Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တောင်ကိုရီးယားနိုင်ငံတွင် အင်တာနက်လိုင်းအား ကောင်းလွန်းသဖြင့် အွန်လိုင်းတွင် ထမင်းလက်ဆုံစားမှု ခေတ်စားလာ

$
0
0
တောင်ကိုရိယားသည် ကမ္ဘာပေါ်မှာ မွေးဖွားမှုနုန်း အနည်းဆုံးနိုင်ငံ တခုဖြစ် လာပြီ ဖြစ်သည်။ ပညာရေးစရိတ်များ ကြီးသည့်အတွက် ကိုရီးယားမိသားစု အများစုသည် ကလေးတယောက်သာ မွေးကြသည်။

ကိုရီးယားလူငယ်အများစုကလည်း တယောက်တည်းနေသည့်အတွက် သက်တူ ရွယ်တူ အကြိုက်တူ အကျင့်တူများနှင့် လွယ်လွယ်ကူကူ မည်သို့ ဆက်သွယ် ရမည်ကို နည်းလမ်းရှာနေကြသည်။

ထိုအခြေအနေက စားခြင်း၊ သောက်ခြင်းနှင့် လေ့လာပညာသင်ခြင်းတို့ကို အွန်လိုင်းကသာ လုပ်ကြသော ပတ်ဝန်းကျင်အခြေအနေကို ဆိုက်ရောက် သွားစေသည်။

ဆိုးလ်တွင် နေထိုင်သည့် ကင်ကွန်မင်က ပုံမှန်အားဖြင့် ညစာကို တယောက် တည်းသာ စားသည်။ သို့ သော် တယောက်ယောက်က သူနှင့်အတူ အွန်လိုင်း က စကားပြောပြီး စားလျှင်လည်း သူက ပို၍ ထမင်းမိန်သည်ဟု ဆိုသည်။ သည်လို လုပ်ကြတာကို ကိုရီးယားလို မုခ်ဘန် (စားနေစဉ် ရုပ်သံလွှင့်ခြင်း) ဟု ခေါ်သည်။

“မုခ်ဘန် ကို ကြည့်သူအများစုက ကျွန်တော်လို တယောက်တည်း စားတဲ့ သူတွေ ပါ။ အဲဒါကို ကြည့်ရင် ကျွန်တော်က တယောက်ယောက်နဲ့ စကားပြောရင်း အတူ စားနေရသလိုပဲ."

အဆိုပါ အွန်လိုင်းအသံလွှင့်သည့် လူများသည် သာမန်ကိုရိယား များ ဖြစ်သော် လည်း အွန်လိုင်းမှာ နာမည်ကြီးများဖြစ်လာသည်။ သူတို့ က ကုမ္ပဏီမှာ အလုပ် လုပ်တာထက် ၀င်ငွေကောင်းသည်။ ညစာကို တယောက်တည်း မစားချင်သဖြင့် သူတို့ ကိုယ်တိုင်ကလည်း အွန်လိုင်းတွင် သူတို့ စားသောက်နေပုံကို အသံလွှင့် အစီအစဉ်ကို စတင်ခဲ့ကြခြင်းးဖြစ်သည်။ သူတို့၏ အသံလွင့်မှုကို နှစ်သက်သူ များက လစဉ်ကြေးအနည်းငယ်ပေး၍ ကြည့်ကြရသည်။

အသက်၂၂ နှစ်ရှိ ကင်ဟိုဂျင်က တောင်ကိုရီးယားမှာ ကိုယ်ပိုင် အွန်လိုင်း အသံလွင့် အစီအစဉ်ရှိသူ လူပေါင်းထောင်ကျော်ထဲက တဦးဖြစ်သည်။ နေ့တိုင်း သူက ဈေးဝယ်ပြီး အစားအစာတွေကိုချက်ပြုတ်ကာ သူ့ ပရိသတ်များနှင့် အတူ စားသည်။ ပရိသတိတွေက သူ့ဆီကို ငွေသားနှင့် လှဲလှယ်လို့ ရသော အွန်လိုင်း ပူဖောင်းတွေ ပေးပို့ သည်။

“အမေက အချက်အပြုတ်တော်သူတဦးဖြစ်တဲ့ အတွက် အမေဆီက ဘယ်လို ချက်တယ် ဆိုတာကို သင်ယူခဲ့တယ်။ ကျွန်မကိုကျွန်မ နာမည်ကြီး တယောက်လို ခံစား ရတယ် ကျွန်မသိပ်ပျော်ပါတယ်."

အသံလွင့်အစီအစဉ်ဖြင့် စကားပြောခြင်း၊ ထမင်းအတူစားခြင်းတို့အပြင် တချို့ ကလည်း အရက်သောက်ခြင်း၊ သီချင်းဆိုခြင်းတွေကိုပါ အွန်လိုင်းမှတဆင့် စတင်ပြုလုပ်နေကြပြီဖြစ်သည်။ ကင်ဟိုဂျင်ကဲ့သို့ အချို့  မှာ ထိုသို့ ပြုလုပ်ခြင်းဖြင့် အပြင်အလုပ်လုပ်စ၇ာ မလိုပဲ တစ်လကို ကန်ဒေါ်လာ တသောင်း ကျော် ရနေကြသည်။

ယခုလို အွန်လိုင်းတီဗီချန်နယ်များ ခေတ်စားလာခြင်းက ကိုရီယား၏ အင်တာ နက် လိုင်းအားကောင်းလွန်းမှုကြောင့် လည်းဖြစ်သည်။ တောင် ကိုရီယားသည် ကမ္ဘာပေါ်တွင် အင်တာနက် အသုံးပြုဆုံးနိုင်ငံတခုဖြစ်ပြီး နိုင်ငံလူဦးရေ ၉၈ ရာခိုင်နှုန်း ကို အွန်လိုင်းက ဆက်သွယ်နိုင်ပါသည်။

တချို့ ကျွမ်းကျင်သူများကလည်း မုခ်ဘန် များ ပေါ်ပေါက်လာခြင်းသည် ကိုရိယား ၏ ယဉ်ကျေးမှုကြောင့်လည်း ဖြစ်သည်ဟု ယွန်စီတက္ကသိုလ်မှာ စိတ်ပညာ ပါမောက္ခ တဦးဖြစ်သူ ယီယွန်ရိုဆစ် က ဆိုသည်။

“ကိုရီယားတွေက သူတို့ ကိုလူတွေက ကြည့်နေ အကဲဖြတ်နေတာ လို့ ထင်ကြ တယ်။ သူတို့ ကို သူတို့ တခြားသူကို ဆွဲဆောင်မှု ရှိလာစေချင်တယ်။”

ထို့ ပြင် ကိုရီးယားယဉ်ကျေးမှုတွင် ညစာ သို့ မဟုတ် နေလည်စာကို တစ်ယာက် တည်း စားသူကို လူ့ အသိုင်းအ၀န်းမှ အပယ်ခံ အထီးကျန်သူ ဟု ထင်ကြသည် ဟု သူကပြောပါသည်။

လင်းလင်း

The Ladies News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>