၎.၉.၂ဝ၁၄ ရက်နေ့တွင် ပြည်မြို့တဖက်ကမ်း ပန်းတောင်းမြို့နယ်ရှိ ပရဟိတတောင်ကုန်းထက် တွင် တည်ထားကိုးကွယ်နေသည့် "မဟာပဏီတ ပရဟိတအောင်တော်မူစေတီ” တည်ဆောက်ရေး လုပ်ငန်း ခွင်သို့ ဥက္ကဌ ဦးကျော်သူ၊ ဇနီး ဒေါ်ရွှေဇီးကွက် တို့နှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ပရဟိတ လူငယ်မျိုးဆက်သစ်များသည် (၄) ကြိမ်မြောက်အဖြစ် စေတီတော်အတွက် လုပ်အားဒါနပြု ခဲ့ကြသည်။ ထို့ပြင် အလှူငွေနှင့် ဓါတ်တော်လှူဒါန်းကြသော အလှုရှင်များသည်လည်း နာရေးကူညီမှု အသင်း(ရန်ကုန်) မှ ပရဟိတလူငယ် မျိုးဆက်သစ်များနှင့် ပူးပေါင်း၍ အုတ်ခဲများ၊ ကျောက်တုံးများ၊ ဘိလပ်မြေများအား လက်ဆင့်ကမ်း၍ ဘုရားပေါ်ရှိလုပ်ငန်းခွင်သို့ သယ်ဆောင်ပေးခြင်းတို့အား စေတီ တော်ကြီး အမြန်ဆုံး ပြီးစီးနိုင်ရေးအတွက် အင်တိုက်အားတိုက် ပေးဆပ်၍ ကုသိုလ်ယူခဲ့ကြသည်။ ထို့ပြင် စေတီတော်ကြီး တည်ဆောက်ရေးအတွက်၎င်း၊ မဟာဗောဓိပင်အား ဂြိုလ်တိုင်ဘုရားများ သီတင်းသုံးရန် အတွက် အုတ်ရိုး တံတိုင်း တည်ဆောက်ရေးအတွက်၎င်း လုပ်အားဒါနများပေးခဲ့ကာ လိုက်ပါလုပ်အားပေး ကြသော နာရေး ကူညီမှုအသင်း(ရန်ကုန်) မှ ပရဟိတလူငယ် မျိုးဆက်သစ်များသည် လုပ်ငန်းခွင်ပြီးစီး သည့်အချိန်တွင် အလှူငွေလှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။ စေတီတော်ကြီး၏ အင်္ဂါထောင့်ရှိ "နဂါးရုံ" မြတ်စွာဘုရား တည်ထား ရာ နဂါးကြီး၏ ဦးခေါင်းတော်ကြီးအား ဝါးငြမ်းပေါ်သို့ တက်ရောက်ကာ ဦးကျော်သူ ကိုယ်တိုင် စိတ်တိုင်းကျ ဆေးခြယ်၍ ကုသိုလ်ယူခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည် ၆.၉.၂ဝ၁၄ ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး၊ ရေစကြိုမြို့နယ်၊ စည်သာစံပြကျေးရွာရှိ "မေတ္တာရှင်" နာရေးကူညီမှုအသင်း ဖွင့်ပွဲအခမ်းအနား သို့ တက် ရောက်၍ ဦးကျော်သူ နှင့်ဇနီး ဒေါ်ရွှေဇီးကွက် တို့မှ ဖွင့်လှစ်ပေးခဲ့ပြီး ဦးကျော်သူမှ "မေတ္တာရှင်" နာရေး ကူညီမှုအသင်းသို့ နိဗ္ဗာန်ယာဉ်၊ အသင်းအဆောက်အဦးနှင့် အခြားသောအလှူရှင်များအား ဂုဏ်ပြု မှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် အပြန်လမ်းတွင် ပခုက္ကူမြို့နယ် ပန်းတိုင်ကျေးရွာ ရှိ "မေတ္တာစိမ့်စမ်း" ဘေးမဲ့ဥယျာဉ်သို့ ဝင်ရောက်လေ့လာ၍ ဦးကျော်သူ နှင့်ဇနီး ဒေါ်ရွှေဇီးကွက် တို့မှ အလှူငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ညောင်ဦးမြို့နယ်၊ တောင်ဇင်းတိုက်နယ် "ကရုဏာ" နာမှု/ လူမှုကူညီရေးအသင်းမှ ပြုလုပ်သည့် “ပေးဆပ်သူတို့နှလုံးသား ပရဟိတစာပေဟောပြောပွဲ” တွင် ဥက္ကဋ္ဌ ဦးကျော်သူ နှင့်အတူ ဦးညီညီအောင် (မိုးမေတ္တာ နာရေးကူညီမှုအသင်း-ပြည်) တို့မှ ပရဟိတနှင့် ပတ်သက် ၍ လက်တွေ့လုပ်ဆောင်မှုများအား ဟောပြောခဲ့ကြသည်။
၈.၉.၂ဝ၁၄ ရက်နေ့တွင် ဦးကျော်သူ နှင့်ဇနီး ဒေါ်ရွှေဇီးကွက် တို့၏ မင်္ဂလာနှစ်ပတ်လည် (၃၃) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပဉ္စဂံစာအုပ်တိုက်မှ ထုတ်ဝေသည့် "ပရဟိတကာချုပ်ကြီးထံ အိတ်ဖွင့် ပေးစာ" စာအုပ်လက်မှတ်ရေးထိုးပွဲအား "ထွန်းဦးစာပေ - ၂" တည်ရှိရာ မန္တလေးမြို့သို့ ခရီးဆက်ခဲ့ကြ သည်။ ယင်း စာအုပ်လက်မှတ်ရေးထိုးပွဲသို့ ဦးကျော်သူ၏ ရုပ်ရှင်ချစ်ပရိသတ်များ၊ စာဖတ်ပရိသတ်များ၊ လူမှုရေးလုပ်ငန်း များမှ ချစ်ပရိသတ်များတို့မှ ဝယ်ယူအားပေးခဲ့ကြသည်။ ယခုကဲ့သို့ ပရဟိတအလုပ်များ မအားလပ်သည့် ကြား မှ အများပြည်သူအတွက် မမောနိုင် မပန်းနိုင် ပေးဆပ်ရင်းမှ သံသရာတွင် မကျွတ် မလွတ်သေးသော သတ္တဝါအပေါင်းတို့အား ရည်မှန်း၍ မြန်မာပြည်သူ/သားများ ဗြဟ္မစိုရ်တရားများ နှလုံး သားဝယ် ကိန်းဝပ်
စေလိုသော စိတ်ဆန္ဒဖြင့် တည်ထားလျှက်ရှိသော “မဟာပဏီတ ပရဟိတအောင် တော်မူစေတီ” အမြန်ဆုံး ပြီးစီးနိုင်ရေးအတွက် အင်တိုက်အားတိုက် ကုသိုလ်ယူနေရင်း နဂါးကြီးကို ဆေး ခြယ်ကု သိုလ်ယူ နေသော ဥက္ကဋ္ဌ ဦးကျော်သူ အား မြင်တွေ့ရသောအခါတွင် ပြည်သူအများစု၏ အာရုံကို ဖမ်းစားလျှက်ရှိ သော ခေါင်းလောင်းကြီးနှင့် နဂါးကြီးအစား "နဂါးကြီးနှင့် ဦးကျော်သူ" ဟူ၍သာ ပြေးမြင်မိ ပါတော့သည်။
သတင်း-ဆောင်းပါး နှင့် မှတ်တမ်း ဓါတ်ပုံများ - နာရေးကူညီမှုအသင်း(ရန်ကုန်)

ဇော်စိုင်း (FFSS)
(မှတ်တမ်း - ဓါတ်ပုံများ)