Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဝင်းမော်ဦး ကျဆုံးတာ ၂၆နှစ်ရှိပေမယ့် အခုထိ အမျှမဝေနိုင်သေး (ရုပ်-သံ)

$
0
0

လွန်ခဲ့တဲ့ ၂၆နှစ်က မြန်မာစစ်တပ်က သွေးထွက်သံယို အာဏာသိမ်းခဲ့လို့ ကျည်ဆန်မှန်ပြီး ကျဆုံးခဲ့တဲ့ ရှစ်တန်းကျောင်းသူ မဝင်းမော်ဦးရဲ့ ရည်လည်ဆွမ်းသွတ်ပွဲကို ရန်ကုန်မြို့မှာ စက်တင်ဘာ ၁၉ရက်နေ့ ကျင်းပခဲ့ပါတယ်။ ဒီမိုကရေစီရမှ အမျှဝေပါဆိုတဲ့ကတိကို ဆုတ်ကိုင်ထားဆဲ ဝင်းမော်ဦးရဲ့ မိဘနှစ်ပါး ဘာ့ကြောင့် အမျှမဝေသေးတာလဲ။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ နိုင်ငံအတွက် အသက်စွန့်ပေးဆပ်ခဲ့ကြတဲ့သူတွေကို တစ်နှစ်တစ်ခါ ဂုဏ်ပြုနိုင်ဖို့ မြန်မာအစိုးရအနေနဲ့ မြေတစ်နေရာပေးသင့်တယ်လို့ မဝင်းမော်ဦးရဲ့ဖခင် ဦးဝင်းကြူက ပြောပါတယ်။ သမီးတောင်းဆိုခဲ့တဲ့ ဒီမိုကရေစီရမှ အမျှဝေပါဆိုတဲ့အတွက် ဒီမိုကရေစီ အပြည့်အဝ မရသေးလို့ အမျှမဝေနိုင်သေးဘူးလို့ သူက ဆိုပါတယ်။

အသက် ၁၆နှစ်အရွယ် အလယ်တန်းကျောင်းသူအဖြစ် ဒီမိုကရေစီအရေးတော်ပုံမှာ ပါဝင်ရင်း အာဏာသိမ်းပြီးတစ်ရက်အကြာမှာ စစ်တပ်က အကြမ်းဖက်ဖြိုခွဲခဲ့လို့ မဝင်းမော်ဦး ကျဆုံးခဲ့ပါတယ်။ နိုင်ငံတကာသတင်းမီဒီယာတွေထိ ပွက်လောရိုက်သွားတဲ့ သွေးတွေရွှဲနေတဲ့ အဖြူအစိမ်းဝတ်ကျောင်းသူလေးကို ဆေးကျောင်းသား နှစ်ယောက်က သယ်ယူရာမှာ တစ်ယောက်ဖြစ်တဲ့ဘ ဒေါက်တာဝင်းဇော်က ၂၆နှစ်ကာလအတွင်း ဘာတစ်ခုမှ မယ်မယ်ရရ မပြောင်းလဲသေးဘူးလို့ ပြောပါတယ်။ သူ့အနေနဲ့ ဝင်းမော်ဦးကျဆုံးခြင်း ဆွမ်းကျွေးကို ပထမဆုံး လာရောက်ခဲ့တာပဲဖြစ်ပါတယ်။

ဒီမိုကရေစီရမှ အမျှဝေပါဆိုတဲ့စကားသံကို အခုထိကြားယောင်နေဆဲ၊ ၂၆နှစ်ပြည့်သည့်တိုင် မမေ့သေးဘူးလို့ ရွှေဝါရောင်ဆရာတော် ဦးပဏ္ဍဝံသက မိန့်ပါတယ်။ လက်ရှိ မြန်မာပြည်ဟာ ဒီမိုကရေစီအရွေ့ကို ဦးတည်နေပေမယ့် ခရီးစဉ်ဟာ ၂၅ ရာခိုင်နှုန်းတောင် မရောက်သေးဘူးလို့ ဆိုပါတယ်။
Kamayut meia

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>