Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ထိုင်းစစ်အစိုးရလက်ထက်တွင် ထိုင်းဘုရင်စနစ်ကို သရော်သူများအား ပိုမိုဖမ်းဆီး

$
0
0
ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်း ကတည်းက ထိုင်းဘုရင်ကိုစော်ကား မှုဖြင့် လူအတော်များများကို တရား စွဲလိုက်ကြောင်း သိရသည်။ ထိုင်းလူ မျိုး ၁၄ ယောက်သည် လေးလအ တွင်းမှာ အဆိုပါပြစ်မှုဖြင့် ကြီးလေး သော ရာဇ၀တ် မှုဖြင့် စွဲချက်တင်ခံရ သည်။

ထိုင်းဘုရင် ဘူမီဘော အဒူရာဒါ ရစ်သည် သက်တော် ၈၆ နှစ်ရှိပြီဖြစ် ပြီး ကမ္ဘာပေါ်မှာ အပြင်းဆုံးအသရေ ဖျက်မှုဖြင့် ကာကွယ်စောင့်ရှောက် ခြင်း ခံထား ရသော မင်းဆက်ဖြစ် သည်။ ဘုရင်၊ မိဖုရား၊ သားတော်၊ သမီးတော် များကို စော်ကားသူ မည် သူမဆို ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်သည်။

လူ့အခွင့်အရေးအုပ်စုများက ဘုရင်၏ အသရေဖျက်မှု ဥပဒေကို ပြန်လည်ပြုပြင် ရန် အတွက် တောင်းဆိုရန် လူအများ၏သဘောထား မှတ်ချက်များ ကို တောင်းဆိုလိုက်သည်။

စစ်တပ်အာဏာ သိမ်းလိုက်သော အခါ ဘုရင်ကိုစော်ကားမှုဖြင့် အကျဉ်းကျခံ ရသော သူများသည် စစ်တပ်က ပစ်မှတ်ထား ဖမ်းဆီးချင်သူများဖြစ် သည်ဟု သူတို့ကဆိုသည်။

ပြီးခဲ့သည့်အပတ်က နိုင်ငံရေး လှုပ်ရှားတက်ကြသူနှစ်ဦးကို ၂၀၁၃ ခုနှစ် ၊ အောက်တိုဘာလက ကပြခဲ့ သော ဘုရင်အကြောင်း ဖော်ကျူး ထားသည် တက္ကသိုလ် ပြဇာတ်ကပွဲ အတွင်း ဥပဒေချိုးဖောက်မှုဖြင့် စွဲချက် တင်ခံရသည်။

အသက် ၂၈ နှစ်ရှိပြီဖြစ်သော ဂီတပညာရှင်တစ်ဦးမှာလည်း ဖေ့စ်ဘုတ်ပေါ် တွင် ဘုရင်ကိုစော်ကားသည့် စကားများ ရေးသားမှုဖြင့် ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရသည်။

ကာကွယ်ရေးဦးစီးချုပ်နှင့် ၀န်ကြီး ချူပ်သစ် ပါရာယွတ်အိုချန်ချာ၏ အပတ်စဉ် ရုပ်မြင်သံကြား မိန့်ခွန်းတွင် ဗိုလ်ချုပ်ပရာယွတ်က ဘုရင်ကို အသရေဖျက်မှုက ကာကွယ်ရေးသည် အရေးကြီးကြောင်း ပြောခဲ့ သည်။

“ဥပဒေက ဘုရင်စနစ်ကို ကာကွယ်ထားတယ်။ ထိုင်းနိုင်ငံရဲ့ အင်အားက ဘုရင် မင်းဆက်နဲ့ တည်ငြိမ် မှုပဲ” ဟုဆိုသည်။

လင်းလင်း

The Ladies News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>