Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တရားမ၀င်ကုန်သွယ်မှုများတွင် အရာထမ်းကြီးများ၏ သားသမီး၊ ဆွေမျိုးနှင့် မိတ်ဆွေများ ပါဝင်ပတ်သက် ။

$
0
0
အေးရှားဝေါလ်ဆိပ်ကမ်းတွင် တင်သွင်းလာသည့်ကုန်ပစ္စည်းများ စစ်ဆေးနေသည်ကို တွေ့ရစဉ်။ တရားမဝင် ကုန်သွယ်မှုအုပ်စုများသည် လုပ်ငန်းများ ရပ်ဆိုင်းထားရသည်မှာ ရက်ပေါင်း ၆၀ ခန့်ရှိလာပြီဖြစ်သည်။ ဓာတ်ပုံ-ဟိန်းထက်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၌ တရားမ၀င်ကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည့် အုပ်စုအဖွဲ့များထဲတွင် ယခင်အစိုးရဌာနအသီးသီး၌ တာဝန်ကြီးမားစွာ ထမ်းဆောင်ခဲ့ဖူးသူများ၏ သားသမီး၊ ဆွေမျိုး၊ မိတ်ဆွေများ ပါဝင်ပတ်သက်နေသည်ဟု ကုန်သည်များနှင့် လုပ်ငန်းရှင်များက တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသို့ သတင်းပေးပို့ထားသည်ဟု အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၂ ရက် တွင် မဇ္ဈိမကို ပြောကြားလိုက်သည်။

ဆိပ်ကမ်းများတွင် တရားမ၀င်ကုန်သွယ်မှု ဆောင်ရွက်နေသည့် အုပ်စုများသည် မိုဘိုင်းအဖွဲ့ ၀င်ရောက်ချိန်မှ စတင်၍ ၎င်းတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းထားပြီး အခြေအနေကို စောင့်ကြည့်လျက်ရှိသည်ဟု ကုန်သည်များနှင့် လုပ်ငန်းရှင်အချို့က တရားမ၀င်ကုန်သွယ်မှု တားဆီးရေး ဗဟိုကော်မတီကို သတင်းပေးပို့ထားသည်။

ယင်း တရားမ၀င်ကုန်သွယ်မှုအုပ်စုများသည် လုပ်ငန်းများ ရပ်ဆိုင်းထားရသည်မှာ ရက်ပေါင်း ၆၀ ခန့် ရှိလာပြီဖြစ်သည့်အတွက် အကျပ်အတည်းများဖြစ်နေပြီး ၎င်းတို့ကို အလုပ်အပ်နှံထားသည့် လုပ်ငန်းရှင်များက ပစ္စည်းများ အချိန်မီ မရောက်ရှိသည့်အတွက် လျော်ကြေးတောင်းခံမှုများ စတင်ဖြစ်ပေါ်နေသည်ဟု ဆို သည်။

ထိုသို့ အကျပ်အတည်းများ ဖြစ်ပေါ်လာခြင်းကြောင့် တရားမ၀င်အုပ်စုများသည် ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများကို အပြင်းအထန်ရှာဖွေလျက်ရှိပြီး ယင်းအုပ်စုများ၌ အစိုးရဌာနအသီးသီးမှာ တာဝန်ကြီးမားစွာ ထမ်းဆောင်ခဲ့ဖူးသူများ၏ သားသမီး၊ ဆွေမျိုးနှင့် မိတ်ဆွေများ ပါဝင်ပတ်သက်နေသည်ဟု တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခြင်းဖြစ်သည်။

“တရားမ၀င်ကုန်သွယ်မှုက ရန်ကုန်ဆိပ်ကမ်းတွေမှာ နယ်စပ်တွေလို ရှောင်ကွင်းလမ်းမရှိဘူး။ ဒီတစ်လမ်းပဲ ရှိတယ်။ အဲဒီတော့ သူတို့တွေက ဘယ်လိုမှ လုပ်လို့ မရဘူး။ မိုဘိုင်းအဖွဲ့တွေကလည်း ၂၄ နာရီလုံး စောင်ကြေည့် စစ်ဆေးနေတယ်”ဟု ၎င်းက ပြောသည်။

ယင်းအခြေအနေကြောင့် ဆိပ်ကမ်းအသီးသီး၌ မိုဘိုင်းအဖွဲ့ဝင် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ တာဝန်ခံများကို လုပ်ငန်းဆောင်ရွက်ရာတွင် လစ်ဟာမှု မရှိစေရေး၊ ဥပဒေညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာ ဆောင်ရွက်စေရေးစသည့် အသေးစိတ် ရှင်းလင်းညွှန်ကြားမှုများ ပြုလုပ်ထားသည်ဟု ဆိုသည်။

တရားမ၀င်ကုန်သွယ်မှုများ တရားဝင်လမ်းကြောင်းပေါ် ရောက်ရှိလာစေရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ တိုက်ရိုက်ကြီးကြပ်မှုဖြင့် ၂၀၁၄ ခုနှစ် ဇူလိုင် ၂ ရက်မှ စတင်၍ မိုဘိုင်းအဖွဲ့များ ထားရှိကာ စစ်ဆေးဆောင်ရွက်နေခဲ့ခြင်းဖြစ်သည်။

Mizzima

Viewing all articles
Browse latest Browse all 32865

Trending Articles


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗိုလ်အောင်ဒင် မူပိုင်ခွင့်ကိစ္စ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


မြစ်ဆုံကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပြော (ရုပ်/သံ)


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>