Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မေမြတ်နိုးအား Miss Asia Pacific World ပြိုင်ပွဲစီစဉ်သူများက အမှုဖွင့်ရန် စီစဉ်နေဟုဆို

$
0
0
သရဖူ အသိမ်းခံရသည့် မြန်မာအလှမယ် အား ပြန်လည်တောင်းပန်ရန် Miss Asia Pacific World 2014 ပြိုင်ပွဲ စီစဉ်သူများက ဗုဒ္ဓဟူးနေ့တွင် ငြင်း ဆန်ခဲ့ပြီး မြန်မာအလှမယ်အား ခိုးမှု ဖြင့်အမှုဖွင့်ရန် စီစဉ်နေသည်ဟု လည်းပြောကြားခဲ့ကြောင်း ကိုရီး ယားတိုင်းမ်သတင်းစာမှ သိရသည်။

ထို့အပြင် မြန်မာအလှမယ် မေမြတ်နိုး ခိုးယူသွားသည့် ၄င်းတို့ သရဖူအား ပြန်လည်ရရှိရန် တရား ဥပဒေအရ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ပွဲစီစဉ် သူများက ထပ်မံပြောကြားခဲ့သည်။

အသက် ၁၆နှစ်အရွယ် မြန်မာ အလှမယ် မေမြတ်နိုးသည် ကိုရီးယား တွင်ကျင်းပခဲ့သည့် Miss Asia Pacific World 2014 ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သူဖြစ်ပြီး ပြိုင်ပွဲအပြီး နောက်တစ်နေ့တွင် ဒေါ်လာ ၉၇၉၅၂၇တန်ကြေးရှိ သရဖူနှင့် အတူ မြန်မာနိုင်ငံသို့ပြန်သွားခဲ့ သည်။

သို့သော် မြန်မာအလှမယ် လေးသည် ''ရိုးသားမှုမရှိသော ရိုင်း စိုင်းသူတစ်ဦး'' ဟုဆိုကာ ကိုရီးယား ပွဲစီစဉ်သူများက သြဂုတ်၂၆ရက်တွင် သူမထံမှ သရဖူအားပြန်သိမ်းကြောင်း ကြေညာခဲ့သည်။

ယင်းကြောင့် မေမြတ်နိုးက စက် တင်ဘာ ၂ရက်တွင် မြန်မာနိုင်ငံ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ယင်း တွင် သူမက ''ကျဆင်းခဲ့ရသည့် သူမ နိုင်ငံ၏ဂုဏ်သိက္ခာအတွက် ပွဲစီစဉ် သူများက တောင်းပန်ရမည်'' ဟု တောင်းဆိုခဲ့ပြီး ''တောင်းပန်မှုပြုလုပ် မှသာလျှင် သူမထံမှ သရဖူကို ပြန် ပေးမည်''ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

သို့သော် Miss Asia Pacific World ပြိုင်ပွဲကို တည်ထောင်သူ ယောင်ချိုင်က ''ဒီကိစ္စတွေအတွက် ရှေ့နေနဲ့ တိုင်ပင်ပြီး ဒီနေ့ပဲ ရဲတပ် ဖွဲ့ကို အကြောင်းကြားသွားမှာပါ''ဟု ပြောကာ ''မေမြတ်နိုးဟာ နတ်သမီး ဝတ်စုံနဲ့ မကောင်းဆိုးဝါးပါပဲ''ဟု လည်း ကိုရီးယားတိုင်းမ်သတင်းစာသို့ ပြောကြားခဲ့သည်။

ယင်းအပြင် မေမြတ်နိုး၏ သ တင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သော ရင်သားခွဲစိတ်ခြင်းနှင့်ပတ်သက် ၍လည်း ချိုင်က မေမြတ်နိုးသည် ခွဲစိတ်မှုပြုလုပ်ခဲ့သည်ဆိုသော ဓာတ် ပုံအထောက်အထားများရှိသည်ဟု ဆိုသည်။

''မေမြတ်နိုးပြောသမျှတွေဟာ အလိမ်အညာတွေချည်းပါပဲ။ သူမ ဟာ ခွဲစိတ်မှုပြုလုပ်ခဲ့ပြီး အဲဒီကုန် ကျစရိတ်ကို ကျွန်တော်တို့ဘက်က ပေးချေခဲ့ရပါတယ်။ သူမ ခွဲစိတ်မှုခံ ယူနေတဲ့ ဓာတ်ပုံအထောက်အထား တွေကို ပြသော်လဲ မေမြတ်နိုးက ဓာတ်ပုံထဲလူက သူမဟုတ်ပါဘူးလို့ ငြင်းဆန်နေကြောင်း'' ချိုင်က ပြော သည်။

''ကျွန်တော့်အထင်တော့ မေမြတ် နိုးအမေက အမှန်တရားကို သူမတို့ အတွက် အကျိုးအမြတ်ဖြစ်အောင် ပြောင်းလဲရာမှာ သူမကို ကူညီနေပါ တယ်။ တကယ်တော့ ဒီကိစ္စလေး ကို သံတမန်ပြဿ နာတစ်ရပ်ဖြစ် အောင် ပြုလုပ်နေတာပါ။ ဒီလိုတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကြီးထွား နေပါပြီ''ဟု ချိုင်က ထပ်မံပြောကြား ခဲ့သည်။

မေမြတ်နိုးသည် မေ ၃၁ရက် တွင် Miss Asia Pacific World 2014 ပြိုင်ပွဲ၌ အနိုင်ရရှိခဲ့ပြီး ထိုသို့ အနိုင်ရရှိမှုကြောင့် စာချုပ်ပါအချက် အလက်များအတိုင်း K- pop စတား တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရ သည်။ ထို့အပြင် ပွဲစီစဉ်သူများက ၄င်းတို့သည် မေမြတ်နိုးနှင့် သူမ၏မိခင်ဖြစ်သူတို့ကို မေမြတ်နိုး၏ တောင်း ဆိုချက်အရ ခွဲစိတ်ကုသမှုခံယူရန် ဘူဆန်မြို့မှ ဆေးရုံတစ်ရုံသို့ ပို့ပေး ခဲ့ကြောင်း ပြောသည်။ သို့သော် ထို အချက်ကို မေမြတ်နိုးတို့သားအမိ က ငြင်းဆိုထားသည်။

မေမြတ်နိုး၏ ဖြေရှင်းချက်တွင် သူမသည် ''ခေါင်းအစခြေ အဆုံး'' အလှအပဆိုင်ရာ ခွဲစိတ်မှုခံယူရန် အတင်းအကြပ်ခိုင်းစေခြင်း ခံခဲ့ရ ကြောင်းနှင့် သူမသည် မည်သည့် ခွဲစိတ်မှုကိုမှ မပြုလုပ်ခဲ့ပါဟု ပြော ခဲ့သည်။

''ကျွန်မက ဒီသရဖူအတွက် ဂုဏ်ယူနေတာမဟုတ်ပါဘူး။ ပြီး တော့ ဒီလိုမျိုးဂုဏ်သိက္ခာမရှိတဲ့ အဖွဲ့ အစည်းတစ်ခုဆီက သရဖူကိုလဲ မ လိုချင်ပါဘူး''ဟု မြန်မာအလှမယ်လေး က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

၂ဝ၁၄ခုနှစ် Miss Asia Pacific World ပြိုင်ပွဲသည် လေးကြိမ်မြောက် ပြိုင်ပွဲဖြစ်ပြီး ထိုပြိုင်ပွဲသည် မကြာ ခဏဆိုသလို အငြင်းပွားမှုများ ပေါ် ပေါက်ရာ ပြိုင်ပွဲတစ်ခုလည်း ဖြစ် သည်။ ၂ဝ၁၁ခုနှစ်ပြိုင်ပွဲတွင်လည်း အလှမယ်ရွေးချယ်ရာတွင် ရှုပ်ထွေး မှုများ ပေါ်ပေါက်ခဲ့သည်ဟု သိရ သည်။

ယင်းအပြင် ပြိုင်ပွဲတာဝန်ရှိ သူများက ပြိုင်ပွဲဝင်အမျိုးသမီးလေး များကို ပြိုင်ပွဲတွင် အောင်မြင်မှုရရှိ ရေးအတွက် လိင်ပိုင်းဆိုင်ရာကို အ သုံးချရန် ကမ်းလှမ်းမှုများရှိသည်ဟု လည်း ပြိုင်ပွဲဝင်အချို့က စွပ်စွဲထား သည်။

သို့သော် ထိုစွပ်စွဲမှုများသည် ကောလာဟလများဟု ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြောကြား ကာ ချိုင်က စွပ်စွဲချက်များကို ငြင်း ဆိုခဲ့သည်။

(Ref: ၃-၉-၂ဝ၁၄ထုတ် ကိုရီးယား တိုင်းမ်သတင်းစာမှ Jung Min-ho ရေးသားသည့် Police may investigate Myanmar beauty queen ကို ဘာသာပြန်ဆိုဖော်ပြပါသည်။)

Democracytoday

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>