Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

စက်တင်ဘာ ၁၁ အကြမ်းဖက်မှု နှစ်ပတ်လည် သမ္မတ Obama တက်ရောက်

$
0
0
အမေရိကန် ပြည်ထောင်စုကို ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခံ ခဲ့ရတာ ၁၃ နှစ်မြောက် အဖြစ် ၀မ်းနည်း ကြေကွဲခြင်း အထိမ်းအမှတ် နှစ်ပတ်လည် အခမ်းအနားနှစ်ခုကို သမ္မတ ဘရာ့ခ် အိုဘားမား တက်ရောက်ပါတယ်။

နယူးယောက်မြို့ ကမ္ဘာ့ကုန်သွယ်ရေးဌာန WTC အဆောက်အဦးနှစ်ခုထဲက တခုကို၊ ပြန်ပေးဆွဲခံရတဲ့ ပထမ ခရီးသည်တင် လေယာဉ်နဲ့ ၀င်တိုက်ခဲ့တဲ့အချိန်မှာ ကျင်းပပြုလုပ်မယ့် သမ္မတအိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်က အစီအစဉ်မှာ သမ္မတအိုဘားမားနဲ့ အတူ သမ္မတကတော် မီရှဲလ် အိုဘားမား၊ ဒုတိယသမ္မတ ဂျိုး ဘိုင်ဒန်တို့လည်း တက်ရောက်ကြပါတယ်။

အဲ့ဒီနောက် အမေရိကန်စစ်ဌာနချုပ် ပန်တဂွန်မှာလုပ်မယ့် အခမ်းအနားကိုလည်း သမ္မတနဲ့ သမ္မတကတော်တို့ တက်ရောက်ကြ ပါမယ်။ ပြန်ပေးဆွဲခံရတဲ့ တတိယ ခရီးသည်တင်လေယာဉ် ပန်တဂွန်စစ်ဌာနချုပ် အဆောက်အဦးပေါ် ပျက်ကျခဲ့တုန်းက လူရာနဲ့ချီ သေဆုံးခဲ့ရတာပါ။

အီရတ်နဲ့ဆီးရီးယားတို့မှာ လှုပ်ရှားနေတဲ့ အစ္စလာမ်စစ်သွေးကြွ IS အဖွဲ့ကို တိုက်ခိုက်နှိမ်နင်းမယ့် မဟာဗျူဟာကို မစ္စတာ အိုဘားမား ဗုဒ္ဓဟူးနေ့က ကြေညာ ခဲ့ပြီးတဲ့နောက် ဒီကနေ့ကျရောက်တဲ့ 9-11 နှစ်ပတ်လည်နေ့မှာ ၀မ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်တွေ ကျင်းပမှာဖြစ်ပါတယ်။

နယူးယောက်မြို့မှာတော့ WTC အဆောက်အဦးတွေကို ၀င်တိုက်ခံ ရပြီးတဲ့နောက် သေဆုံးသွားသူ ၃၀၀၀ နီးပါးရဲ့ မိသားစုဝင်တွေက သေဆုံး သွားသူတွေ ရဲ့ နာမည်တွေကိုဖတ်ပြီး ၀မ်းနည်းကြေကွဲဖွယ် အထိမ်းအမှတ် ကျင်းပကြမှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/september-11-obervance/2446224.html

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>