Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မဖြူနှင်းထွေးအား ၈၈မျိုးဆက် ( ငြိမ်း/ပွင့် ) မုံရွာမြို့၊ ဆက်ဆံရေးရုံးခွဲမှ ထောင်ဝင်စာတွေ့ခွင့်ရရန် ကြိုးပမ်း

$
0
0
စက်တင်ဘာလ (၁၈)ရက်၊ မွန်းလွဲ ၁း ၀၀ နာရီက မုံရွာအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသော ဗကသအဖွဲ့ဝင် မဖြူနှင်းထွေးအား ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မုံရွာမြို့ ဆက်ဆံရေးရုံးခွဲ မှ ဒေါ်နု၊ မသင်းသင်းမော်၊ ကိုသန့်ဇင်၊ ကိုဌေးလွင်၊ ကိုနိုင်၊ ကိုကံဆွေတို့က တွေ့ခွင့်ရရန် ကြိုးပမ်းခဲ့ကြသည်။

ထိုသို့ ကြိုးပမ်းခဲ့ကြရာတွင် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) မုံရွာမြို့ ဆက်ဆံရေးရုံးခွဲမှ အဖွဲ့ဝင်များကို မုံရွာအကျဉ်းထောင်တာဝန်ခံ အရာရှိက တွေ့ဆုံကာ အကျဉ်းထောင် လုပ်ထုံးလုပ်နည်းများအရ လူချင်းတွေ့ခွင့်ပြု၍ မရကြောင်း၊ သို့သော် မဖြူနှင်းထွေးအတွက် ယူလာပေးသော အစားအသောက်များကိုတော့ "ပါဆယ်"အဖြစ် ပို့ခွင့်ပြုပေးမည် ဖြစ်ကြောင်း ရှင်းပြသည် ။

၈၈မျိုးဆက် ( ငြိမ်း/ပွင့် ) မုံရွာမြို့ ဆက်ဆံရေးရုံးခွဲမှ အဖွဲ့ဝင်များ ပေးလိုက်သော အစားအသောက်(ပါဆယ်)များ လက်ခံရရှိသည့် မဖြူနှင်းထွေး၏ လက်မှတ်ကို အကျဉ်းထောင်မှ ပြန်လည်ပြသခဲ့သည်။

၂၀၁၄ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် တွင် မဖြူနှင်းထွေးအား ဆားလင်းကြီးမြို့နယ် တရားရုံး၌ ရုံးထုတ် စစ်ဆေးမည်ဟု သိရှိရပြီး ၈၈မျိုးဆက် ( ငြိမ်း/ပွင့် ) မုံရွာ ဆက်ဆံရေးရုံးခွဲမှ အဖွဲ့ဝင်များလည်း တရားရုံးသို့ သွားရောက်မည်ဟု မုံရွာမြို့မှ သတင်းရရှိသည်။

The 88 Generation Peace and Open Society

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>