Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကျောင်းသားများတွင် အကြောက်တရားလွှမ်းမိုးနေခြင်းကြောင့် ပညာရေးဥပဒေမူကြမ်း ရှင်းလင်းပွဲ အောင်မြင်မူနည်းပါးဟု ကျောင်းသားသမဂ္ဂဆို

$
0
0
Photo..RFA
ကျောင်းသားများထံတွင် အကြောက်တရားများ လွှမ်းမိုးနေခြင်း ကြောင့် အမျိုးသားပညာရေး ဥပဒေမူကြမ်း ရှင်းလင်းပွဲ အောင်မြင်မှုနည်းပါးသည်ဟု ကျောင်းသားသမဂ္ဂ (တကသ) အဖွဲ့ဝင်များက ဆိုသည်။

စက်တင်ဘာလ ၁၀ ရက်တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်မြေရှိ အဆင့်မြင့်ကွန်ပျူတာ တက္ကသိုလ်ရှေ့ ၌ ပြုလုပ်ခဲ့သည့်အမျိုးသားပညာရေး ဥပဒေကြမ်း၏ လက်ရှိအခြေနေကို ရှင်းလင်းပွဲတွင် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များက အမျိုးသားပညာရေး ဥပဒေကြမ်းကို ရှင်းလင်းမှုပြုလုပ်ရန် ကြိုးပမ်းခဲ့သော်လည်း ယင်းကျောင်းမှ ကျောင်းသားကျောင်းသူများက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမရှိသည့်အတွက် အောင်မြင်ခဲ့ခြင်းမရှိဟု ဦးဆောင်သူများက ဆိုသည်။

“ကျောင်းသားတွေ ဒီလိုဖြစ်မယ် ဆိုတာ ကျွန်တော်တို့ ကြိုတွေးပြီးသား ဒါပေမဲ့ ဒီလောက်ထိ စိတ်ဝင်စားမှု အားနည်းတာကို ၀မ်းနည်းတယ်”ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်း သားသမဂ္ဂမှ ကိုဇေယျာလွင်က ပြောသည်။

တကသ အဖွဲ့ဝင်များက အမျိုး သားပညာရေးဥပဒေကြမ်း၏ လက်ရှိ အခြေအနေကို လာရောက် ရှင်းပြခြင်း သာဖြစ်ပြီး ဆန္ဒပြခြင်း၊ လက်ရှိအာ ဏာရ အစိုးရကို ဆန့်ကျင်နေခြင်း မဟုတ်သည့် အတွက် လာရောက်ပူး ပေါင်းရန် ပြောဆိုခဲ့သော်လည်း ကျောင်းသားများက ပါဝင်ခဲ့ခြင်း မရှိခဲ့ ပေ။ တကသ အဖွဲ့ဝင်များ သွားရောက် ဟောပြောသည့် အချိန်သည် ယင်း တက္ကသိုလ် မှ ကျောင်းသားများ စာ မေးပွဲဖြေနေချိန်လည်းဖြစ်သည်။

အမျိုးသားပညာရေးဥပဒေကြမ်းကို ကျောင်းသားများကို အသိပေးထားခြင်းမရှိဟု ကိုဇေယျာလွင် က ဆိုသည်။ ယင်းဥပဒေကြမ်းကို ကျောင်းသားသမဂ္ဂများ၊ ပညာရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ကွန်ရက် NNER ၊ နိုင်ငံရေး ပါတီများမှ ပညာရေးကွန်ရက်များ၊ လွှတ်တော်အမတ်များဖြင့် အကြိမ်ကြိမ်လေ့လာခဲ့ပြီးနောက် အချက် ကိုးချက်ကို တောင်းဆိုခဲ့ကာ လိုက်လျောမှုမရှိမခြင်း ဆက်လက် တောင်းဆိုသွားမည်ဟု တကသအဖွဲ့ဝင်များက ဆိုသည်။

“ဒီဥပဒေက ကျောင်းသားနဲ့လည်းဆိုင်တယ် ဆရာနဲ့လည်း ဆိုင်တယ်၊ အားလုံးနဲ့ဆိုင်တဲ့ ဥပဒေဖြစ်တဲ့ အတွက် ကျောင်းသားတွေပါဝင်မှု အားကောင်းအောင် ဆက်ပြီးဆောင်ရွက် သွားမှာဖြစ်ပါတယ်” တသကအဖွဲ့ဝင် ကိုဖိုးသားကပြောသည်။

ကျောင်းသားသမဂ္ဂ ၉ ခုပူးပေါင်း ၍ အမျိုးသားပညာရေး ဥပဒေကြမ်းပါ အချက်များ ကန့်ကွက် ဆန္ဒပြမှုကို စက်တင်ဘာလ ၂ ရက်တွင် ဒဂုံ တက္ကသိုလ်တွင်ပြုလုပ်ခဲ့ပြီး ယခုအ ကြိမ်မှာ ဒုတိယ အကြိမ်မြောက်ဖြစ် သည်။ ဆက်လက်၍လည်း တကသ မှဦးဆောင်ကာ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန လက်အောက်ရှိ ကျောင်းများတွင် ပညာပေးဟောပြောမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဟု ဆိုသည်။

အမျိုးသားပညာရေး ဥပဒေကြမ်း နှင့်ပတ်သတ်သည့် ဆန္ဒထုတ်ဖော် မှုများကို ရတနာပုံ တက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ မုံရွာတ က္ကသိုလ်၊ စစ်ကိုင်းတိုင်းဒေသကြီးအ တွင်းရှိ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ၊ ထားဝယ်တက္ကသိုလ်ရှိ ကျောင်းသားသမဂ္ဂများကလည်း ကန့် ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည် ။

သတင်း - စစ်ထက်အောင်

The Ladies News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ချစ်စရာ့ မြန်မာ့ဓလေ့


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>