Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဖေ့စ်ဘုတ်၏ ဈေးကွက်တန်ဖိုး ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်အထိရှိလာ

$
0
0
ဖေ့စ်ဘုတ်ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးမှာ ဒေါ်လာဘီလီယံ ၂၀၀ ကျော်ထိ မြင့် တက် ခဲ့ပြီး ကမ္ဘာ့အကြီးဆုံးကုမ္ပဏီစာရင်းဝင်ဖြစ်လာခဲ့သည်။ ဖေ့စ်ဘုတ်က ကုမ္ပဏီ၏ ၃ လပတ် ၀င်ငွေအားကြေညာပြီးနောက် ရှယ်ယာဈေးမှာ ဇူလိုင် လနှင့် ယှဉ်လျှင် ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ဘလွန်းဘက်သတင်းဌာန၏ အစီရင်ခံစာအရ ဖေ့စ်ဘုတ်၏ ဈေးကွက်တန်ဖိုးမှာ ဒေါ်လာ ၂၀၀.၆ ဘီလီယံ ရှိပြီး ကမ္ဘာ့ အကြီးဆုံးကုမ္ပဏီစာရင်းတွင် အဆင့် ၂၂ ရှိကာ တိုယိုတာ ထက် ပိုများသည်ဟု ဆိုသည်။

ယခုနှစ် ဒုတိယ ၃ လပတ်တွင် ဖေ့စ်ဘုတ်၏၀င်ငွေမှာ ၆၁ ရာခိုင်နှုန်း တိုး လာပြီး ဒေါ်လာ ၂.၉၁ ဘီလီယံရှိကြောင်း ဇူလိုင်လကုန်ပိုင်း က ကြေညာ ခဲ့သည်။ မိုဘိုင်းကဏ္ဍမှဝင်ငွေမှာ ယခင် ၃ လပတ်က ၅၉ ရာခိုင် နှုန်းရှိရာမှ ၆၂ ရာခိုင်နှုန်းထိ မြင့် တက်လာခဲ့သည်။ ဖေ့စ်ဘုတ် အမှုဆောင်ချုပ် မက်ဇူကာဘက် မှာ ကမ္ဘာပေါ်တွင် ၁၃ ဦးမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ဇူကာဘက်က မိုဘိုင်းကြော်ငြာလုပ်ငန်းအား ကုမ္ပဏီ ၏ အဓိက စီးပွားရေး အဖြစ် ဆောင်ရွက် ရန် ဆုံးဖြတ်ခဲ့သည်။

ကုမ္ပဏီ ဘုတ်အဖွဲ့တွင် မဲပေးခွင့် ၆၁.၆ ရာ ခိုင်နှုန်းအထိ ရရှိထားသည့် ဇက်ကာဘက်၏ ကြွယ်ဝမှုမှာ ဒေါ်လာ ၃၄.၅ ဘီလီယံရှိသည်။ ဖေ့စ်ဘုတ် ရှယ်ယာဈေးမှာ ၁ နှစ်အတွင်း ၈၀ ရာ ခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သဖြင့် ဇက်ကာဘက်၏ ကြွယ်ဝမှုမြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ဖေ့စ်ဘုတ်တွင် ပျမ်းမျှကြော်ငြာခနှုန်းများမှာ ၂ ဆ ကျော်တက် လာခဲ့ပြီး ၂၀၁၃ ခုနှစ်၏ ကမ္ဘာ တစ်ဝန်း ဒီဂျစ်တယ်ကြော်ငြာဝင်ငွေ၏ ၅.၈ ရာခိုင်နှုန်းအား ဖေ့စ်ဘုတ် က ရရှိ ခဲ့သည်။

KHTun

The Ladies News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>