Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဘူတာကြီးအဆင့်မြှင့်တာ ယာဉ်ကြောပိတ်မှု ပြေလည်စေမှာလား၊??(ရုပ်-သံ)

$
0
0

ခုံးကျော်တံတားတွေဆောက်ပြီး ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းလို့ မရဘူးဆိုပြီး အများပြည်သူကြား ဝေဖန်မှုတွေ ညံစီနေချိန်မှာပဲ ရန်ကုန်မြို့နေပြည်သူတွေ အများစု မေ့နေကြတဲ့ ပို့ဆောင်ရေးတစ်ခုကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်လို့ အစိုးရက ကြေညာလိုက်ပါပြီ။

ကုမ္ပဏီသုံးဆယ်ကျော်ကို တင်ဒါခေါ်ယူထားပြီး ရန်ကုန်ဘူတာကြီးအပါအဝင် ကြည့်မြင်တိုင်၊ ပုစွန်တောင်ဘူတာတွေကို အဆင့်မြှင့်တင်တော့မယ်လို့ မြန်မာ့မီးရထားက စက်တင်ဘာ ၁၂ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ရန်ကုန်ဘူတာကြီး ဧရိယာ ၆၃ ဧကကို အဆင့်မြှင့်မှု ပထမစတင်မှာဖြစ်ပြီး အင်ဂျင်နီယာတွေနဲ့ ဒီဇိုင်းရေးဆွဲနေသလို အသစ်ဆောက်လုပ်ရာမှာလည်း ဆိုင်ခန်းတွေ၊ ကားရပ်နားစခန်းတွေပါ ပါဝင်ဖို့ တင်ဒါခေါ်ထားတဲ့ ကုမ္ပဏီတွေကို ပြောထားတယ်လို့ မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောပါတယ်။

(ဦးထွန်းအောင်သင်း - အထွေထွေမန်နေဂျာ၊ မြန်မာ့မီးရထား -အောက်မြန်မာပြည်) file 0482

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ချိန်မှာလည်း ရွာသာကြီးဘူတာကို အဆင့်မြှင့်သွားမှာဖြစ်ပြီး အခုတော့ မီးရထားပိုင်မြေပေါ်က ကျူးကျော်နေထိုင်တဲ့သူတွေကို ဖယ်ရှားဖို့ စာရင်းကောက်နေပြီလို့ ပြောပါတယ်။ မီးရထားဝင်းထဲက ဝန်ထမ်းအိမ်ရာတွေကိုတော့ အခန်းပေး၊ အခန်းယူစနစ်နဲ့ ရွှေ့ပြောင်းသွားမှာဖြစ်ပြီး ကျူးကျော်တွေကိုတော့ တိုင်းအစိုးရ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ လမ်းညွှန်မှုနဲ့ လုပ်သွားမယ်လို့ ဆိုပါတယ်။

ဘူတာကြီး အဆင့်မြှင့်မှုဟာ ကားပိတ်တဲ့ပြဿနာကို ဖြေရှင်းနိုင်ရုံမက ဒေသဖွံ့ဖြိုးရေးကိုပါ တိုးတက်စေမယ်လို့ ဦးထွန်းအောင်သင်းက ဆိုပါတယ်။
Kamayut media

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>