Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အာရှနိုင်ငံများတွင် အစိုးရထက် မိဘက ပညာရေးစရိတ် ပိုစိုက်ထုတ်နေရ

$
0
0

အရှေ့အာရှဒေသတွင် အစိုးရ များ၏ ပညာရေးအသုံးစရိတ် နည်းပါးခြင်းက မိသားစုများ၏ အသုံးစ ရိတ်အား ပိုမိုစေပြီး သားသမီးများ ကောလိပ် တက်နိုင်ရေး အတွက် မိဘများအပေါ် ၀န်ပိစေသည်ဟု ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာ တစ်ခုတွင် ပါဝင်သည်။

ပညာတတ်လူဦးရေ များပြားခြင်းက လူအဖွဲ့အစည်းအတွက် အကျိုးရှိစေသော် လည်း ပညာရေး ရလဒ်များ မြင့်မားစေရန် ကုန်ကျစရိတ်ကြီးမား သော ကျူရှင်များကို အထောက်အကူပြုနေရသည်ဟု ဆိုသည်။ ဒေသတွင်းရှိ အစိုးရ များအတွက် စိန်ခေါ် ချက်မှာ ပါရမီရှင် ကလေးများ အတွက် အဆင့်မြင့် ပညာရေး သယ်ယူနိုင်ခွင့်ရှိaသာ ပိုမိုကောင်းမွန်သည့် ပညာရေးစနစ် တည်ဆောက်နိုင်ရေးဖြစ်သည်။

“အရှေ့အာရှနိုင်ငံများတွင် အစိုးရ၏ ပညာရေးအသုံးစရိတ်နည်းပါးသဖြင့် ကုန်ကျစရိတ်အား မိဘနှင့် မိသားစုက ကျခံနေရသည်။ ထိုအချက်မှာ အရှေ့ အာရှနိုင်ငံများအတွက် နာတာ ရှည်ရောဂါတစ်ခုဖြစ်လာနေသည်”ဟု အစီရင်ခံစာ တွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံတွင် ပညာရေးအသုံး စရိတ်၏ ၃၀ .၅ ရာခိုင်နှုန်းအား ပုဂ္ဂလိက ကဏ္ဍ က ကျခံနေရပြီး တောင်ကိုရီးယားတွင် ပိုမိုမြင့်မားကာ ၃၇ .၂ ရာခိုင်နှုန်းအထိ ရှိသည်။

ဥ ရောပနိုင်ငံများတွင် ပညာရေးအသုံးစရိတ်အား အစိုးရက ကျခံမှုများပြား ပြီး ဆွီဒင်နိုင်ငံတွင် အစိုးရကျခံမှု ၉၇ ရာခိုင်နှုန်းအထိ ရှိသည်။ တက္ကသိုလ်အဆင့် ပညာရေးတွင် ပုဂ္ဂလိ ကကျဆင်းမှုမှာ ဂျပန်တွင် ၆၅ .၅ ရာခိုင်နှုန်းနှင့် ကိုရီးယား တွင် ၇၃ ရာခိုင်နှုန်းအထိ မြင့်မားလျက်ရှိသည်။

ပညာရေးအသုံးစရိတ် မြှင့်တင်ခြင်းက ကျောင်းသားများ၏ စွမ်းဆောင်ရည် အပေါ် အကျိုးရှိစေသော်လည်း အစိုးရအသုံးစရိတ်တွင် ဦးစားပေးခံရခြင်း မရှိပေ။

KHTun

The Ladies News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>