Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လူငယ်မျိုးဆက်တွေကို နေရာမပေးတတ်ရင် အနာဂတ် ဘာတွေဖြစ်မလဲ (ရုပ်-သံ)

$
0
0


နေရာကဏ္ဍအသီးသီးမှာ အတွေ့အကြုံနဲ့ ဖြတ်သန်းမှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါင်းဆောင်မှုနေရာကို အသက်ကြီးသူတွေသာ ယူထားလေ့ရှိတဲ့ မြန်မာပြည်မှာ လူငယ်ခေါင်းဆောင်တွေ ပေါ်လာဖို့အတွက် Global Leadership Summit 2014 ကို စက်တင်ဘာ ၁၉ရက်နေ့က ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်မှုအောက်မှာ နေခဲ့ရတာကြောင့် လူငယ်တွေအတွက် ပြောခွင့်ဆိုခွင့်သာတဲ့ အခြေအနေမျိုး မရှိဘဲ ပြောရဲဆိုရဲတဲ့ လူငယ်တွေကလည်း ခေတ်စနစ်ကို တော်လှန်ခဲ့ရလို့ စွန့်လွှတ်ပေးခဲ့၊ ဆုံးရှုံးနစ်နာခဲ့ရတာမို့ အနာဂတ်မှာတော့ လူငယ်ခေါင်းဆောင်မျိုးဆက်တွေ ပေါ်လာမယ်လို့ မျှော်လင့်တယ်လို့ ပွဲစီစဉ်သူက ပြောပါတယ်။

ရန်ကုန်မြို့ MCC ခမ်းမမှာ ၆ကြိမ်မြောက် ကျင်းပတဲ့ Global Leadership Summit မှာ လူငယ်တွေရဲ့ အခန်းကဏ္ဍ မြင့်တင်လာဖို့ ဟောပြောပွဲတွေ ပါသလို ရန်ပုံငွေ ဈေးရောင်းပွဲတော်လည်း ပါဝင်ပါတယ်။ အဲဒီပွဲကို ခရစ်ယာန်လူငယ်အများအပြား တက်ရောက်ခဲ့ပြီး တေးဂီတအစီအစဉ်တွေလည်း ဖျော်ဖြေခဲ့ပါတယ်။

အဖွဲ့အစည်းတစ်ခုမှာ မျိုးဆက်သစ် လူငယ်ခေါင်းဆောင်တွေကို မွေးထုတ်နိုင်မှပဲ တည်တံ့မှာဖြစ်သလို မြန်မာနိုင်ငံမှာတော့ ခေါင်းဆောင်နေရာယူထားတဲ့ လူကြီးတွေက သေတဲ့အထိ နေရာမဖယ်ချင်တာကြောင့် လက်ဆင့်ကမ်းပေးနိုင်မယ့် သတ္တိမျိုး လိုအပ်နေတယ်လို့ ဦးအောင်သက်ညွန့်က ပြောပါတယ်။

Kamayut media


Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>