Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မိကျောင်းကန်သပိတ် မြန်မာအစိုးရ ဘာ့ကြောင့် မဖြေရှင်းတာလဲ(ရုပ်-သံ)

$
0
0

ရက်ပေါင်း ၁၇ဝကျော်ကြာ သပိတ်စခန်းဖွင့်လှစ်ထားတဲ့ မိကျောင်းကန်ဒေသခံတွေရဲ့ ဆန္ဒပြမှု ရပ်တန့်ဖို့နဲ့ သပိတ်လှန်ဖို့အတွက်ကတော့ လွှတ်တော်အမတ် ဦးခိုင်မောင်ရည်နဲ့ လယ်ယာကော်မတီဥက္ကဌ ဦးတင်ထွဋ်တို့ရဲ့ လုပ်ဆောင်ချက်ပေါ် မူတည်နေတယ်လို့ သပိတ်ကိုဦးဆောင်နေတဲ့ မနေနွယ်သန်းက ပြောလိုက်ပါတယ်။ မိကျောင်းကန်ဒေသခံတွေ ဘာကိုလိုချင်နေကြတာလဲ။

သင်္ဃန်းကျွန်းမြို့နယ်ဝေဇယန္တာလမ်းပေါ်က မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ နဲ့ပတ်သက်ပြီး ဆန္ဒပြတာ ၉ကြိမ်၊ သပိတ်စခန်းဖွင့်တာ ၃ကြိမ်ရှိနေတဲ့ ဒေသခံတွေက အစိုးရရဲ့ အာမခံချက် တစုံတရာမရှိဘဲ သပိတ်စခန်း ရပ်ဆိုင်းပေးလိုက်ရင် ပဋိပက္ခတွေဆက်ဖြစ်လာတဲ့အခါ အစိုးရက တရားခံဖြစ်မှာလို့ စွပ်စွဲချင်တယ်လို့ ပြောပါတယ်။

သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်းကို အမှု ၆မှုနဲ့ အလုပ်ကြမ်း ၈လ၊ ထောင် ၂နှစ်ကို စက်တင်ဘာ ၁ဝရက်နေ့က ချမှတ်ခဲ့တဲ့အပေါ် မတရားမှုတွေပါဝင်ပေမယ့် ဥပဒေလေးစားလိုက်နာတဲ့အတွက် ဘာတစ်ခုမပြောချင်ဘူးလို့ ဆိုပါတယ်။ မြန်မာအစိုးရကသာ ဥပဒေလိုက်နာဖို့ တိုက်တွန်းခဲ့ပါတယ်။

မြန်မာစစ်တပ်က အဓမ္မသိမ်းယူခဲ့တဲ့ ဘိုးဘွားပိုင်မြေတွေကို ပြန်ရရှိရေး မိကျောင်းကန်ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်နဲ့ပတ်သက်လို့ ဦးခိုင်မောင်ရည်က စက်တင်ဘာအကုန်မှာ လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းဖို့ရှိတယ်လို့ ဆိုပါတယ်။ သိမ်းဆည်းခံရတဲ့မြေတွေ အစားထိုးပြန်ရဖို့၊ ဒါမှမဟုတ် ထိုက်သင့်တဲ့ လျော်ကြေးငွေရဖို့ ၃နှစ်ကြာ တောင်းဆိုနေမှုကို အာဏာပိုင်တွေက ပြည်ပအထောက်အပံ့နဲ့ လုပ်နေတယ်လို့ စွပ်စွဲနေပေမယ့် လက်တွေ့မှာတော့ ဈေးတွေထဲ အလှူခံပြီး ရပ်တည်နေရတယ်လို့ ဆိုပါတယ်။

မိကျောင်းကန် သပိတ်စခန်းဟာ ၃ကြိမ်တိတိ အဓမ္မဖြိုခွင်းခံခဲ့ရပြီး အခုနောက်ဆုံး တတိယမြောက်အဖြစ် ရက်ပေါင်း ၁၇ဝကျော်ကြာ တောင်းဆိုမှုမှာ လူတစ်ရာလောက်ပဲ ကျန်ပါတော့တယ်။ သပိတ်ကို ဖြိုခွင်းမယ်ဆိုရင်လည်း လည်စင်းခံသွားပါမယ်လို့ မနေနွယ်သန်းက ပြောပါတယ်။
ုKamayut media

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>