Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

" သမိုင်းတရားခံ " - ရေးသူ-ဆရာတော်ဝီရသူ

$
0
0
မြန်မာနိုင်ငံသာသနာရေးလောက၊ဘာသာရေးရေးလောကမှာ အကြီးဆုံးအဖွဲ့ကြီးဖြစ်တဲ့ နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ ဝင်ဆရာတော်များရဲ အမှားမှားအယွင်းယွင်း လုပ်ဆောင်နေမှုများအကြောင်းနဲ့ အဂတိ လိုက်စားမှုများအကြောင်းကို ရှင်ရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း မြင်အောင်ရေသားထားတဲ့ " သမိုင်းတရားခံ "လို့အမည် ပေးထားတဲ့စာတမ်းတစောင်ကို အင်တာနက်ဝက်ဆိုင်တွေပေါ် တင်ထားတာကို ရှားရှားပါးပါးဖတ်ရပါတယ်။ ရေးသူကတော့ မကြာခင်ကမှ မြစ်ကြီးနားအကျဉ်းထောင်ကလွတ်မြောက်လာခဲ့တဲ့ မန္တလေး မစိုးရိမ်တိုက်သစ် ၊သဟာယကျောင်း ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ခ) ဆရာတော်ဝီရသူ ဖြစ်ပါတယ်။

သံဃာ့နာယကအကြောင်း အတွင်းကျကျသိလိုသူများနဲ့ ပြုပြင်လိုသူများ ဖတ်သင့်တဲ့ စာတမ်းတခုဖြစ်ပါတယ်။ ဆရာတော်ရဲ့ ရေးသားတင်ပြချက်တွေဟာ ရဲဝန့် ပြတ်သားလှပါတယ်။ ဟုတ်သည်မဟုတ်သည်မှန်သည်မှားသည်ကတော့မိမိဉာဏ်ဖြင့်ဆင်ခြင်သုံးသပ်ဘို့ အကြံပြုပါတယ်။နောက်ဆုံးမှက်ချက်အနေနဲ့ ဆရာတော်ကဒီစာတမ်းရေးရခြင်းရဲ့ ရည်ရွယ်ချက်ကိုတင်ပြထားပါတယ်။

"ကျွန်ုပ်သည် ကျွန်ပ်၏ အနာဂတ်သာသနာအတွက် သည်စာတမ်းကို ပြုစုပါသည်။ အတ္တကြီး၍ သဘောထား အမြင်ကျဉ်းလျင် စုဖုရားလတ်လို ပယ်ချနိုင်ပါသည်။ အတ္တပါးလွှာ၍ အမြင်ကြီး အမြင်ကျယ်ပါမူ အပြုသဘောနှင့် ဝေဖန်အကြံပြု၍ အနာဂတ်သာသနာ၏ အခြေခံအုဋ်မြစ်ကို စနစ်တကျ ခိုင်မာအောင် လုပ်သင့်ပါသည်။ အကယ်၍ ရောဂါပေါင်းစုံဝင်ရောက်နေသည့် ဂီလာနသာသနာကို အချိန်မီ မကုစားပါလျင် သမိုင်း၏ တရားခံသည် စုဖုရားလတ်ပင် ဖြစ်ပေမည်။ သမိုင်း၏ လက်ညှိုးထိုး ကျိန်ဆဲမှုကို ခံရပါလိမ့်မည်။ သာသနာကြီး နာတာရှည်ရောဂါဆိုးကြီးဖြင့် ပျက်စီးရပါလိမ့်မည်။ သည်လို့ ဆိုရင် သမိုင်း၏တရားခံအစစ် သည် သင်ကိုယ်တိုင် ဖြစ်ပလိမ့်မည်။

ကျွန်ုပ်သည် သည်စာတမ်းကို မော်စကိုမြို့မှာ ရေးသားပါသည်။ သည်စာမူထွက်ရှိလာသည့်အခါ စနစ် မပြောင်းသေးလျင် တခေါက်ဂျောင်း ရပေဦးမည်။ ထိုအခါ မော်စကိုသို့ ဒုတိယမ္ဗိ ခြေဦးလှည့်ခွင့်ပေးတော် မူသော ဆရာကြီးများကို ကျေးဇူးတင်ရပေဦးမည်။"

မဟန အဖွဲ့ ကြီးအတွင်း၌ မဟာယနအချိုးချိုးနေသော ပါရာဇိကဂျိုးကြီးများပါဝင်နေတယ်
လို့ ----မစိုးရိမ်ဆရာတော်က ထုတ်ထိုးအိုးပေါက် ဝေဖန်ဖွင့်ချပြခဲ့ပါတယ်။
79811789-wirathu-dhamma



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>