Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၂၀၁၅ ရွေးကောက်ပွဲ ဘာတွေဖြစ်လာနိုင်သလဲ – ထက်မြက်

$
0
0
စစ်အာဏာရှင်တို့သည် မိမိတို့ အကျိုးစီးပွား ကာကွယ်ရေးနှင့် အာဏာကို ဆက်လက် ကိုင်စွဲလိုကြောင်း မျက်နှာဖုံး ခွာချလိုက်သည်မှာ PR ဖြစ်ပါသည်။ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ စနစ်နှင့် ၂၀၁၅ တွင် ပြည်ခိုင်ဖြိုးပါတီက ဆက်လက် လွှမ်းမိုးဖို့ ကြိုးစားခြင်းဖြစ် . . .

၂၀၁၅ ရွေးကောက်ပွဲမှာ PR စနစ်သာ ကျင့်သုံးမည်ဆိုလျှင် ၂၀၁၀ တုန်းကလို မဟုတ်ဘဲ ရွေးကောက်ပွဲ ကော်မရှင်နှင့် အစိုးရတို့သည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးနိုင်လေသည် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သြဂုတ်၂၅ ရက်နေ့ တော်ဝင်နှင်းဆီ ခန်းမတွင် စာပေ အနုပညာရှင်များနှင့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံကြရာတွင် ဒေါ်အောင်ဆန်း စုကြည်က မြန်မာ့နိုင်ငံရေး အခြေအနေမှာ ၂၀၁၅ ထက် ၂၀၁၄ မှာ အရေးကြီးသော နှစ်ကာလ ဖြစ်သည်ဟု ပြောဆို သွားခဲ့လေသည်။ စင်စစ်အားဖြင့် ၂၀၁၀ ရွေးကောက်ပွဲဖြင့် အာဏာ ရယူခဲ့သော သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် ပြည်သူလူထုသည် အစိုးရ အဖွဲ့သစ်ကို စောင့်ကြည့် လာခဲ့သည်။ အနည်းတကာ့ အနည်းစုက အပြောင်းအလဲ ဖြစ်လာ နိုင်သည်ဟု ယုံကြည် ကြသော်လည်း အများတကာ့ အများစု ပြည်သူများကမူ ““ဒီပုတ်ထဲက ဒီပဲ””ဟု ယုံကြည်ကြကာ ဘာတွေဖြစ် လာမလဲဟု စောင့်ကြည့် နေကြလေသည်။ ပြည်သူလူထုကြီးမှာ ရှင်ကြီးဝမ်းလည်း ၀င်ခဲ့ရသလို ရှင်ငယ်ဝမ်း လည်း ၀င်ခဲ့ရသောကြောင့် သူတို့၏ အတွေ့အကြုံ များမှာ မည်သူနှင့်မျှ နှိုင်းမရအောင် များပြားခဲ့လေသည်။ ထို့ကြောင့် ပြည်သူတို့သည် အပြောသက်သက်ဖြင့် အယုံအကြည် မရှိတော့ဘဲ မည်မျှပြုပြင် ပြောင်းလဲနိုင်မလဲ ဆိုသည်ကို လက်တွေ့ကျကျ ရှုမြင်ပြီးမှသာလျှင် ယုံကြည်ကြပေမည်။…

အနောက်နိုင်ငံများကမူ ၂၀၁၅ ကို အဓိက ထားကြ၏။ အမေရိကန် အစိုးရက ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်၊ မဖြစ် ဂရုတစိုက် စောင့်ကြည့်ရမည်ဟုလည်း မှာကြား ထားလေ သည်။ မြန်မာပြည်သူများကမူ ၂၀၁၅ကို စိတ်ဝင်စားမှု သိပ်မရှိလှပေ။ မြန်မာပြည်သူများ စိတ်ဝင်စားပြီး အလေးအနက် ထားကြသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဖြစ်လေသည်။ NLD ပါတီအဖို့ရော၊ ပြည်သူ အတွက်ရော၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း အတွက်ရော ယခင်ကတည်းက လုံးဝ မထောက်ခံ ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် စစ်အစိုးရ ခေတ်လွန် မြန်မာ့နိုင်ငံရေးတွင် အထွတ် အထိပ် ပြဿနာ ဖြစ်လာ၏။ အစိုးရသစ် လက်ထက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလောက် မည်သည့် ပြဿနာကမှ ထိပ်ဆုံးတွင် ရောက်မလာခဲ့ပေ။ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာသော ကာလတွင် စာပေနှင့် စာနယ်ဇင်း သမားများကလည်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို တိုင်ပင် မထားရဘဲ လှုပ်ရှား လုပ်ဆောင် လာကြပါသည်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ၁၉၈၈ ခုနှစ် ကတည်းက အသက်ပေါင်းများစွာပေး တိုက်ပွဲဝင်ခဲ့သော ဒီမိုကရေစီ ရရှိရေး တိုက်ပွဲ၏ အဆက်ဖြစ်ပါသည်။ ယနေ့ မြန်မာ့နိုင်ငံရေး၏ အဓိကလမ်းကြောင်းနှင့် အတောင့်တကြဆုံးမှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် ဒီမိုကရေစီ လမ်းကြောင်းကို မှန်မှန်ကန်ကန် ချီတက်ရေးပင် ဖြစ်ပါသည်။ ထိုအရေးကြီးသော အချက် ၂ ချက်အတွက် အညှာလည်းဖြစ်၊ အရေးအပါဆုံး လည်း ဖြစ်သော ဖြေရှင်းနည်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပင် ဖြစ်သည်။ ပြင်ဆင်ရေးကို တောင်းဆို နေကြ သော်လည်း ပြင်ဆင်လိုက်ရုံဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရှိသွားပြီဟု မဆိုနိုင်ပေ။ စင်စစ်အားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်လိုက်သည်နှင့် လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရုံသာ ရှိသည် ဒီမိုကရေစီ အပြည့် အ၀ မရရှိနိုင်သေးပေ။ စစ်အာဏာရှင် အရိပ်မည်းကြီးကိုလည်း မဖျောက်ဖျက် နိုင်သေးပေ။ ထို့ကြောင့် ဒီမိုကရေစီ ပန်းတိုင် ရောက်ဖို့အတွက် တက်ညီလက်ညီနှင့် တိုက်ပွဲဝင်မှသာ ရရှိနိုင်ပေမည်။ ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲထက် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အန္တိမ ရည်မှန်းချက် ဖြစ်နေပါတော့သည်။

အစိုးရအဖွဲ့သစ် တက်လာချိန်တွင် နိုင်ငံရေး အကျဉ်းသားများကို စတင် လွှတ်ပေးခဲ့သည်။ ဟံသာဝတီ ဦးဝင်းတင် ကိုလည်း လွှတ်ပေးသလို၊ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ လွှတ်ပေးသည်။ ၈၈ မျိုးဆက်များ လွတ်လာ၊ NLD ခေါင်းဆောင်များလည်း လွတ်လာလေသည်။ ယခင်အစိုးရ ထက်စာလျှင် ဖမ်းဆီးသူများ လွှတ်ပေးသည် ဆိုရုံဖြင့် တင်းမာမှုများ လျှော့လာခြင်းသာ ဖြစ်သည်။ ထိုနိုင်ငံရေး ခေါင်းဆောင်များကို မဖမ်းခင်က အခြေအနေမျိုးအတိုင်း ရောက်ရှိလာခြင်းသာ ရှိပါသည်။ တခြား ထွေထွေထူးထူး ပြောင်းလဲသွားခြင်းကား မရှိပေ။ သို့သော် ထိုအခြေအနေမျိုးကိုပင် အနောက်နိုင်ငံများက အပြောင်းအလဲဟု ယူဆ ထားကြလေသည်။ အမေရိကန်သည် အာရှပစိဖိတ်ဒေသကို တရုတ်သြဇာ လွှမ်းမိုးမှု အောက်မှ အမြန်ဆုံး လွတ်မြောက်စေလိုသည်။ သူလည်း တရုတ်နှင့်အပြိုင် သြဇာလွှမ်းမိုး လိုလေသည်။ ထိုအမေရိကန်၏ ရည်ရွယ်ချက်ကို နိုင်ငံရေး သမားများနှင့် ပြည်ချစ် စိတ်ဓာတ်ရှိသူများ သိဖို့လိုသည်။ အမေရိကန် အစိုးရသည် မြန်မာပြည်သူများကို အမေရိကန် ပြည်သူများလို သဘောထား နိုင်မည်မဟုတ်။ တရုတ်နိုင်ငံကလည်း မြန်မာပြည်သူများကို တရုတ်ပြည်သူများကဲ့သို့ သဘောထားနိုင်မည် မဟုတ်ပေ။ နိုင်ငံကြီးများမှာ သူတို့ အကျိုးစီးပွားအတွက်သာ အလေးထားကြလေသည်။ ထို့ကြောင့် ပေးလာသည့် အခြေအနေကို အမိအရ ဖမ်းဆုပ်ဖို့အတွက် အမေရိကန်နှင့် အနောက်နိုင်ငံများက ကြိုက်မရှက်၊ ငိုက်မရှက် အလုအယက် မြန်မာနိုင်ငံထဲ ၀င်ရောက်လာကြခြင်း ဖြစ်ပါသည်။ သူတို့သည် ယနေ့ အုပ်ချုပ်နေသော မြန်မာ အစိုးရ၏ အပြောင်းအလဲသည် ဂငယ်ကွေ့ တစ်ဆစ်ချိုး ပြောင်းလဲသွားသော အပြောင်းအလဲဟု သတ်မှတ်ကြ လေသည်။ စီးပွားရေး တံခါးဖွင့်ဝါဒ ကျင့်သုံးခြင်းနှင့် အတိုက်အခံ နိုင်ငံရေး သမားများအား လွှတ်ပေးခြင်းကို တကယ့် အပြောင်းအလဲကြီးဟု သဘောထားလျှင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်မှာ သိသိသာသာ ထူးခြား ပြောင်းလဲသွားမည် မဟုတ်ပေ။

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲဝင်ရေးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဆုံးဖြတ်လိုက်ခြင်းသည်သာ အပြောင်းအလဲ ဖြစ်ပေါ်ရေးအတွက် လမ်းစတစ်ခု ဖြစ်ကြောင်း စစ်အာဏာရှင်များက သတိမထားမိပေ။ သူတို့ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးသင့်လေသည်။ NLD သည် ၉၀ပြည့် ရွေးကောက်ပွဲ ရလဒ် အကောင်အထည်ဖော်ရေးကို မတောင်းဆိုကြတော့။ ထိုတောင်းဆိုချက်ကိုလည်း စစ်အာဏာရှင်တို့က လုံးဝ အထိခံကြပေ။ စစ်အာဏာရှင်များသည် သေမြေကြီး၊ ရှင်ရွှေထီး (Do or Die) ဇာတ်လမ်းကို ခင်းခဲ့ကြ သည်။ ကတိစကားကို ချိုးဖောက်ကာ ၉၀ ပြည့် ရွေးကောက်ပွဲအနိုင်ရရှိသူကို အာဏာမပေးဘဲ စစ်အုပ်စု အကျိုးစီးပွားအတွက် အာဏာကို ဆက်လက် သိမ်းပိုက် ထားခဲ့လေသည်။ ထို့ကြောင့် သူတို့အာဏာကို ထိပါးနိုင်သော မည်သည့် လုပ်ရပ်၊ မည်သည့် တောင်းဆိုချက်ကိုမျှ ခွင့်ပြုမည် မဟုတ်ပေ။ တိုင်းပြည်အတွက်၊ လူမျိုးအတွက် ဆိုသော သဘောထားမှာ အာဏာကို မစွန့်လွှတ်ရေးဆိုသော သဘောထားလောက် အရေးပါ သည်ဟု သူတို့ယူဆပေ။ ထို့ကြောင့်လည်း စစ်အာဏာရှင်တို့သည် စနစ်တကျပင် မဟာဗျူဟာ ချမှတ်ကာ ၂၀၀၈ ဖွဲ့စည်းပုံကို တည်ဆောက် လာခြင်းဖြစ်ပါသည်။ ထို့ကြောင့် အစိုးရ အဖွဲ့သစ် အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို အမှန်တကယ် ပြင်ဆင်ပေးလိုသော သဘောမရှိသဖြင့်၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၏ အစဦး ဖြစ်သော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တိုက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်က စတင် တိုက်ပွဲဝင် တောင်းဆိုခဲ့ခြင်း ဖြစ်ပါသည်။ NLD သည် မိမိတို့၏ မဟာဗျူဟာများကို ပြောင်းလဲကာ ၂၀၀၈ ဖွဲ့စည်းပုံအား အသိအမှတ်ပြု၍ ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။ လွှတ်တော် အမတ်နေရာ ၄၃ နေရာ ရရှိပြီးနောက် ထူးခြားသော အပြောင်းအလဲကို မျှော်လင့်ခဲ့၏။ အစိုးရနှင့် တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးလိုပုံမရပေ။ တွေ့ဆုံ ဆွေးနွေးဖို့ တိုက်တွန်းခဲ့သော်လည်း လက်မခံခဲ့ပေ။ ထို သဘောထား နှင့် တွေ့ဆုံ ဆွေးနွေးခဲ့လျှင်လည်း ဒေါ်အောင်ဆန်းစုကြည် တင်ပြသည်များကို လက်ခံကြမည့် ပုံမပေါ်ပေ။ ထိုအခြေအနေမှန်ကို ၂၀၁၃ ခုနှစ်လောက် ကတည်းက ဒေါ်အောင်ဆန်းစုကြည် လက်ခံလာပုံရသည်။ သိသိသာသာ ဆုံးဖြတ်လိုက်သည်မှာ ၄ ပွင့်ဆိုင် တွေ့ဆုံရေးကို ခါးခါးသီးသီး ငြင်းပယ်လိုက်ခြင်းက စပါသည်။ အတွေ့အကြုံရှိသော နိုင်ငံရေးသမားများကမူ တွေ့ဆုံဆွေးနွေး ကြသည့်တိုင် ထွေထွေထူးထူး ဖြစ်လာမည်ဟု မထင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ယခုအစိုးရသစ်မှာလည်း ယခင်စစ်အစိုးရ ခေါင်းဆောင်များနှင့် ဘာမျှ မထူးခြားသောကြောင့် ဖြစ်လေသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည် ၈၈မျိုးဆက် ခေါင်းဆောင်များနှင့် ညှိနှိုင်းကာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၏ တံခါးမဖြစ်သော ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို စတင်ခဲ့လေ သည်။ ပြည်သူ ထောက်ခံမှု မည်မျှ ရနိုင်မလဲ ဆိုသည်အားကို စမ်းသပ်လိုက်ခြင်း ဖြစ်ပါသည်။ အချိန်တို ၂လအတွင်း လောက် မှာပင် ပြည်သူလူထု ၅ သန်းက ထောက်ခံ လက်မှတ်ရေးထိုးခြင်းကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်သူ တစ်ရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှု၊ NLD အပေါ် အားထားမှုကို ယုတ်လျော့ မသွားသေးကြောင်း သိသာ ပါသည်။

၂၀၁၅ ရွေးကောက်ပွဲ (၂) ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလှုပ်ရှားမှုကြီး လုပ်လာကတည်းက NLD က အားစမ်း လာပြီးဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်ခိုင်ဖြိုး အစိုးရက နားလည် လာလေသည်။ ထိုအခြေအနေ ကိုလည်း သူတို့ တုံ့ပြန်ဖို့ ကြိုးစားလာကြသည်။ ထိုအတွက် တန်ပြန် လှုပ်ရှားမှုများ ပြုလုပ်လာပါသည်။ မျိုးစောင့် ဥပဒေများကို လွှတ်တော်သို့ တင်သွင်းလာခြင်းမှာ စတင်ထိုးနှက်ခြင်းဖြစ်၏။ တချို့သုံးသပ်သူ များကမူ ယခုဖြစ်ပေါ်နေသော အကြမ်းဖက်မှုများမှာ ၄၃၆ ပြင်ဆင်ရေးကို လမ်းလွဲအောင် လုပ်ဆောင် နေခြင်းဖြစ်သည်ဟု ဆိုကြသော် လည်း ပြည်ခိုင်ဖြိုးပါတီ ပတ်သက်၊ မပတ်သက်၊ အစိုးရက ပတ်သက်၊ မပတ်သက်ကို တိတိကျကျ၊ ခိုင်ခိုင်လုံလုံ ပြော၍မဖြစ်ပေ။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် ၄ ပွင့်ဆိုင် တွေ့ဆုံခြင်းကို ငြင်းပယ်လိုက်ခြင်းက အစိုးရအနေဖြင့် သိသာသော သဘောထားဖြစ်၏။ ၄၃၆ ကို မပြင်နိုင်၊ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ၄၃၆ အရသာ ပြင်နိုင်မည်။ လွှတ်တော်က ပြင်ဆင်ပေးမှသာ ဖြစ်နိုင်မည်ဟု ပြောင်ပြောင် တင်းတင်းပင် သမ္မတက ပြောကြားလာသည်။ ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ် စောင့်ရှောက်ဖို့မှာ တပ်မတော်၏ အဓိက တာဝန်ဖြစ်သည်ဟု ပြောဆိုခဲ့လေသည်။ ၂၅ ရာခိုင်နှုန်းသော တစ်မတ်သား စစ်ဗိုလ် များက လွှတ်တော်တွင် လွှမ်းမိုးထားပြီး သူတို့ သဘောထားမပါဘဲ ပြင်ဖို့ မကြိုးစားနှင့်ဟု ဆိုသည့်သဘော ဖြစ်၏။ ထိုအခြေအနေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က နားလည်ပုံ ရပါသည်။ ထိုအခါ ၂၀၁၄ ခုနှစ်သည် အရေးကြီးဆုံးသော နှစ်ဖြစ်သည်။ တိုင်းပြည်အတွက် အမှန်တကယ်လည်း အရေးကြီးနေပါသည်။ တိုင်းပြည် တစ်ခုလုံး အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များက ကြိုးစားနေကြ၏။ ထိုအခြေအနေသည် မကောင်းသောအရာ မဟုတ်ပေ။ အစိုးရရော၊ လက်နက်ကိုင် အဖွဲ့အစည်းများက အပစ်အခတ် ရပ်စဲမည်။ တစ်ဆက်တည်းတွင် အမျိုးသား စည်းလုံး ညီညွတ်ရေးအတွက် ဆောင်ရွက်မည် ဆိုပါက အလွန်ပင် အားရစရာ ကောင်းပေမည်။

သို့သော် စစ်အာဏာရှင် တို့သည် မိမိတို့ အကျိုးစီးပွား ကာကွယ်ရေးနှင့် အာဏာကို ဆက်လက် ကိုင်စွဲ လိုကြောင်း မျက်နှာဖုံး ခွာချလိုက်သည်မှာ PR ဖြစ်ပါသည်။ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်နှင့် ၂၀၁၅ တွင် ပြည်ခိုင်ဖြိုးပါတီက ဆက်လက် လွှမ်းမိုးဖို့ ကြိုးစားခြင်းဖြစ်သည်။ သူတို့ သြဇာလွှမ်းမိုးသော ပါတီငယ် များနှင့် လက်ဝါးရိုက်ကာ PR ကို တင်သွင်းခဲ့ကြသည်။ ကိုယ်စားလှယ် အများအပြား ရထားသော ပြည်ခိုင်ဖြိုးက အင်နှင့်အားနှင့် ကြိုးစားလာ၏။ PR ကို ပြတ်ပြတ်သားသား တိုက်ပြီး အာဏာပိုင်များကို တုန်လှုပ်သွား စေသည်မှာ တိုင်းရင်းသား ပါတီများနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်ပါသည်။ PR ကို ကျင့်သုံး လိုက်လျှင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အမှန်တကယ် ထိခိုက် သွားစေနိုင်ပါသည်။ ၂၀၁၀ က ကျင့်သုံးခဲ့သော မဲများသူ အနိုင်ရ သမားရိုးကျ စနစ်အတိုင်း ရွေးကောက်ပွဲ ကျင်းပခဲ့လျှင် ကြားဖြတ် ရွေးကောက်ပွဲ တုန်းကအတိုင်း ဖြစ်လာခဲ့လျှင် ပြည်ခိုင်ဖြိုးသည် ၉၀ ပြည့် ရွေးကောက်ပွဲတုန်းက တစည ပြိုလဲ သွားသလို ဖြစ်သွားနိုင်ပါသည်။ အခြေအနေ မဟန်ကြောင်း သုံးသပ်ကြပုံ ရပါသည်။ ထို့ကြောင့် ပြည်တွင်း ပြည်ပ အမြင်လှစေသော PR စနစ်ကို ကျင့်သုံးကြဖို့ ဆောင်ရွက် လာခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့၏ သြဇာခံများမှာ အလံရှူးများ လုပ်လာသည်။ စေ့စပ်ညှိနှိုင်းသည့် ပုံစံဖြင့် အလျှော့ပေး စကားများကို ပြောလာ ကြသည်။ ဘယ်အချက်ကို လျှော့ပေး၊ ဘယ်အချက်ကို ပေးမည်ဟု ပြောင်ပြောင် တင်းတင်းပင် ရေးသား လာသည်ကို တွေ့ရပါသည်။

ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ PR စနစ်သာ ကျင့်သုံးမည် ဆိုလျှင် ၂၀၁၀ တုန်းကလို မဟုတ်ဘဲ ရွေးကောက်ပွဲ ကော်မရှင်နှင့် အစိုးရတို့သည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးနိုင် လေသည်။ ထိုသို့ ကျင်းပပေးမှသာလျှင် နိုင်ငံတကာ၏ အမြင်တွင် အမှတ်ကောင်းရပြီး သူတို့ကို အကူအညီ အထောက်အပံ့များ ဆက်လက် ကူညီနိုင်သလို ပိုမို၍လည်း ကူညီအားပေး နိုင်ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီကာလ တစ်လျှောက်လုံး စစ်အာဏာရှင် ဟောင်းများနှင့် စစ်အုပ်စုသည် သူတို့အပေါ် အမြင် ကောင်းစေရေးနှင့် အပေးအယူ အသာစီး ရစေရေးအတွက် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးနိုင်သည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံတွင် အရေးပါသော စစ်အာဏာရှင် စနစ်ကို အန္တရာယ် ဖြစ်စေသော ဥပဒေ ပုဒ်မများကိုကား ပြင်ဆင်လိမ့်မည် မဟုတ်ပေ။ စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ပြင်ဖို့နေနေသာသာ ၂၀ ရာခိုင်နှုန်း အထိပင် လျှော့ပေးလိမ့်မည် မဟုတ်။ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကိုလည်း ဖျက်သိမ်းပေးမည် မဟုတ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်စေသော ၅၉(စ)ကိုလည်း ပြင်ဆင် ပေးလိမ့်မည် မဟုတ်ပေ။ ယခုအစိုးရ အဖွဲ့သစ်၏ ၃ နှစ်ကျော် အုပ်ချုပ်လာမှုနှင့် သဘောထားကို အကဲဖြတ်ကာ ယခင်အနှစ် ၂၀ကျော်က စစ်အစိုးရ၏ သဘောထားများကို ပြန်လည် သုံးသပ်ကာ အတိုက်အခံများသည် မိမိတို့၏ မဟာဗျူဟာ နည်းဗျူဟာ များကို အလေးအနက် ချမှတ်ဖို့ လိုပါသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲအသာ ရချင်ရနိုင်မည်။ (ကိုယ်စားလှယ် အများစုဖြင့် အစိုးရဖွဲ့နိုင်၊ မဖွဲ့နိုင်ကား မသေချာလှပေ။) သို့သော် ဒီမိုကရေစီ အင်အားစု များမှာ လုံးဝအပေါ်စီး ရလိမ့်မည် မဟုတ်ပေ။ ထိုသို့ မရအောင်လည်း PR လို ရွေးကောက်ပွဲ စနစ်မျိုးဖြင့် NLD လုံးဝ မလွှမ်းမိုးနိုင်အောင် ကြိုးပမ်း အားထုတ်မည်ကား သေချာပါသည်။ ထို့အတွက် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ရှေ့ဆက် ဘာလုပ်ကြမလဲ။ ခိုင်မာ တိကျမှန်ကန်သော ဗျူဟာများကို ချမှတ်ကာ ဒီမိုကရေစီခရီး အတွက် ပြင်ဆင်ဖို့ အချိန်ရောက်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ထက်၂၀၁၄ သည် မြန်မာနိုင်ငံရေးအတွက် အရေးကြီးသော နှစ်ဖြစ်သည် ဆိုသော် လည်း ရွေးကောက်ပွဲ ကော်မရှင်ရော၊ ပြည်ခိုင်ဖြိုးပါတီရော၊ NDF လို ပါတီငယ်လေးများကပါ ၂၀၁၅ အတွက် ပြင်ဆင်နေကြပေပြီ။ ၂၀၁၅ တွင် သူတို့ ချိုးသော မဲအနိုင်ရရေးသာ အဓိက ကျနေလေသည်။ ယခုအချိန်၌ လွှတ်တော်ထဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို မပြောကြတော့ဘဲ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို မသိကျိုးကျွန် ပြုနေကြ၏။ NLD နှင့် ၈၈ မျိုးဆက်များက ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ လက်မှတ် ရေးထိုးပွဲများ ကျင်းပ နေကြသော်လည်း ကျန်ပါတီများကမူ သူတို့နှင့် မဆိုင်သလို PR အနိုင်ရရေးကိုသာ လှုပ်ရှား နေကြလေသည်။ ဒေါ်အောင်ဆန်းစုကြည်က ၄ ပွင့်ဆိုင် တွေ့ဆုံဖို့ အားထုတ်ခဲ့သလို အစိုးရနှင့် စစ်တပ်ကမူ မိမိတို့နှင့် မဆိုင်သလို ရေငုံ နှုတ်ပိတ်နေခဲ့ကြလေသည်။ ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲကိုအာရုံစိုက်အောင်လည်း ကြိုးစား ဖန်တီးကြလေသည်။ ၂၀၁၄ အကုန် ကြားဖြတ်ရွေးကောက်ပွဲကိုပင် စိတ်ဝင်စားစရာဟု ကြားဖြတ် ရွေးကောက်ပွဲမှ မဲဆန္ဒနယ် အားလုံးကို NLD က ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်၍ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တုန်းကလို အားလုံး အနိုင်ရဖို့က သေချာသလောက် ရှိနေလေသည်။ ထိုသို့ အနိုင်ရမှုမှာ ၂၀၁၅ အတွက် လက်ရှိ အာဏာပိုင်များရော၊ ယခင်စစ်အာဏာရှင် ဟောင်း များရော၊ ပြည်ခိုင်ဖြိုးရော၊ တစညရော၊ NDF ရော အားလုံးအတွက် စိုးရိမ်ထိတ်လန့်စရာ ဖြစ်လေသည်။ သူတို့က ၂၀၀၈ ဖွဲ့စည်းပုံပါ စစ်တပ်က ထိန်းချုပ်သော ဒီမိုကရေစီဖြင့်သာ သွားလိုကြသူများ ဖြစ်ပါသည်။ NLD က မဲအပြတ်အသတ်ဖြင့် ၉၀ပြည့် ရွေးကောက်ပွဲ ကလိုသာ အနိုင်ရမည်ဆိုလျှင် ထိုသူများအဖို့ လုပ်ရကိုင်ရ အလွန်ခက်ခဲ သွားမှာ စိုးကြပါသည်။ ထိုသို့ စိုးရိမ် မှုမှာ အာဏာ ဆက်မရမှာ၊ သူတို့အကျိုး စီးပွားများကို ကန့်သတ် ချုပ်ချယ်လာမှာကို စိုးရိမ်ကြခြင်းဖြစ်သည်။ သမ္မတဦးသိန်းစိန် တဖွဖွ ပြောနေသည်ကို လုံးဝ ဂရုမစိုက်ဘဲ Undertable ဖြင့် အဂတိ လိုက်စားနေ သူများ အဖို့လည်း တကယ့် အပြောင်းအလဲကို စိုးရိမ်နေကြပေမည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရပြီး NLD က အုပ်ချုပ်ရေး အာဏာကို ချုပ်ကိုင်နိုင်သည့်တိုင် ပြည်သူလူထု အမှန်တကယ် လိုလား တောင့်တသော အပြောင်းအလဲကြီး ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ NLD ကိုယ်တိုင်လည်း တစ်ဆစ်ချိုးကွေ့ အပြောင်းအလဲကြီးကို ဖန်တီးနိုင်မည် မဟုတ်ပေ။ ယခုရှိနေသည့် NLD ၏ ခေါင်းဆောင်ပိုင်း၊ အင်အားတို့ကို သုံးသပ်ပြီးပြောရလျှင် ထူးချွန် ထက်မြက်သော အစိုးရအဖွဲ့ ဖွဲ့နိုင်ဖို့ မမြင်လှပေ။

သို့သော် မဲများသူ အနိုင်ရရေး ရွေးကောက်ပွဲ စနစ်သာ ၂၀၁၀ ရွေးကောက် ပွဲတွင် ပြည်ခိုင်ဖြိုး အနိုင်ရသလို NLD အနိုင်ရလာပါက အမှန်တကယ် ပြောင်းလဲသော အစိုးရအဖွဲ့တစ်ခု ဖွဲ့စည်းနိုင်ဖို့ကား သေချာ ပါသည်။ ထိုသေချာမှုများထဲတွင် မဆလခေတ်၊ န၀တခေတ်၊ နအဖခေတ်များလောက် လာဘ်ပေးလာဘ်ယူမှု မရှိမှာ သေချာပါသည်။ ထိုခေတ်များတွင် ဖြစ်ခဲ့သော ပြည်သူများကို နှိပ်စက်ညှဉ်းပန်းမှုနှင့် ကြီးနိုင်ငယ်ညှင်းမှုများ မရှိမှာ သေချာပါသည်။ စာပေနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်မှာလည်း ကျီးလန့် စာစားရသလို တထိတ်ထိတ်နှင့် ဖြစ်မနေမှာလည်း သေချာပါသည်။ မပြိုလဲသေးသော စစ်အာဏာရှင် စနစ်ကိုလည်း အတတ်နိုင်ဆုံး ဖြိုလှဲဖို့ ကြိုးစားမှာလည်း သေချာပါသည်။ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားများနှင့်လည်း တွေ့ဆုံပြီး ပြည်ထောင်စု ညီလာခံကြီး တစ်ခုလည်း ကျင်းပမှာ သေချာသည့်အတွက် ၂၀၁၅ ကို ကောင်းမွန်သော ရလဒ် ဖြစ်အောင် ကြိုဆိုကြရပေလိမ့်မည်။

မြန်မာသံတော်ဆင့်သတင်းဌာန

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>