Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဦးစံလင်း ညာတယ် ...နဲ့ ခေါင်းလောင်း ရှာပုံတော် (ရုပ်-သံ)

$
0
0

ရန်ကုန်မြစ်အောက်ကြမ်းပြင်မှာ ရှိနေတယ်ဆိုတဲ့ ဓမ္မစေတီခေါင်းလောင်း ရှာပုံတော်ဖွင့်နေတဲ့ ဦးစံလင်း နာမည်ပျက်နေပြီလား။ ခေါင်းလောင်းကြီးတွေ့ပြီ၊ နဂါးသိုက်က စောင့်နေတယ်၊ ရွှေရောင် နဂါးမင်းနဲ့ ဂန္ဘီရ၊ ဘိုးတော်နဲ့ ဝိဇ္ဇာနည်း ဝိဇ္ဇာဟန် မြန်မာ့ခေါင်းလောင်းကြီး ရှာပုံတော်တွေဟာ စက်တင်ဘာ ၁၂ရက်နေ့မှာ တစ်နိုင်ငံလုံး နိုင်ငံတော်အလိမ်ခံရတဲ့နေ့အဖြစ်ကို ဆိုက်ရောက်နေပြီလား။

ခေါင်းလောင်းရှာဖို့ နောက်ထပ် ရက်တိုးလိုက်တဲ့ ၁၇ရက်လည်း ပြည့်ပြီမို့ ခေါင်းလောင်းမပြောနဲ့ တွေ့ထားတဲ့ သင်္ဘောပျက်တောင် မဆယ်နိုင်တဲ့ ဦးစံလင်းတို့အဖွဲ့ စက်တင်ဘာ ၁၈ရက်နေ့အထိ တူးဖော်ဖို့ အချိန်တိုးတောင်းတယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့က ကမာရွတ်မီဒီယာကို တယ်လီဖုန်းကတဆင့် ပြောဆိုခဲ့ပါတယ်။

ဗိုလ်တထောင်မြို့နယ်က ဓမ္မစေတီခေါင်းလောင်းရှာဖွေရေး သတင်းထုတ်ပြန်တဲ့အဖွဲ့ရဲ့ ရုံးခန်းလည်း တံခါးသော့ခတ်ထားပြီး ဦးစံလင်းဆီက ဘာတစ်ခုမှ သတင်းမရသေးလို့ သတင်းထုတ်ပြန်ဖို့ မရှိဘူးလို့ ဦးနိုင်မင်းအောင်က ဖုန်းကနေတစ်ဆင့် ပြောဆိုပါတယ်။ သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူ ဦးကြည်ဝင်းကတော့ ဦးစံလင်းနည်းတူ ဖုန်းပိတ်ထားပါတယ်။ ကော့သောင်းပြန်သွားပြီဖြစ်တဲ့ ရေငုပ်သမားတွေက ခေါင်းလောင်းတွေ့တယ်ဆိုတာ မဟုတ်ဘူးဆိုတဲ့ ပြောဆိုချက်တွေအပေါ် ဦးစံလင်းတို့အဖွဲ့ နှုတ်ပိတ်နေကြဆဲပါ။

သောင်တူးစက်ပျက်လို့ ခေါင်းလောင်းဆယ်ဖို့ နှောင့်နှေးနေတယ်ဆိုပေမယ့် အခုလို ရက်ခဏခဏရွှေ့နေတာ မကောင်းဘူး၊ သံသယတွေရှိလာစေတယ်လို့ ဒညင်းကုန်းကနေ သာကေတ ကမ်းနဖူးထိ ခေါင်းလောင်းမြင်ရလို မြင်ရငြား လာကြည့်တဲ့ ဦးသိန်းဦးက ပြောပါတယ်။ ခေါင်းလောင်းမတွေ့ဘဲ သင်္ဘောပျက်ပဲတွေ့တယ်ဆိုရင် မပိုင်ဘဲလုပ်တယ်လို့ သူယူဆပြီး အကောင်းဆုံးက ပွင့်ပွင့်လင်းလင်း သတင်းထုတ်ပြန်စေချင်တယ်လို့ ဆိုပါတယ်။

ရေငုပ်သမားတွေက ခေါင်းလောင်းမတွေ့ဘူးလို့ သတင်းတွေထွက်နေပေမယ့် ဦးစံလင်းကိုယ်တိုင် ရှာမတွေ့ဘူးလို့ပြောမှ ယုံလို့ရမယ်လို့ ဆိုလာသူက သာကေတဒေသခံ ဦးခင်မောင်ရင်ပါ။ အစိုးရက တရားဝင်ခွင့်ပြုချက်နဲ့ ရှာတာကြောင့် ဒီကိစ္စဖြစ်မလာခဲ့ရင် ပြည်သူကိုလိမ်ညာတာဖြစ်တယ်၊ အခုအချိန်ထိ သူ့ငွေနဲ့သူလုပ်တယ်ဆိုရင်တော့ ဝေဖန်ပိုင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။ ပြောတဲ့အတိုင်းဖြစ်မလာရင်တော့ လိမ်လည်မှုပါပဲလို့ ပြောပါတယ်။

Kamayut media

Viewing all articles
Browse latest Browse all 32865

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ချစ်စရာ့ မြန်မာ့ဓလေ့


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>