Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဒဏ်ရာရဘောလုံးသမားတွေအတွက် လူနာတင်ကားတစ်စီးတောင်မစီစဉ်ပေးနှိင်တဲ့ ဦးဇော်ဇော်

$
0
0

အလှူအတန်းရက်ရော တဲ့ ဦးဇော်ဇော်
ပိုက်ဆံတွေကို အုပ်လိုက် ဝေတဲ့ ဦးဇော်ဇော် (ကောင်မလေးများသာ)
မြန်မာနိုင်ငံဘောလုံးဥက္ကငှ ဦးဇော်ဇော်...
ဒဏ်ရာရဘာလုံးသမားတွေအတွက် လူနာတင်ကားတစ်စီးတောင်မစီစဉ်ပေးနှိင်တဲ့ဦးဇော်ဇော်
လူကိုလူလိုတန်ဖိုးထားစမ်းပါ ခင်ဗျား.....
မော်ရ၀တီနှင့် ကမ္ဘောဇ အသင်းတို့၏ ပဒုမ္မာကွင်း ပွဲစဉ် ဒုတိယပိုင်းတွင် မော်ရ၀တီ ကစားသမား အောင်ဌေးဦးသည် ဒူးဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ရာ ဆေးရုံကား မရှိခဲ့၍ ၁၅မိနစ်ကြာခန့် စောင့်ဆိုင်းခဲ့ရကာ အဆုံးတွင် ကြုံသလို ဆေးရုံသို့ ပို့ဆောင် ခဲ့ရသည်ဟု သိရသည်။

ကမ္ဘောဇ အသင်းက ၆-၂ဖြင့် အနိုင်ရရှိ ခဲ့သည့် အဆိုပါ ပွဲစဉ်တွင် ဒုတိယပိုင်း ပွဲချိန် ၆၃မိနစ်ခန့်၌ မော်ရ၀တီ ကစားသမား အောင်ဌေးဦးသည် ဘောလုံး ယှဉ်လုရင်း ဒူးတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ၎င်းအား ထူးကျော်နှင့် လူစားလဲ အပြီးတွင် ဆေးအဖွဲ့မှ ဒဏ်ရာ ပြင်းထန်သည်ဟု ယူဆကာ ဆေးရုံသို့ ပို့ဆောင်စေရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ပဒုမ္မာ ကွင်းအတွင်း ဆေးရုံကား အဆင်သင့် ရှိမနေခြင်းကြောင့် ၁၅မိနစ် ကြာခန့် စောင့်ဆိုင်း နေခဲ့ရကာ အဆုံးတွင် အခြား အဆင်ပြေသည့် ကားတစ်စီးဖြင့် ကြုံသလို ဆေးရုံသို့ ပို့ဆောင် ခဲ့ရသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ကိုယ်တိုင် တွေ့မြင်ခဲ့ကြသည့် ပွဲကြည့် ပရိသတ်များ အကြား ဝေဖန်သံများ ထွက်ပေါ် လာခဲ့ကာ အားကစား မီဒီယာ တစ်ဦးကလည်း "ဆေးရုံကား မရှိဘူး ဆိုရင်တောင်မှ ပွဲတွေမှာ ဒဏ်ရာ ပြင်းထန်ခဲ့ရင် ဘယ်ဆေးရုံကို ဘယ်လို ပို့ဆောင်မယ် ဆိုတာမျိုး ကြိုပြီး စဉ်းစားစီစဉ် ထားသင့်ပါတယ်။ အခုတော့ ကစားသမားက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေတာတောင် ဘာကို ဘယ်လို လုပ်ရမှန်းမသိ၊ ဆေးရုံကားလည်း မရှိနဲ့ ဖြစ်ခဲ့ရပါတယ်၊ အသက် အန္တရာယ် ရှိနိုင်တဲ့ ထိခိုက်မှုမျိုး ဖြစ်နေရင် ဘယ်လို လုပ်ကြမလဲ" ဟု ဖွင့်ဟ ပြောကြားခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ကလည်း အောင်ဆန်းကွင်းတွင် ကစားခဲ့သည့် အာဆီယံ လူငယ် ပြိုင်ပွဲ ပွဲစဉ်တစ်ခုတွင် ထိုင်းကစားသမား တစ်ဦး သတိလစ် သွားခဲ့ရာ ကွင်းအတွင်း ဆေးရုံကား ရှိသော်လည်း ၀င်းတံခါး သော့ခတ်ထား၍ ၅မိနစ်ကြာခန့် စောင့်ဆိုင်း ပြီးကာမှ ကွင်းအတွင်းမှ ထွက်ခွာခွင့် ရခဲ့သည်။ ထို့ကြောင့်လည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသည့် ကစားသမား များအတွက် ကြိုတင် ပြင်ဆင်မှု အားနည်းချက်များ ရှိနေခြင်း အပေါ် ယခုကဲ့သို့ ဝေဖန်သံများ ထွက်ပေါ် ခဲ့ခြင်းလည်း ဖြစ်သည်။

Onesky Oneworld



Viewing all articles
Browse latest Browse all 32865

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>