ဆင်းကတ် စတင်ဖြန့်ချိဖို့ (၂)လလောက်အလို ကတည်းက ဈေးကွက်ဖြန့်ကြက်ပါတယ်။ ဖုန်းဆိုင်တွေကို လိုက်မေးတယ်။ Ooredoo ကိုယ်စားလှယ်လုပ်မလားပေါ့။ အဲဒီနေရာမှာလည်း အဆင့်သတ်မှတ်ခွဲခြား ထားပါတယ်။ ကိုယ်စားလှယ် ရွှေအဆင့်၊ ငွေအဆင့်၊ ကြေးအဆင့်ဆိုပြီး ရှိတယ်။ ရွှေအဆင့်အဖြစ် သတ်မှတ်တဲ့ဆိုင်ကတော့ Ooredoo ရဲ့ ဆင်းကတ်ကလွဲပြီး အခြား ကတ်ရောင်းခွင့်မရှိဘူး။ သူတို့ဘက်ကလည်း အကောင်းဆုံး အခွင့်အရေး ပြန်ပေးတယ်။ ငွေအဆင့်၊ ကြေးအဆင့်ဆိုတာ ကတော့ Ooredoo ကိုလည်း ကိုယ်စားလှယ်အနေနဲ့ ရောင်းပေးမယ်။ အခြား ဆင်းကတ်တွေပေါ်လာရင်လည်း ရောင်း မယ်။ အဲဒီသဘောပေါ့။ အခွင့်အရေး ရပိုင် ခွင့်ကတော့ နည်းသွားမယ်။ အခုကျတော့ MPT အနေနဲ့ကလည်း (၁၅၀၀)တန် GSM နဲ့ WCDMA တွေလိုသလောက် ရောင်းနေပြီဆိုတော့ Ooredoo အပေါ် ပြည်သူစိတ်ဝင်စားမှုက သိသိသာသာ ကျဆင်းသွားတယ်။ အ၀ယ်မရှိသလောက် ဘဲ။ ဒီလို အော်ပရေတာတွေ အားပြိုင်တဲ့ အခါ MPT ကတော့ လူထုစိတ်ဝင်စားမှု အရှိဆုံးပါပဲ””ဟု ရန်ကုန်မြို့တွင်း Ooredoo နှင့် ရွှေအဆင့်ကိုယ်စားလှယ် ဆိုင်တဆိုင်မှ မန်နေဂျာ ကိုမင်းသန့်က ပြောသည်။

ယခုကဲ့သို့ အထူးရောင်းကိုယ်စားလှယ်များကို Ooredoo မှ ခံစားခွင့်များအဖြစ် ဆိုင်အပြင်အဆင်၊ ကုန်ပစ္စည်းနှင့် ပတ်သက်သည့် ပံ့ပိုးမှုများ၊ Marketing ဈေးကွက်အချို့နှင့် Ooredoo ဆင်းကတ် နှင့် ဟန်းဆက်ပစ္စည်းရောင်းအားအလိုက် ရာခိုင်နှုန်း အချိုးကျခွဲပေးသည့် အခွင့်အရေးများ ပေးထားကြောင်း Ooredoo မှ သိရသည်။

“အခုဟာက စပြောတုန်းကနဲ့ သူတို့လုပ်ပုံက မညီဘူး။ Ooredoo ကတ် တွေရောင်းဖို့လာပြောတုန်းက ရန်ကုန်မှာ ဆိုကြိုက်တဲ့နေရာခေါ် လိုင်းကောင်းစေရ မယ်။ အင်တာနက်လိုင်းလည်း ကောင်းတယ်။ အရောင်းကိုယ်စားလှယ်တွေကို ခံစားခွင့်ကောင်းကောင်းလည်းပေးတယ်။ အဲဒီတော့ ကျွန်တော်တို့လည်း ရောင်းပေး တယ်။ စမ်းသပ်ကာလမှာတော့ လိုင်းက ရေလည်ကောင်းတယ်။ အဆင်ပြေတယ်။ အဲတရားဝင်လုပ်ငန်းလည်းစရော ပြည်သူ ကမကြိုက်တော့ဘူး။ လိုင်းမမိဘူး။ ငွေ ဖြတ်တာ ကြမ်းတယ်။ အဲဒီလိုတွေ ပြော လာပြီး ရောင်းအား လုံးဝကျသွားတယ်။ကျွန်တော်တို့က အထူးအရောင်းကိုယ်စား လှယ်မဟုတ်တဲ့အတွက် နောက်ထပ် ဆင်းကတ်အသစ်တွေထွက်လာရင်လည်း ရောင်းဦးမှာပါ။ သူတို့ပေးတဲ့ အခွင့်အရေး တွေလည်း မလိုချင်တော့ဘူး။ အခု MPT ကတ်တွေကိုပဲ အားလုံးစိတ်ဝင်စားနေတယ်။ Ooredoo ဈေးကွက်ကတော့ မရှိ သလောက်ဖြစ်သွားပြီ”ဟု ကျောက်တံတား မြို့နယ်မှ ငွေအဆင့်အရောင်းကိုယ်စား လှယ် ကိုဇော်မင်းက ပြောသည်။

“ဒီအတိုင်းဆက်သွားမယ်။ ပြည်သူ ကို ၀န်ဆောင်မှု မမြှင့်တော့ဘူးဆိုရင်တော့ MPT ဈေးကွက်က ပိုကျယ်လာနိုင်တယ်။ လက်ရှိမှာလည်း Ooredoo ဈေးကွက်က မရှိသလောက်ကို ဖြစ်သွားပြီ။ Ooredoo ဘက်ကတော့ ဘာဆက်လုပ်ဦးမလဲ မသိ ပေမယ့် လက်ရှိ အခြေအနေကတော့ ကိုယ်စားလှယ်တွေက MPT ဘက်ကို စိတ်အားထက်သန်နေပါတယ်”ဟု ကိုမင်းသန့်က ပြောသည်။

MPT ဆင်းကဒ်များသည် မှောင်ခိုဈေးကွက်တွင် ရောင်းဈေးထက် ၁၀ဆကျော်မကသော ဈေးနူန်းဖြင့် ပြန်လည်ရောင်းချလျက်ရှိသည်။
“နံပါတ်လှတယ်၊ အပူးလေးတွေ ၁ ကဒ် ၂ ပုလင်း..”။ ယင်းမှာ MPT ဆင်းကဒ်ရရှိရေး တိုးဝှေ့နေသော ဖုန်းဆိုင်အရှေ့ လူအုပ်ကြီးအတွင်မှ ထွက်ပေါ်လာသော မှောင်ခိုသမားတဦး၏ အော်သံဖြစ်သည်။
လက်ရှိတွင် Ooredoo ဆင်း ကတ်သုံးစွဲသူဦးရေမှာလည်း ၁ ဒသမ ၃ သန်းကျော်ရှိနေပြီဖြစ်ကြောင်း Ooredoo ထံမှ သိရသည်။

“လက်ရှိ တာဝါတိုင်အသစ် စိုက်ထူမှုတွေ နေ့စဉ်ပြုလုပ်နေတယ်။ ပြည်သူရဲ့ အသံကိုလည်း အမြဲနားထောင်နေတယ်။ အစီအစဉ်အသစ်တွေလည်း ထပ်မံလုပ် ပေးဖို့ရှိတယ်။ အခုကတော့ ပုံမှန်အတိုင်း ဆက်သွားနေပါတယ်။ MPT အနေနဲ့လည်း ပြည်သူ့အတွက်လုပ်တာဆိုတော့ ဘာမှပြောစရာမရှိပါဘူး။ ပြည်သူတွေ အဆင်ပြေရင်တော့ ကောင်းပါတယ်။ အခြား အထွေအထူးထုတ်ပြန်စရာတော့ မရှိပါဘူး။ ကိုယ်စားလှယ်တွေအနေနဲ့ လည်း နှစ်ဦးသဘောတူအစကတည်းက စာချုပ်ချုပ်ထားတာတွေရှိပါတယ်။ ထိုက်တန်တဲ့ အခွင့်အရေးတွေလည်း ပေးနေပါတယ်။ ကျန်တာတော့ သူတို့အပိုင်း ပါ””ဟု Ooredoo မှ ပြန်ကြားရေး တာဝန်ခံ မသီရိကြာညိုက ပြောသည်။

ယခုကဲ့သို့ Ooredoo နှင့် MPT တို့၏ ဈေးကွက်လှုပ်ရှားမှုများကြောင့် ရန်ကုန်ဟန်းဆက် ဈေးကွက်မှာလည်း နှစ်ဆခန့် ရောင်းအား မြင့်တက်သွားပြီး ဈေးနှုန်းများမှာလည်း ပုံမှန်ထက် အနည်းငယ်ပိုနေကြောင်း ပန်းဘဲတန်းမြို့နယ်မှ ဟန်းဆက်အရောင်း ဆိုင်ပိုင်ရှင်တဦးက ဆိုသည်။

စက်တင်ဘာလအတွင်း တယ်လီနောကလည်း ဆင်းကတ်များကို စတင် ရောင်းချမည်ဟု ကြေညာထားရာ မြန်မာ့ ဆက်သွယ်ရေးလောက၏ ပြိုင်ဆိုင်မှုပိုမို ပြင်းထန်လာမည်မှာ သေချာသည်။ လတ်တလောတွင် MPT ၏ ရုတ်တရက်လှုပ်ရှားမှုကြောင့် Ooredoo ငုတ်တုတ်မေ့နေလေသည်။

မြတ်ထွဋ်ကျော်၊ မင်းဇာနည်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>