Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဓမ္မစေတီခေါင်းလောင်းရှာဖွေ ရာတွင် ကိုယ်တိုင်ရေငုပ် ရှာဖွေခဲ့သော ရေငုပ်အဖွဲ့ခေါင်းဆောင်က ခေါင်းလောင်းတွေ့ရှိခြင်းမရှိဘဲ သင်္ဘောပျက်တစ်စီးသာတွေ့ရှိကြောင်း ပြောကြား

$
0
0
ဓမ္မစေတီခေါင်းလောင်းရှာဖွေရာတွင် ကိုယ်တိုင်ရေငုပ်ရှာဖွေခဲ့သူဖြစ်ကာ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ ဦးသန်းညွန့် က ၎င်းတို့အဖွဲ့ရှာဖွေစဉ် ကာလတလျှောက်၌ ခေါင်းလောင်းတွေ့ရှိခြင်း အလျှင်းမရှိကြောင်း၊ သင်္ဘောပျက်တစ်စီးသာ တွေ့ရှိကြောင်း၊ လက်ရှိ သဲစုပ်သင်္ဘောဖြင့် သဲစုပ်နေသည်မှာ ခေါင်းလောင်းတွေ့ရှိသဖြင့် သဲစုပ်နေခြင်း မဟုတ်ကြောင်းနှင့် မိမိတို့သည် ဆလုံလူမျိုးများ မဟုတ်ကြောင်းကို စက်တင်ဘာ ၁၁ ရက် ညနေပိုင်းက ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက် အမှတ် ၉၆၆ ဗိုလ်မြတ်လေး လမ်းနေအိမ်တွင် ပြောကြားခဲ့သည်။

“အဘထက်ကြီးတဲ့သူ တစ်ယောက်ရှိသေးတယ်။ စံလင်းဆိုတဲ့လူ။ အဘက ရေငုပ်ခေါင်းဆောင်၊ ထားဝယ်သား ကော့သောင်းမှာလာပြီး အိမ်ထောင်ကျတယ်။ ရှစ်လပိုင်း တစ်ရက်နေ့မှာ သွားတယ်။ လုပ်ငန်းစတာက ရှစ်ရက်နေ့မှာ စတယ်။ ဘုရားအနေကဇာတင်ပြီးတာနဲ့ ညနေပိုင်းမှာ နှစ်ယောက်တစ်ခါနဲ့ လေးယောက် ငုပ်လိုက်တယ်။ ကျန်တဲ့ ရက်တိုင်းလည်း အဲ့ဒီလိုပုံစံပဲ ငုပ်တယ်။ ရှစ်ယောက်အလှည့်နဲ့ နှစ်ယောက်စီ နှစ်ယောက်စီ ငုပ်တယ်။ ရေက သုံးလံ လေးလံလောက်ပဲ ရှိတယ်။ နုံးက ဒူးလောက်ရှိတယ်။ နုံးပြင်ကြီးပဲ။ မီးပြမီးစိမ်းထွန်းထားတဲ့ အဲဒီနားတဝိုက်မှာပဲ ငုတ်တယ်။ နောက်ထပ် နည်းနည်းငုပ်ပြီးမှ သင်္ဘောပျက်တစ်စီး ဒါပဲတွေ့တယ်။ ခန့်မှန်းခြေ တစ်ပတ်လောက်မှာ သင်္ဘောပျက်တွေ့တယ်။ ပြန်ရောက်တာ အခုဆိုခြောက်ရက်လောက်ရှိပြီ”ဟု ပြောကြားသည်။

ဆက်လက်ပြောကြားသည်မှာ “ဦးစံလင်း က သင်္ဘောထဲမှာပဲ ရှိနေတယ်။ ဦးစံလင်းက သင်္ဘောနားကို သွားခွင့်မပေး။ သင်္ဘောနားကို သွားမယ်ဆိုရင် မင်းတို့နဂါးကိုက်လိမ့်မယ်လို့ ပြောနေတယ်။ အဲဒီပုံစံမျိုးနဲ့ သွားလို့ မရဲဘူးဖြစ်နေတယ်။ သင်္ဘောပျက်တော့ ကျွန်တော်တို့ ဘော်ယာတစ်လုံးချပြီးတော့ ချီထားလိုက်တယ်။ အခုထပ်ထိ မယ်မယ်ရရဆိုရင် ဘာမှမတွေ့ရသေးပါ။ ခေါင်းလောင်းနဲ့ပတ်သက်ရင် ဘာလဲမတွေ့ရသေးပါ။ သောင်တူးစက် ဟိုနားသည်နားမှာ တဝိုက်ပဲ ငုပ်ရတယ်။ ကျန်တဲ့နေရာ ဘယ်နားမှာမှ ငုပ်ခွင့်မရ။ ရေငုပ်ရက် ၂၇ ကျော်တယ်။ ခေါင်းလောင်းနဲပတ်သက်ပြီး ဘာမှလည်း မတွေ့ရ။ သောင်တူးစက်က အောက်ကို ၁၅ ပေလောက်အနက် စုပ်ချလိုက်တယ်။ တွေ့လိုတွေ့ငြားပေါ့လေ။ ရမ်းပြီးတော့ စုပ်တယ်။ ဒီမှာလည်း ဘာမှ မတွေ့ရ။ မြေကြီးထဲမြုပ်နေတဲ့ ကျွန်းသားတစ်ပိုင်းတော့ တွေ့တယ်။ တွေ့လိုတွေ့ငြားသာ စုပ်နေတာ။ ဆယ့်ငါးပေလောက်အောက်က မြေကတအားစေးတယ်။ ဦးစံလင်းပြောတဲ့နေရာမှာ လိုက်စုပ်ရတယ်”ဟု ပြောကြားသည်။

အဆိုပါ ရေငုပ်သမားများ ပြန်လာသည်မှာ မိမိတို့၏လူမှုရေး၊ ကျန်းမာရေးအခြေအနေကြောင့်သာ ပြန်လာခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်အဖြစ် လေးဦးပြန်လာခဲ့ပြီး စက်တင်ဘာ ၁၁ ရက်၌ တစ်ဦးပြန်လာကြောင်း၊ လုပ်ငန်းခွင်အတွင်း ဖုန်းများပိတ်ထားရကာ ဖုန်းပြောခွင့်မပေးကြောင်း၊ ကျန်သုံးဦးမှာ မကြာခင်ပြန်လာမည်ဖြစ်ကြောင်း၊ ဦးစံလင်းမှာ ဗညားလတ်သင်္ဘော၏ ဘုရားခန်းတွင်ရှိကြောင်း၊ မိမိတို့ဆောင်ရွက်ခဲ့သည်မှာ ကုသိုလ်ပြုအဖြစ် အခမဲ့ကူညီခဲ့ကြောင်း၊ ခရီးစရိတ်နှင့် နေထိုင်စားသောက်ရေးများကို စီစဉ်ပေးကြောင်း၊ ယနေ့အချိန်အထိ ခေါင်းလောင်းတွေ့ရှိခြင်းအလျှင်းမရှိကြောင်း၊ သင်္ဘောပျက်တစ်စီးသာတွေ့ကြောင်း၊ တွေ့ရှိသော သဘောင်္ပျက်မှာ ခေါင်းလောင်းကြီးအပေါ်တွင်ရှိသော သဘောင်္မဟုတ်ကြောင်းနှင့် ရေငုပ်သူများမှာ မိမိ၏ မိသားစုဝင်ဆွေမျိုးသားချင်းများသာဖြစ်ပြီး ထားဝယ်သားများသာဖြစ်သည်ဟု ဆိုသည်။
-Eleven media group

Viewing all articles
Browse latest Browse all 32865

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ချစ်စရာ့ မြန်မာ့ဓလေ့


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>